ဖွေးဖွေးက ကျွန်တော့ရဲ့ Idol ပါလို့ ပြောပြခဲ့တဲ့ ချာလီ

0
378

သူစိမ်းအိမ်ရုပ်ရှင်ဇာတ်ကားက တတိယမြောက်အပတ်ထိ ရုံတင်ပြသလျက်ရှိပြီး ရုံပြည့်ရုံလျှံ အားပေးမှု ရရှိနေ ပါတယ်။ မော်ဒယ် ချာလီက ဒီဇာတ်ကားထဲမှာ ဖွေးဖွေးရဲ့ ချစ်သူနေရာက သရုပ်ဆောင်ထားတာပါ။ အခုအချိန်မှာ သူစိမ်းအိမ်ထဲက မင်းသားရယ်လို့ ပရိသတ်တွေရဲ့ အားပေးခြင်းခံနေရ ပါတယ်။ သူစိမ်းအိမ်ရိုက်ကူးချိန်က ပျော်လည်း ပျော်ရသလို အခက် အခဲတွေလည်း ရှိခဲ့တယ်လို့ဆိုတဲ့ ချာလီက . . .
“အခက်အခဲရှိတယ်။ ရိုက်တဲ့အချိန်မှာ ကိုယ်အမှားလုပ်မိမှာ အရမ်းကြောက်တယ်။ ဒါပေမဲ့ ရှေ့မှာ pre production တွေရီဟာ ဇယ်တွေ အကြိမ်ကြိမ်လုပ်ထားတဲ့အတွက်ကြောင့် ရိုက်ကူးရေးလုပ် တဲ့အချိန်မှာ အရမ်းလွယ်တယ်။ ပေါ့ပေါ့ပါးပါးနဲ့ အောင်အောင်မြင်မြင် နဲ့ လုပ်နိုင်တယ်။ မဖွေးကလည်း ကျွန်တော့်ရဲ့ idol ဖြစ်နေတယ်။ အရမ်းကြိုက်ရတဲ့ မင်းသမီးဆိုတော့ စပြီးရိုက်တုန်းက ရင်ခုန်တယ်။ ကြောက်လည်းကြောက်တယ်။ ဒါပေမဲ့ ရိုက်တဲ့အချိန်မှာ အရမ်း အဆင်ပြေတယ်”လို့ပြောပါတယ်။

သူစိမ်းအိမ်ဇာတ်ကားကတော့ ချာလီအတွက် တကယ်ကို အမှတ်တရဖြစ်စေတဲ့ဇာတ်ကားပါ။ ချစ်သူကို ချော့တဲ့ဇာတ်ဝင်ခန်းအတွက် အကြိမ်ကြိမ် လေ့ကျင့်ခဲ့ရပြီး အပြင်မှာဆိုရင်တော့ ကိုယ့်ချစ်သူ ကို ဒီလောက်ထိ ချွဲ့နွဲ့ပြီး ချော့ဖြစ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ အမှတ်တရတွေနဲ့ပတ်သက်ပြီး ချာလီက . . .
“မှတ်မှတ်ရရဖြစ်တဲ့ ဇာတ်ဝင်ခန်းက ချော့တဲ့ ဇာတ်ဝင်ခန်း။ အဲဒီအခန်းကို ကျွန်တော်ဆိုလည်း မထင်ထားဘူး။ ပရိသတ် တွေကြိုက်ကြတယ်။ တစ်ရုံလုံးဆိုလည်း အော်ကြတယ်။ ပရိသတ်အားပေးမယ်လို့ မထင်ထားဘူး။ အရမ်းချွဲရတယ်။ အပြင် မှာဆို အဲဒီလောက်မချွဲဘူး။ အမှတ်တရက အဲဒီဇာတ်ကားမှာပါတဲ့ ဒါရိုက်တာ၊ ဇာတ် ညွှန်းတွေက ဇာတ်ကောင်ထဲမှာပါတဲ့ နွေဦး စိတ်ပြေလောက်တဲ့ မြို့သစ်ဖြစ်လားပေါ့။ သူတို့ ကျွန်တော့်ကို တစ်ချိန်လုံး ကြည့်ပေး တယ်။ ညဘက်ဆိုလည်း ကျွန်တော်မထင် ထားတဲ့ အချိန်တွေ ဖုန်းတွေဆက်လာပြီးတော့ ငါ့ကိုချော့ပြဆိုပြီး အဲဒီ့လောက်ထိ training လုပ် ပေးကြတယ်။ အမှတ်တရတွေ အများကြီးပါ။ ချော့ တတ်လာပြီဆိုရင် မရသေးဘူး ဒီပုံစံကြီးက ရွံစရာ ကောင်းတယ်။ နင်ချော့တာငါမပြေဘူး။ ဖွေးဖွေးဆိုပို ဆိုးမယ်။ အဲဒီတုန်းက စိတ်ဖိစီးမှုတွေပိုများတယ်။ ရုံတင်တဲ့အခါမှာ ပရိသတ်တွေကချစ်ကြတယ်။ လက်ခံအားပေးကြတယ်ဆိုတော့ ပျော်ပါ တယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here