“Cover song တွေ ပြန်ဆိုလို့ ဝေဖန်မှုခံခဲ့ ရတာကို တိုက်ခိုက်တယ်လို့ မမြင်မိဘူး´´ နေထွဋ်

0
438

“Cover song တွေ ပြန်ဆိုလို့ ဝေဖန်မှုခံခဲ့ ရတာကို တိုက်ခိုက်တယ်လို့ မမြင်မိဘူး´´ နေထွဋ်

ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင် ရင်း ပရိသတ်ရဲ့ အားပေးမှု ရရှိခဲ့သူကတော့ နေထွဋ် ခေါ် (ဘလိတ်)ပဲဖြစ်ပါတယ်။ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်ခဲ့တဲ့ အချိန်မှာ သရုပ်ဆောင်ပိုင်းသာမက ဂီတလမ်းကြောင်းကိုဝါသနာထုံလို့ သီချင်းတွေကို ကိုယ်တိုင်ဖန်တီး သီဆိုနေတဲ့သူတစ်ဉီးလည်းဖြစ်ပါတယ်။ မကြာသေးမီ အချိန်က စီနီယာအနုပညာရှင်တွေရဲ့ သီချင်းတွေကို ပြန်လည်သီဆိုရင်း ပရိသတ်တွေ ရဲ့ အားပေးမှု၊ ဝေဖန်မှုများစွာကိုလည်း ခံခဲ့ရသူတစ်ဦးပါ။ သူ ပြန်လည်သီဆိုခဲ့တဲ့ သီချင်းလေးတွေနဲ့ ပတ်သတ်လို့ ပရိသတ်တွေရဲ့ ဝေဖန်ခံခဲ့ရတာကိုလည်း ယခုလိုပြောပါတယ်။“Cover song တွေ ကိုသီဆိုဖြစ်တာက လည်း ကျွန်တော်ကြိုက်တဲ့ အနုပညာရှင်တွေရဲ့ သီချင်းတွေပါပဲ။ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေကို ပုံစံတစ်မျိုးပြောင်းပြီး ဖန်တီးကြည့်တဲ့ သဘောပါ။´´ ကျွန်တော် သီဆို လိုက်တဲ့ သီချင်းလေးတွေ အပေါ်အားပေးတဲ့ သူရှိသလို ဝေဖန်တဲ့ လူတွေလည်း ရှိတဲ့ အခါ ကျွန်တော်အနေနဲ့ စိတ်ထဲမှာတော့ အရမ်းကြီးမခံစားမိအောင်နေပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်အကြိုက်ချင်းတော့ မတူညီနိုင်ဘူးလေ။ အနုပညာရှင်တစ်ယောက်ဖြစ်တော့ ပိုဆိုးတာပေါ့။ ကိုယ်လုပ်လိုက်တဲ့ အရာတစ်ခုက အခြားသူတစ်ဦးနဲ့ အမြင်မတူတာမျိုးဖြစ်သွားတဲ့အခါ ဝေဖန်မှုဆိုတာကို ကြုံတွေ့ရစမြဲ ပါလို့ နေထွဋ်က ပြောပါတယ်။ ဝေဖန်တိုက်ခိုက်မှု တွေကြုံတွေ့ရတဲ့အပေါ် နေထွဋ်ရဲ့ ခံစားချက်နဲ့ပတ်သတ်လို့… “အနုပညာရှင်တစ်ယောက်ဆိုပေမယ့် ကျွန်တော်တို့လည်း ခံစားတတ်တဲ့ လူသားတွေကြီးပါပဲ။ ´´ယခုခေတ်မှာလည်း social media ဆိုတာ လူတော်တော်များများအသုံးပြုနေကြတော့တော်တော်များများက သူတို့ရဲ့သဘောထားတွေကို ဒီ online ပေါ်မှာပဲ ရင်ဖွင့်ကြတယ်။ ပေါက်ကွဲကြတယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်အပေါ်အရမ်းကြီး ထိခိုက်နစ်နာမှုဖြစ်သွားတာမျိုးဆိုရင်တော့ မကောင်းဘူးလို့ သူရဲ့သဘောထားအမြင်ကိုပြောပါတယ်။ ခက်ခဲတဲ့အချိန်တွေကိုဖြတ်သန်းရတဲ့ အခါမှာလည်း ဖြေရှင်းမယ့်ထွက်ပေါက်မမှားအောင် ကိုယ့်ကိုယ်ကို ဂရုစိုက်ဖြစ်တယ်လို့ပြောပါတယ်။ ကျွန်တော် ခက်ခဲပင်ပမ်းတဲ့ အချိန်တွေဆို ရုပ်ရှင်ကြည့်တယ်၊ သီချင်းတွေ ဖန်တီးတယ်၊ လေ့လာတယ်၊ ကိုယ့်စိတ်ကိုလည်း ခံနိုင်ရည်ရှိအောင် ကြိုးစားပြီးနေတယ် လို့ နေထွဋ်က ပြောပါတယ်။ လက်ရှိမှာတော့ Covid19 ကပ်ရောဂါကြောင့် အနုပညာအလုပ်တွေကို ရပ်နားထားရပေမယ့် ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် သီချင်းလေးတွေဖန်တီး ဖြစ်နေပြီး၊ အနုပညာအလုပ်တွေကိုလည်း အရင်ကထက် ပိုမိုကောင်းမွန်အောင် ကြိုးစားသွားမယ်လို့ နေထွဋ်က ပြောပါတယ်။ မကြာမီအချိန်မှာလည်း နေထွဋ် ပါဝင်ရိုက်ကူးထားတဲ့ Before and After ဇာတ်လမ်းတွဲလေးလည်းထွက်ဖို့ရှိတယ်လို့ ပြောပါတယ်။

