ဝေဖန်သူတွေအပေါ် နန်းဆုရတီစိုး ဘယ်လိုမြင်လဲ

0
132

နန်းဆုရတီစိုး နဲ့ ချစ်သူအဆိုတော် G-Fatt တို့က အခုဆို ချစ်သူသက်တမ်း ၂နှစ်လောက်ရှိ လာပါပြီ။ အနုပညာရှင်နှစ်ဦးဖြစ်တဲ့ အတွက် ချစ်တဲ့ ပရိသတ် တွေ တိုးလာသလို၊ ဝေဖန်သူတွေလည်း ရှိတတ် ကြပါတယ်။ ဒီလိုဝေဖန်သူ တွေအပေါ်သူ့ရဲ့သဘောထားအနေနဲ့ကတော့ နန်းဆုရတီစိုးက . . .
“လူဆိုတာကတော့ ၁၀၀% ကတော့ အားလုံးက ကြိုက်နေမှာ မဟုတ် ဘူးလေ။ အဲဒီသဘောတရားကိုတော့ နားလည်ပါတယ်။ ကြိုက်တဲ့ လူလည်း ရှိမယ်။ မကြိုက်တဲ့လူလည်း ရှိမှာပဲ။ ကြိုက်တဲ့လူတွေအတွက် နန်းဆုတို့အ လုပ်ပိုလုပ်ပေးရုံပဲ။ မကြိုက်တဲ့လူတွေလည်း ကြိုက်လာအောင် အလုပ်တွေ ပိုလုပ်ပြရမှာပေါ့။ ဒါပေမဲ့ မုန်းနေတဲ့လူတွေချစ်နေအောင် အထူးတလည်ကြီး လုပ်နေ တာမရှိပါဘူး။ အဲဒါလည်း လူနည်းစုပါပဲ။ နန်းဆုတို့ဥပက်္ခာ ပြုနိုင်ပါ တယ်။ ကိုယ့်အလုပ်အပေါ်မှာ အာရုံစိုက်လိုက်တာနဲ့ အဲဒီ့လူတွေအပေါ်မှာ နန်းဆုတို့ စိတ်မရှိတော့ဘူး။ ကိုယ့်အလုပ်ပဲကိုယ်လုပ်ကြ တာဆိုတော့ နှစ် ယောက်စလုံး ဥပေက်္ခာပြုလိုက်ကြတယ်။ အဲဒီလိုအကျင့်လေးတွေရှိတယ်နဲ့ တူတယ်” လို့ပြောပါတယ်။
နန်းဆုရတီစိုးက ခရီးထွက်ရတာကို ကြိုက်တဲ့အတွက် တစ်လမှာ ၂ကြိမ်၊ ၃ကြိမ်လောက် အလုပ်နဲ့ ဖြစ်စေ၊ မိသားစုနဲ့ ဖြစ်စေ ခရီးတွေ ထွက်လေ့ရှိပါတယ်။ ခရီးထွက်တဲ့ အခါ ဒေသန်္တရဗဟုသုတွေရစေ သလို စိတ်ကိုလည်း အနားယူ စေပြီး လန်းဆန်းတက်ကြွမှုတွေရ စေတယ်လို့ဆိုတဲ့ နန်းဆုရတီစိုးက
“ခရီးသွားရတာ နန်းဆုအတွက် အများကြီး အကျိုးကျေးဇူးရှိစေ တယ်။ နန်းဆုတို့က အလုပ်လုပ်နေတာဖြစ်တဲ့အတွက်၊ ဒီအနုပညာ အလုပ်အပြင်၊ တခြားစီး ပွားရေး အလုပ်တွေလည်း အများကြီးရှိတယ်။ အဲဒီအခါ ကျတော့ စိတ်ဖိစီးမှုတွေတအားများတယ်။ နန်းဆုတို့အလုပ်က လူတွေအများကြီးနဲ့ ဆက်ဆံရတယ်။ လူတစ်မျိုးမှာ စိတ်အထွေထွေရှိတယ်။ အဲဒီလူတွေ အများကြီး နဲ့ အဆင်ပြေအောင်ဆက်ဆံရတဲ့အခါမှာ စိတ်ဖိစီးမှုများ တယ်။ ပြီးရင် ခကျအသာနမ တွေနဲ့ဆက်ဆံရတယ်။ သူတို့အကြိုက် လုပ်ပေးရတာရှိတယ်။ အဲဒီအချိန်တွေဆိုလည်း စိတ်ဖိစီးမှု များတယ်။ ပရိသတ်တွေ အတွက် အလုပ်တွေလုပ်ရတာလည်း ရှိတယ်။ အခုဆို သီချင်းထွက်ရင် လည်း စိတ်ဖိစီးတယ်။ ဒီသီချင်းကို အရမ်း မျှော်လင့်ထားလို့လည်း မရဘူး။ ပရိသတ်တွေကို ပေးတဲ့အခါမှာ လည်း စေတနာထားပြီးအကောင်း ဆုံးကို ပေးမယ်ဆိုတဲ့ စိတ်အပြည့်ရှိ တဲ့အတွက် တအားစိတ်ဖိစီးမှု များတယ်။ နန်းဆုတို့လိုလူ တွေက ပိုခံရတယ်။ အဲဒီလိုလူတွေက များ များခရီး ထွက်ပေးမှ အဆင်ပြေမယ်။ မြို့ပြရဲ့ အဝေးကိုထွက်တာပေါ့။ မြို့ပြထဲမှာ ရှိနေသရွေ့အ လုပ်တွေပဲ စဉ်းစားမိတယ်။ ခရီးထွက်လိုက်ရင် အားလုံး ကိုမေ့ပဲ။ လူအသစ်တစ် ယောက်လို ဖြစ်သွားတယ်။ ရန်ကုန်ပြန်ရောက် ရင်လည်း ပိုပြီးအ ကြံဥာဏ်ကောင်း တွေထွက်တယ်”လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here