ရည်းစားမထားဖူးတာကြောင့် ပိုပိုနဲ့ ရိုက်တဲ့ Love Sense  မှာရင်တွေ ခုန်နေခဲ့တဲ့ သီဟအောင်

0
349

သီဟအောင်ကတော့ သရုပ်ဆောင် ကိုကိုဦးရဲ့ သား လေးဖြစ်ပြီး အနုပညာနဲ့ ပတ်သက်လို့ သရုပ် ဆောင် အလုပ်တွေ တောက်လျှောက် လှုပ် ရှား နေပြီပဲဖြစ်ပါတယ်။ သူ့ရဲ့ အရပ်အမောင်းနဲ့ ရုပ်ရည်ကြောင့် ကောင် မလေးတွေ ၀ိုင်းဝိုင်း လည်နေပြီး ကိုရီးယားမင်း သားလေးနဲ့ တူတယ်လို့လည်း မှတ်ချက်ပေးခံနေရတာ ဖြစ်ပါ တယ်။ သီဟအောင်က ပိုပိုရဲ့ Marry Me နဲ့ Let Me Kiss You သီချင်း ၂ပုဒ်ကို ပြန် လည်ဆန်းသစ်ပြီး Acoustic Version နဲ့ထွက်မယ့် ရိုက်ကူးရေးအတွက် ပိုပိုနဲ့အတူ သရုပ်ဆောင်ရတာဖြစ်ပါတယ်။ ပိုပိုနဲ့ အသက် ၁၁နှစ်ကွာသလို Love Sense တွေလည်း တစ်ခါမှမရိုက်ဖူးတဲ့ သီဟအောင်အတွက်တော့ ရင်ခုန်စရာကောင်းနေပါတယ်။

“စိတ်လှုပ်ရှားပါတယ်။ ချစ်သူနှစ်ဦး ကြင်ကြင်နာနာနဲ့ Pre Wedding ရိုက်တဲ့အခန်းဆိုတော့ ကျွန်တော် တော်တော်လေးစိတ်လှုပ်ရှားတယ်။ မကြီး နဖူးလေးကို နမ်းရမယ်ဆိုတော့ ပိုဆိုးတာပေါ့။ ကျွန်တော်က ရည်းစားလည်းမ ထားဖူးဘူး။ နမ်းလည်းမနမ်းဖူးတော့လေ။ အမေကလည်း ဘေးကနေပြော ပေးနေတယ်။ မကြီးကလည်း အများကြီးသင်ပေးတယ်” လို့ သီဟအောင်က ရိုက်ကွင်းအမှတ်တရတွေကိုပြောပါတယ်။
MV ထွက်လာရင်လည်း အားပေးကြပါဦးလို့ဆိုတဲ့ သီဟအောင်က… “ကျွန်တော်လည်း သေသေချာချာ သရုပ်ဆောင်ထားပါတယ်။ သီချင်း လေးကလည်း တော်တော်လေးကောင်းတယ်။ ပရိသတ်တွေ အားပေးကြပါ ဦး” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊
ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here