အခုလတ်တလောမှာ ယုန်လေး ဖန်တီးထားတဲ့ ငါတို့ အားလုံးရဲ့မြေ သီချင်း MV နဲ့ပတ်သက်ပြီး ဝေဖန်မှုများစွာ ထွက်ပေါ်နေတဲ့အပေါ် ရုပ်ရှင် ဥက္ကဌ ဦးညီညီထွန်းလွင်၏ပြောစကား

0
179

အခုလတ်တလောမှာ ယုန်လေး ဖန်တီးထားတဲ့ ငါတို့ အားလုံးရဲ့မြေ သီချင်း MV နဲ့ပတ်သက်ပြီး ဝေဖန်မှုများစွာ ထွက်ပေါ်နေပါတယ်။ ဒီထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံတဲ့သူတွေရှိနေပြီး ဒီအချိန်မှာ တပ်မတော်က လာရောက်ကယ်ဆယ်ခဲ့ကြပါတယ်။ နောက်ဆုံးမှာ ဘယ်ပါတီမှ မခွဲခြားပဲ အားလုံး စည်းလုံးညီညွတ်သွားကြတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အဆိုတော်ယုန်လေးက ဖန်တီးထားတာဖြစ်ပါတယ်။ အနုပညာလောကသားတချို့ကလည်း ဒီလို ရိုက်ကူးမှုအတွက် ဝေဖန်ရှုံ့ချထားတာတွေလည်း ရှိပါတယ်။ ဒီလိုရိုက်ကူးမှုတွေနဲ့ပတ်သက်ပြီး ဆင်ဆာတင်ရမှု ရှိမရှိကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးညီညီထွန်းလွင်ကို မေးမြန်းကြည့်ရာမှာတော့…. “MTV မှာ ဆင်ဆာလည်း မတင်ရဘူး။ ရိုက်ကူးခွင့်တွေလည်း မတင်ရဘူး။ ဒါပေမဲ့ အခုဖြစ်နေတာက ဇာတ်လမ်းပုံစံရိုက်ကူးထားတာ။ သီချင်းတွေပဲ ဆိုရင်တော့ ရိုက်ကူးခွင့်မတင်ရဘူး။ ဒီမှာက သေနတ်တွေနဲ့ပစ်တာတွေရော စကားပြောတွေရော ဆိုတော့ လိုင်းမဝင်ဘူးဖြစ်နေတယ်။ ဒီလိုရိုက်ကူးမယ်ဆိိုရင်တော့ ဆင်ဆာတင်ဖို့ လိုပါတယ်။” လို့ပြောပါတယ်။ မြန်မာနိုင်ငံအစည်းအရုံး အနေနဲ့ NGO အဖွဲ့အစည်းဖြစ်ပြီး အာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့အတွက် အရေးယူတာမျိုး မရှိနိုင်ဘူး လို့ ဆိုပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာယကများတိုင်ပင်ပြီး ဘယ်လိုမျိုးဆောက်ရွက်ဖို့ရှိမလဲ ဆိုတာကို တိုင်ပင်ဆွေးနွေးလျက်ရှိတယ်လို့ သိရပါတယ်။

အခုလတ္တေလာမွာ ယုန္ေလး ဖန္တီးထားတဲ့ ငါတို႔ အားလံုးရဲ့ေျမ သီခ်င္း MV နဲ႔ပတ္သက္ျပီး ေ၀ဖန္မွုမ်ားစြာ ထြက္ေပၚေနပါတယ္။ ဒီထဲမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို လုပ္ၾကံတဲ့သူေတြရွိေနျပီး ဒီအခ်ိန္မွာ တပ္မေတာ္က လာေရာက္ကယ္ဆယ္ခဲ့ၾကပါတယ္။ ေနာက္ဆံုးမွာ ဘယ္ပါတီမွ မခြဲျခားပဲ အားလံုး စည္းလံုးညီညြတ္သြားၾကတယ္ဆိုတဲ့ ပံုစံမ်ိဳးနဲ႔ အဆိုေတာ္ယုန္ေလးက ဖန္တီးထားတာျဖစ္ပါတယ္။  အႏုပညာေလာကသားတခ်ိဳ႔ကလည္း ဒီလို ရိုက္ကူးမွဳအတြက္ ေ၀ဖန္ရွံဳ႔ခ်ထားတာေတြလည္း ရွိပါတယ္။ ဒီလိုရိုက္ကူးမွုေတြနဲ႔ပတ္သက္ျပီး ဆင္ဆာတင္ရမွဳ ရွိမရွိကို ျမန္မာႏိုင္ငံရုပ္ရွင္အစည္းအရံုးဥကၠဌ ဦးညီညီထြန္းလြင္ကို ေမးျမန္းၾကည့္ရာမွာေတာ့…. “MTV မွာ ဆင္ဆာလည္း မတင္ရဘူး။ ရိုက္ကူးခြင့္ေတြလည္း မတင္ရဘူး။ ဒါေပမဲ့ အခုျဖစ္ေနတာက ဇာတ္လမ္းပံုစံရိုက္ကူးထားတာ။ သီခ်င္းေတြပဲ ဆိုရင္ေတာ့ ရိုက္ကူးခြင့္မတင္ရဘူး။ ဒီမွာက ေသနတ္ေတြနဲ႔ပစ္တာေတြေရာ စကားေျပာေတြေရာ ဆိုေတာ့ လိုင္းမ၀င္ဘူးျဖစ္ေနတယ္။ ဒီလိုရိုက္ကူးမယ္ဆိိုရင္ေတာ့ ဆင္ဆာတင္ဖို႔ လိုပါတယ္။” လို႔ေျပာပါတယ္။  ျမန္မာႏိုင္ငံအစည္းအရံုး အေနနဲ႔ NGO အဖြဲ႔အစည္းျဖစ္ျပီး အာဏာပိုင္အဖြဲ႔အစည္းျဖစ္တဲ့အတြက္ အေရးယူတာမ်ိဳး မရွိႏိုင္ဘူး လို႔ ဆိုပါတယ္။ ဒါေပမဲ့ ျမန္မာႏိုင္ငံရုပ္ရွင္အစည္းအရံုးမွ နာယကမ်ားတိုင္ပင္ျပီး ဘယ္လိုမ်ိဳးေဆာက္ရြက္ဖို႔ရွိမလဲ ဆိုတာကို တိုင္ပင္ေဆြးေႏြးလ်က္ရွိတယ္လို႔ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here