T Fitness Applicationကို မိတ်ဆက်လိုက်တဲ့ မော်ဒယ် သန္တာလှိုင်
0
324
T Fitness Application
ကို မိတ်ဆက်လိုက်တဲ့ မော်ဒယ် သန္တာလှိုင်
#Zawgyi
#Unicode
မိန်းကလေးတွေ တော်တော်များများ အားကျရတဲ့ အနုပညာရှင်များထဲမှ တစ်ယောက်ဖြစ်တဲ့ မော်ဒယ်သန္တာလှိုင်ဟာဆိုရင် ယခုချိန်ထိ အလှမပျက်ဘဲ အားလုံးအားကျရပြီး Bodyကော၊ အလှအပမှာပါ စံထားရတဲ့သူတစ်ယောက်ဖြစ်ပြီး သူမကိုယ်တိုင်ကလည်း ကိုယ်ကိုကိုယ်လှပအောင်၊ ကျန်းမာအောင် ထိန်းသိမ်းစောင့်ရှောက်သူတစ်ယောက်ဖြစ်တဲ့အပြင်လူတိုင်းရဲ့ ကျန်းမာရေး၊ အလှအပနဲ့ Bodyနဲ့ဆိုင်တဲ့ ဗဟုသုတတွေကို ဝေမျှပေးနေတဲ့သူပဲဖြစ်ပါတယ်။ Fitness Model and Lifestyle Influencer တစ်ဦးဖြစ်ပြီး ကျန်းမာရေးသင်တန်းတွေပို့ချပေးတဲ့ T s Workshop Training Center ကိုလည်း ၂၀၁ရခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပါတယ်။ အခုချိန်ဆိုရင်လည်း လူတိုင်းအတွက် T-Fitness Application ကို သန္တာလှိုင်က သူရဲ့ပရိသတ်တွေရဲ့ ကျန်းမာရေးဗဟုသုတ အသိပညာတွေကို ပိုက်ဆံတက်နိုင်သူများ၊ လက်လှမ်းမှီသောလူနည်းစုအတွက်တင်မက လူတိုင်း သိသင့်ရသင့်ရထိုက်စေလိုတဲ့ရည်ရွယ်ချက်လေးနဲ့ T-Fitness Application ပြုလုပ်ခဲ့ပါတယ်။ T-Fitness Application ကိုပြုလုပ်ဖြစ် တဲ့အကြောင်းကိုလည်း …..
“ဒီApplicationတွေကိုမစခင်ကတော့ အစ်မတို့ T s Workshop ဆိုပြီးတော့ အမျိုးသမီးတွေကို မျှဝေပေးနေတဲ့သင်တန်းရှိတယ်။ အဲဒီကနေပြီးတော့ အစ်မဘာကိုစိတ်ကူးမိခဲဆိုရင် ကျန်မာရေးဆိုတာ တက်နိုင်တဲ့လူနည်းစုအတွက်သာ လက်လှမ်းမိတဲ့အခွင့်အရေးတစ်ခုမဖြစ်သင့်ဘူး။ ကျန်းမာရေးနဲ့ ပတ်သတ်တဲ့အသိပညာတွေ အတက်ပညာတွေနဲ့ အရေးတစ်ခုမဖြစ်သင့်ဘူး။ ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ အသိပညာတွေအတက်ပညာတွေနဲ့ Lifestyle တွေကို လက်လှမ်းမီသင့်တယ်။ စဉ်းစားမိလိုက်တဲ့အခါမှာ ဖုန်းက လူတိုင်းလက်ထဲမှရှိနေပြီး Internetခေတ်လည်းဖြစ်တာကြောင့်အစ်မတို့ကလည်း စဉ်းစားမိတယ်။ Online Application လေးကိုလုပ်ဖို့စီစဉ်ဖြစ်သွားတယ်” လို့ပြောပြခဲ့ပါတယ်။
T-Fitness Application ဟာ လူတွေတစ်နေ့တာလှုပ်ရှားသွားလာမှုတွေကို လိုအပ်တဲ့လေ့ကျင့်ခန်းတွေ၊ ကျန်းမာရေးဗဟုသုတတွေကို ထည့်သွင်းထားပြီး အသုံးပြုသူတွေရဲ့ Feedback ကောင်းကောင်းလည်း ရထားတာကြောင့် စက်၊ ကိရိယာတွေမလိုဘဲ ကိုယ်ရဲ့တစ်ကိုယ်စာနေရာအကျယ်အဝန်း အနည်းငယ်၊ အချိန်အနည်းငယ်နဲ့ ဖုန်းလေးတစ်လုံးရှိတာနဲ့တင် ကိုယ့်ရဲ့တ်စနေ့တာ လေ့ကျင့်ခန်းတွေကို ပြုလုပ်နိုင်အောင် သင်ပြပေးနိုင်တဲ့ Application ပဲဖြစ်ပါတယ်လို့လည်း ပြောပြခဲ့ပါတယ်။
ယုယ
Photo Source From
Internet
LEAVE A REPLY
Please enter your comment!
Please enter your name here