မြန်မာရုပ်ရှင် ဇာတ်ကားကြီးမှာ ပါဝင်ခွင့်ရခဲ့တာ အခွင့်ရေးကောင်း တစ်ခုပါ ဆိုတဲ့ ထိုင်းမော်ဒယ် MaeYa Sunssun

0
442

ထိုင်းနိုင်ငံမှာလည်း အနုပညာအလုပ်တွေလုပ်ကိုင်နေသလို မြန်မာ နိုင်ငံမှာလည်း လာရောက်ပြီး အနုပညာအလုပ်တွေ လုပ်ကိုင်လာသူကတော့ ထိုင်းမော်ဒယ် MaeYa Sunssun ပါ။ ဟာသ Video လေးတွေနဲ့လည်း ပရိသတ်တွေချစ်ခင်မှု တွေရရှိထားတဲ့သူကတော့ လက်ရှိမှာ မြန်မာနိုင်ငံ ကိုရောက်ရှိနေပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ Three ရုပ်ရှင် ဇာတ်ကားမှာ မြင့်မြတ်၊ ထက်ထက်ထွန်း၊ နန်းခင်ဇေယျာ၊ ရွေအိမ်စည်စတဲ့ သရုပ်ဆောင်များနဲ့အတူ ပါဝင်သရုပ်ဆောင်နေပါတယ်။ ရုပ်ရှင်ဇာတ်ကား မှာ ပါဝင်သရုပ်ဆောင်ဖြစ်တဲ့အကြောင်းကိုလည်း မော်ဒယ် MaeYa Sunssun က အခုလိုပြောပြခဲ့ပါတယ် ။ “မြန်မာနိုင်ငံကိုရောက်ရှိလာရင် ဘုရားတွေ ဖူးမျှော်ရတာအရမ်း ကိုဝမ်းသာ ပီတီဖြစ်ရပါတယ်။ အခွင့်အရေးရှိလို့ရှိလိုရှိရင် မိဘတွေကိုပါ ခေါ်ပြီး လာဖူးချင်ပါတယ်။ ဒီတစ်ခေါက် မြန်မာနိုင်ငံကိုလာတာကတော့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ရောက်ရှိလာတာပါ။ မြန်မာနိုင်ငံနဲ့အတူ ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့လက်ခံဖြစ် တာကတော့ ကိုယ့်အတွက် အခွင့်အရေးတစ်ခုအနေနဲ့ လက်ခံဖြစ်တာပါ။ လာကမ်းလှမ်းလာတော့ယုံကြည်စွာနဲ့ပဲ လက်ခံဖြစ်ပါတယ်။ အခုလို မြန်မာနိုင်ငံက ရုပ်ရှင်ဇာတ်ကားမှာပါဝင်ခွင့်ရတဲ့အတွက်လည်း အရမ်းကို ၀မ်းသာဂုဏ်ယူမိပါတယ်။ ပါဝင် သရုပ်ဆောင်မယ့် အပိုင်းကတော့ ထုတ်လုပ်ရေးဖက်က လျှို့ဝှက်ချက် တစ်ခုအနေနဲ့ မပြောခိုင်းထားသေးပါဘူး။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး နောက်ပိုင်းကျရင် အသေးစိတ် ပြောပြပါမယ်။ ရိုက်ရက်ကတော့ ငါးရက် လောက်ကြာပါမယ်။ ဒီဇာတ်ကားလေးထွက်လာရင်လည်း ပရိသတ် တွေကိုအားပေးစေချင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။
မြန်မာလူမျိုးတွေအပေါ် သူ့ရဲ့အမြင်ကိုလည်း မော်ဒယ် MaeYa Sunssun က . . .
“မြန်မာနိုင်ငံကလူတွေက ခန်္ဓာကိုယ်တွေလည်း လှကြတယ်။ ပြီးတော့ ၀တ်စားဆင်ယင်မှုတွေလည်း သေသပ်တယ်။ ရုပ်ချောပြီး စိတ် ထားကောင်း ကြတယ်။ အရမ်းလည်းဖော်ရွေကြပါတယ်” လို့လည်း ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်၊
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here