ကလေးတွေရဲ့ အံ့မခန်းအနုပညာစွမ်းရည်တွေကို ကြည့်ရှုခံစားခဲ့ရတဲ့ DugroSTAR ပြိုင်ပွဲ

0
816

ကလေးတွေရဲ့ ကိုယ်ပိုင်အနုပညာအရည်အချင်းတွေကိုဖော်ထုတ်ပြသရတဲ့ DugroSTAR Grand Final ပြိုင်ပွဲကြီးကိုလွတ်လပ်ရေးနေ့က မြန်မာပလာဇာမှာခမ်းနားသိုက်မြိုက်စွာကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်ကလေး ၁၂ဦး က အသီးသီးယှဉ်ပြိုင်သွားခဲ့ကြပါတယ်။


ဒီပြိုင်ပွဲမှာအသက်အုပ်စုအလိုက်DugroSTAR Winner နှစ်ယောက်ကို Scholarship Fees သိန်း၃၀၊ Trophy, Dugroဆုလက်ဆောင်များပေးအပ်သွားခဲ့ပြီးကျန်ရှိတဲ့ ကလေးတွေအတွက် ၃သိန်းစီနဲ့ ဆုလက်ဆောင်များချီးမြှင့်ခဲ့ပါတယ်။ ကလေးအသက် (၂နှစ်အထက်ကနေ၅နှစ်) အုပ်စုမှDugroSTAR Trophy ရရှိသွားတဲ့သူကတော့မခင်ထိပ်တင် ဖြစ်ပြီး ပြိုင်ပွဲတလျှောက်အသက်အရွယ်နဲ့ မလိုက်အောင် မြန်မာအက၊ နိုင်ငံခြားအကတွေနဲ့ ယှဉ်ပြိုင်ခဲ့ကြပါတယ််။ကလေးအသက် (၅နှစ်အထက်ကနေ၉နှစ်) အုပ်စုမှာတော့ မောင်မျိုးပြည့်စုံအောင်က Drum ကို ကျွမ်းကျင်ပိုင်နိုင်စွာတီးခတ်ယှဉ်ပြိုင်ခဲ့ပြီးDugroSTAR Trophy ကိုထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။


အောက်တိုဘာလကစပြီးရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ မြိတ်၊ မြစ်ကြီးနားတွေမှာကျင်းပခဲ့ပြီး ရွေးချယ်လာခဲ့ရာဆီမီးဖိုင်နယ်ပြိုင်ပွဲကိုရန်ကုန်နဲ့ မန္တလေးမြို့မှာကျင်းပခဲ့ပြီး Grand Final ပြိုင်ပွဲကိုတော့ မြန်မာပလာဇာမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Dugroကနေပထမဦးဆုံးအကြိမ် ကြီးမှူးကျင်းပတဲ့ ပြိုင်ပွဲဖြစ်ပြီး မြန်မာနိုင်ငံမှကလေးတိုင်းဟာသူတို့ရဲ့အိပ်မက်တွေကိုပိုမိုပြည့်စုံစွာရယူနိုင်မယ်လို့ ယုံကြည်မိပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here