ဘရင်းမြန်မာမှ ပြည်သူ့ ကျန်းမာရေးစာင့်ရှောက်မှုအတွက် လိုအပ်သည်များကို အစဉ်တစိုက် အလေးထားဆောင်ရွက်လျှက်ရှိရာ ယခုဖြစ်ပွားနေသော COVID-19
ထိန်းချုပ်မှုဆိုင် ရာလုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန်ကြီးအတွက်
လှိုင်သာယာအထွေထွေရောဂါကုဆေးရုံကြီး တွင်၂၀၂၀ ခုနှစ် ၊ မတ်လ ၂၀ရက်နေ့က ပိုးသတ်ထားသည် 3layer Surgical face mask(နှာခေါင်းစည်း)အခုရေ (၁၀၀၀)တိတိကို သွားေ၇ာက် လှူဒါန်းခဲ့ပြီး COVID- 19 ရောဂါပိုးအားနည်းလမ်းမှန်ကန်စွာကာကွယ်နိုင်စေရန်ရည်ရွယ် ၍” Protect Against COVID -19”ပညာပေးအစီအစဉ်ကို ၂၀၂၀ ခုနှစ် မတ်လ ၂၁ ၊၂၂ ၊၂၃ ရက်နေ့ များတွင် ရန်ကုန်မြို့နယ် အတွင်းရှိ မဟာဗန္ဓုလ ပန်းခြံ ၊ ဗိုလ်ချုပ်ဈေး ၊ကြည့်မြင်တိုင်ညဈေး ၊ Times City ၊ နန္ဒာဝင်ဈေး ၊ စံပြဈေး ၊ယုဇန ပလာဇာ ၊စံရိပ်ငြိမ် ကမုန်းပွင့် ၊ အင်းစိန်ဈေး ၊ သိမ်ကြီးဈေး နှင့် မြောက်ဒဂုံမန္တလေးဈေး အနီးတစ်ဝိုက် ဧရိယာတို့ တွင် သွားရောက် ပြုလုပ်ခဲ့ပြီး ပညာပေးအစီအစဉ်မှတစ်ဆင့် ပြည်သူများအတွက် လိုအပ်သောကျန်းမာရေး ဆိုင်ရာ
ဗဟုသုတများကို ဝေမျှပေးခဲ့ပြီးနောက် ၊၂၀၂၀ ခုနှစ် မတ်လ ၂၄ရက်နေ့တွင်
ဝေဘာဂီဆေးရုံကြီးနှင့်မှော်ဘီမြို့နယ်ရှိ ဆရာတော် အရှင်ဆေကိန္ဒ၏ စမ္မတူရစေတ၀န်တောရကျောင်းတိုက်တွင် COVID-19 သံသယရှိစောင့် ကြည့်လူနာများအား ရှေ့တန်းမှ အနီးကပ် ကျန်းမာရေးစောက်ရှောက်မှုပေးလျက်ရှိသော
ကျန်းမာရေးဝန်ထမ်းများကို ကိုယ်ခံအားကောင်းမွန်ရန်အတွက် ဘရင်းကြက်ပေါင်းရည်၊ အဆုတ်နှင့်
အသက်ရှူလမ်းကြောင်းကိုအားဖြည့်ပေးရန်အတွက် ဘရင်းငှက်သိုက်တို့ အား အသီးသီး လှူဒါန်းခဲ့ ပါတယ်။ ဘရင်းမြန်မာ အနေဖြင့် မြန်မာပြည်သူပြည်သားများအတွက် စိုးရိမ် ပူပန်မိသလို ကိုယ်ကျိုးစွန့်လုပ်အားဒါန ကုသိုလ်များအတွက်လဲ များစွာဂုဏ်ယူမိပါတယ် ။ မိမိတစ်ဦးတစ်ယောက်ချင်းစီမှစ၍ နည်းလမ်းမှန်ကန်စွာ ကာကွယ် ပြီးသိရှိထားသည်များကိုလည်းဝေငှကာ အားလုံးနည်းမှန် လမ်းမှန်
ကာကွယ်၍ဘေးကင်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ဘရင်းအနေနှင့်လည်းတက်နိုင်သမျှဆက်လက်ပံ့ပိုးသွားပါမည် ဟု ဘရင်းမြန်မာ ဖေ့ဘုတ်စာမျက်နှာတွင် ဖော်ပြထားပါသည်.. ……