ကလေးသရုပ်ဆောင်ဝင်လုပ်ရင်း ရုပ်ရှင်မင်းသမီး ဖြစ်ရမယ် ဆိုတဲ့ အိမ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့တဲ့ မေမီကိုကို

0
128

မေမီကိုကိုကပျားရည်အိုင် ဇာတ်လမ်းတွဲမှာ မြိုင်အဖြစ် သရုပ် ဆောင်ခဲ့ရာက ပရိသတ်အား ပေးမှုများစွာရရှိခဲ့သူပါ။ သူ့ရဲ့မွေးဖွားရာ ဇာတိကကချင်ပြည်နယ် ဗန်းမော်မြို့ ဖြစ်ပေမယ့် ကရင်တိုင်းရင်းသူတစ်ဦးပါ။ကိုယ့်ရဲ့နယ်မြို့ လေး မှာအမျိုးတွေရှိနေတဲ့အတွက် အလည်အပတ် အနေနဲ့ ပြန်ဖြစ်တယ်လို့ ဆိုပါတယ်။ နယ်မြို့ လေးကနေရန်ကုန်မှာအခြေချနေထိုင်ဖြစ်သွား ပုံကိုတော့ မေမီကိုကိုက . . .
“မေမီငယ်ငယ်က ကချင်ပြည်နယ်မှာ ၄တန်းလောက်ထိနေခဲ့ဖူးတယ်။ အဖေတို့အမေ တို့ ရန်ကုန်မှာစီးပွားရေးပြောင်းလုပ်မယ်ဆိုပြီး ပြောင်းတော့ မေမီတို့လည်းပြောင်းမယ်ဆိုပြီး ၅တန်းကနေ ၉တန်းထိ မေမီတို့နေတယ်။ နယ်ကိုလည်း ပြန်ဖြစ်တယ်။ နယ်မှာလည်းအမျိုး တွေရှိတယ်လေ။ မော်ဒယ်လုပ်မယ်ဆိုမှ ဒီဘက် မှာအခြေကျနေဖြစ်တာ။ နယ်ကိုတော့ အလည် အနေနဲ့ပဲ ရောက်ဖြစ်တော့တယ်။ အခုတလော တော့ ပြန်တာစိပ်တယ်။ ပရဟိတ တွေဆိုလည်း ဗန်းမော်မြို့အတွက် အနုပညာညီအစ်ကိုမောင် နှမတွေနဲ့ သွားလှူဖြစ်တယ်” လို့ပြောပါတယ်။

ကိုယ့်ရဲ့ မွေးရပ်မြေအတွက် တတ်နိုင်သလောက် ပရဟိတတွေလည်းလုပ်ဆောင်သွားမယ်လို့ဆိုပါ တယ်။ မေမီကိုကိုရဲ့ အစ်မဖြစ်သူဇင်ဇင်ရွှန်းက လည်း သရုပ်ဆောင်တစ်ဦးပါ။ ငယ်စဉ်က အစ်မ ဖြစ်သူရိုက်ကွင်းကိုလိုက် သွားခဲ့ရင်းက ကလေး သရုပ်ဆောင်အနေနဲ့လည်း ပါဝင်သရုပ်ဆောင်ခဲ့ ဖူးပါတယ်။ သရုပ်ဆောင်လောကထဲ ရောက်ရှိ လာပုံကိုတော့ . . .
“မေမီ ၅တန်းလောက်တုန်းက မမကသရုပ် ဆောင်စလုပ်နေပြီ။ ကိုသူထူးစံတို့စပေါ်တုန်းကတို့ပြည်တို့ မြေတို့အမွေတို့ ၁၃နာရီ၊ ၁၃ယောက်၊ ၁၃မိနစ်တို့မှာ အမေရော၊ မမရော ရိုက်ဖြစ်တဲ့အ ခါကျတော့ ကိုယ်ကလည်းအဲဒီကတည်းက ၀ါသနာပါတယ်။ ရှုတင်လိုက်သွားရင် ကလေး သရုပ်ဆောင်ဝါသနာပါလားဆိုပြီး ခေါ်ဖြစ်တာ ပါ။ ဒါပေမဲ့ ကျောင်းမပြီးသေးတော့ ကြီးလာမှ ပြန်လုပ်မယ်ပေါ့။ အသက်ကြီးလာတော့လည်း သရုပ်ဆောင်လိုင်းထဲ စ၀င်ချင်ပေမယ့် ၂၀၀၈ ခုနှစ်လောက်မှာ မော်ဒယ်စလုပ်ဖြစ်သွားတာပါ” လို့ပြောပါတယ်။

မေမီကိုကိုကအခုအချိန်မှာမင်း သမီးတစ်ယောက်ဖြစ်နေပေမယ့် ငယ်ဘ၀မှာ တော့ ယောကျာ်းလေး ဆန်ဆန်နေထိုင်ခဲ့သူဖြစ်ပြီး ယောကျာ်းလေးတွေလိုပဲ ကစားမက်ခဲ့သူလို့ ဆိုပါတယ်။ ယောကျာ်းလေးလို လွတ်လွတ်လပ် လပ်နေထိုင်ရတာ ကြိုက်ပေမယ့် သူဖြစ်ချင်ခဲ့တဲ့ အိပ်မက်ကတော့ သရုပ်ဆောင်တစ်ယောက် ဖြစ်ချင်ခဲ့တာဖြစ်တဲ့အတွက် ကြိုးစားခဲ့တာပါလို့ မေမီကိုကိုက ပြောပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- အောင်နိုင်စိုး


LEAVE A REPLY

Please enter your comment!
Please enter your name here