Photo Sources From

Nay Htut Official Facebook Page

“Cover song ေတြ ျပန္ဆိုလို႔ ေဝဖန္မႈခံခဲ့ ရတာကို တိုက္ခိုက္တယ္လို႔ မျမင္မိဘူး´´ ေနထြဋ္

ဇာတ္လမ္းတြဲေတြမွာ သ႐ုပ္ေဆာင္ ရင္း ပရိသတ္ရဲ့ အားေပးမႈ ရရွိခဲ့သူကေတာ့ ေနထြဋ္ ေခၚ (ဘလိတ္)ပဲျဖစ္ပါတယ္။ အႏုပညာရွင္တစ္ေယာက္အျဖစ္ ရပ္တည္ခဲ့တဲ့ အခ်ိန္မွာ သ႐ုပ္ေဆာင္ပိုင္းသာမက ဂီတလမ္းေၾကာင္းကိုဝါသနာထုံလို႔ သီခ်င္းေတြကို ကိုယ္တိုင္ဖန္တီး သီဆိုေနတဲ့သူတစ္ဉီးလည္းျဖစ္ပါတယ္။ မၾကာေသးမီ အခ်ိန္က စီနီယာအႏုပညာရွင္ေတြရဲ့ သီခ်င္းေတြကို ျပန္လည္သီဆိုရင္း ပရိသတ္ေတြ ရဲ့ အားေပးမႈ၊ ေဝဖန္မႈမ်ားစြာကိုလည္း ခံခဲ့ရသူတစ္ဦးပါ။ သူ ျပန္လည္သီဆိုခဲ့တဲ့ သီခ်င္းေလးေတြနဲ႔ ပတ္သတ္လို႔ ပရိသတ္ေတြရဲ့ ေဝဖန္ခံခဲ့ရတာကိုလည္း ယခုလိုေျပာပါတယ္။“Cover song ေတြ ကိုသီဆိုျဖစ္တာက လည္း ကၽြန္ေတာ္ႀကိဳက္တဲ့ အႏုပညာရွင္ေတြရဲ့ သီခ်င္းေတြပါပဲ။ကိုယ္ႀကိဳက္တဲ့ သီခ်င္းေလးေတြကို ပုံစံတစ္မ်ိဳးေျပာင္းၿပီး ဖန္တီးၾကည့္တဲ့ သေဘာပါ။´´ ကၽြန္ေတာ္ သီဆို လိုက္တဲ့ သီခ်င္းေလးေတြ အေပၚအားေပးတဲ့ သူရွိသလို ေဝဖန္တဲ့ လူေတြလည္း ရွိတဲ့ အခါ ကၽြန္ေတာ္အေနနဲ႔ စိတ္ထဲမွာေတာ့ အရမ္းႀကီးမခံစားမိေအာင္ေနပါတယ္။ လူတစ္ေယာက္နဲ႔ တစ္ေယာက္အႀကိဳက္ခ်င္းေတာ့ မတူညီနိုင္ဘူးေလ။ အႏုပညာရွင္တစ္ေယာက္ျဖစ္ေတာ့ ပိုဆိုးတာေပါ့။ ကိုယ္လုပ္လိုက္တဲ့ အရာတစ္ခုက အျခားသူတစ္ဦးနဲ႔ အျမင္မတူတာမ်ိဳးျဖစ္သြားတဲ့အခါ ေဝဖန္မႈဆိုတာကို ၾကဳံေတြ႕ရစျမဲ ပါလို႔ ေနထြဋ္က ေျပာပါတယ္။ ေဝဖန္တိုက္ခိုက္မႈ ေတြၾကဳံေတြ႕ရတဲ့အေပၚ ေနထြဋ္ရဲ့ ခံစားခ်က္နဲ႔ပတ္သတ္လို႔… “အႏုပညာရွင္တစ္ေယာက္ဆိုေပမယ့္ ကၽြန္ေတာ္တို႔လည္း ခံစားတတ္တဲ့ လူသားေတြႀကီးပါပဲ။ ´´ယခုေခတ္မွာလည္း social media ဆိုတာ လူေတာ္ေတာ္မ်ားမ်ားအသုံးျပဳေနၾကေတာ့ေတာ္ေတာ္မ်ားမ်ားက သူတို႔ရဲ့သေဘာထားေတြကို ဒီ online ေပၚမွာပဲ ရင္ဖြင့္ၾကတယ္။ ေပါက္ကြဲၾကတယ္။ ဒါေပမယ့္ တစ္စုံတစ္ေယာက္အေပၚအရမ္းႀကီး ထိခိုက္နစ္နာမႈျဖစ္သြားတာမ်ိဳးဆိုရင္ေတာ့ မေကာင္းဘူးလို႔ သူရဲ့သေဘာထားအျမင္ကိုေျပာပါတယ္။ ခက္ခဲတဲ့အခ်ိန္ေတြကိုျဖတ္သန္းရတဲ့ အခါမွာလည္း ေျဖရွင္းမယ့္ထြက္ေပါက္မမွားေအာင္ ကိုယ့္ကိုယ္ကို ဂ႐ုစိုက္ျဖစ္တယ္လို႔ေျပာပါတယ္။ ကၽြန္ေတာ္ ခက္ခဲပင္ပမ္းတဲ့ အခ်ိန္ေတြဆို ႐ုပ္ရွင္ၾကည့္တယ္၊ သီခ်င္းေတြ ဖန္တီးတယ္၊ ေလ့လာတယ္၊ ကိုယ့္စိတ္ကိုလည္း ခံနိုင္ရည္ရွိေအာင္ ႀကိဳးစားၿပီးေနတယ္ လို႔ ေနထြဋ္က ေျပာပါတယ္။ လက္ရွိမွာေတာ့ Covid19 ကပ္ေရာဂါေၾကာင့္ အႏုပညာအလုပ္ေတြကို ရပ္နားထားရေပမယ့္ ပရိသတ္ေတြနဲ႔ အဆက္အသြယ္မျပတ္ေအာင္ သီခ်င္းေလးေတြဖန္တီး ျဖစ္ေနၿပီး၊ အႏုပညာအလုပ္ေတြကိုလည္း အရင္ကထက္ ပိုမိုေကာင္းမြန္ေအာင္ ႀကိဳးစားသြားမယ္လို႔ ေနထြဋ္က ေျပာပါတယ္။ မၾကာမီအခ်ိန္မွာလည္း ေနထြဋ္ ပါဝင္ရိုက္ကူးထားတဲ့ Before and After ဇာတ္လမ္းတြဲေလးလည္းထြက္ဖို႔ရွိတယ္လို႔ ေျပာပါတယ္။

Photo Sources From

Nay Htut Official Facebook Page


LEAVE A REPLY

Please enter your comment!
Please enter your name here