“သဝန်တိုတာအရမ်းချစ်လို့ပါဆိုတဲ့ သူတို့ ၃ဦး”

0
179

“သဝန်တိုတာအရမ်းချစ်လို့ပါဆိုတဲ့ သူတို့ ၃ဦး”

ဖြူဖြူကျော်သိန်းရယ်၊ Cobra ရယ် ထွက်ရှိလာမယ့် Duet Albumလေးဖြစ်ပါတယ်။ တစ်ခွေလုံးကို Cobra ကိုယ်တိုင်ရေးစပ်ထားတဲ့ ကိုယ်ပိုင်သံစဉ်တေးသီချင်းတွေဖြစ်ပါတယ်။ အခွေခေါင်းစဉ်က ‘သဝန်တိုတာအရမ်းချစ်လို့’ပါတဲ့။ သရုပ်ဆောင်ထားတာကတော့ ဖြူဖြူကျော်သိန်းရယ်၊ ကျော်ထက်အောင်ရယ်ပဲဖြစ်ပါတယ်။ Music Video ကိုတော့ သြဂုတ်လ ၁၂ရက်မှာ အွန်လိုင်းကနေတင်သွားမယ်လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။ ဒါဆို ဖြူဖြူကျော်သိန်းရဲ့ ပရိသတ်တွေရော၊ Cobra ရဲ့ ပရိသတ်တွေရော စောင့်မျှော်နေကြတဲ့ သူတို့နှစ်ဦးရဲ့ Duet Album က ဘယ်တော့ထွက်လာမှာလဲ။

ဖြူဖြူကျော်သိန်းကိုမေးဖြစ်တဲ့အခါ…. ” အစ်မက ၃မျိုးစီစဉ်ထားတယ်။ အခွေအနေနဲ့ဝယ်ယူအားပေးချင်တဲ့ပရိသတ်တွေအတွက်က သြဂုတ် ၁၄ရက်နေ့မှာ လှိုင်းတေးသံသွင်းကနေ တစ်နိုင်ငံလုံးကို စတင်ဖြန့်ချိပါပြီ။ City Martတို့လို စျေးဝယ်စင်တာတွေကနေဝယ်ယူလို့ရပါပြီ။ နောက်ပြီး အပြင်မထွက်ချင်တဲ့သူတွေအတွက်ကတော့ သြဂုတ် ၁၂ရက်နေ့ကနေစတင်ပြီး Bagan Zay Page ရယ်၊ Dior By Heart Page ရယ်ကနေ Pre Order စတင်လက်ခံနေပါပြီ။ အဲဒီကနေ Pre Order မှာယူလို့ရပါတယ်။ ပြီးတော့ Online ကနေနားဆင်ချင်သူတွေအတွက်တော့ သြဂုတ် ၁၆ရက်နေ့မှာ Joox နဲ့အတူ တခြား Online Platform တွေကနေ စတင်နားဆင်လို့ရအောင် Album တစ်ခုလုံးစာကို တင်ပေးသွားမှာဖြစ်ပါတယ်။ သြဂုတ် ၁၆ရက်နေ့ကတော့ ဖြူဖြူ့ရဲ့ ဂီတသက်တမ်း ၁ရနှစ်ပြည့်တဲ့နေ့လေးလည်းဖြစ်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

News- Phoe Wa, Photo- Min Min

“သ၀န္တိုတာအရမ္းခ်စ္လို႔ပါဆိုတဲ့ သူတို႔ ၃ဦး”

 

ျဖဴျဖဴေက်ာ္သိန္းရယ္၊ Cobra ရယ္ ထြက္႐ွိလာမယ့္ Duet Albumေလးျဖစ္ပါတယ္။ တစ္ေခြလံုးကို Cobra ကိုယ္တိုင္ေရးစပ္ထားတဲ့ ကိုယ္ပိုင္သံစဥ္ေတးသီခ်င္းေတြျဖစ္ပါတယ္။ အေခြေခါင္းစဥ္က ‘သ၀န္တိုတာအရမ္းခ်စ္လို႔’ပါတဲ့။ သ႐ုပ္ေဆာင္ထားတာကေတာ့ ျဖဴျဖဴေက်ာ္သိန္းရယ္၊ ေက်ာ္ထက္ေအာင္ရယ္ပဲျဖစ္ပါတယ္။ Music Video ကိုေတာ့ ၾသဂုတ္လ ၁၂ရက္မွာ အြန္လိုင္းကေနတင္သြားမယ္လို႔ ျဖဴျဖဴေက်ာ္သိန္းက ေျပာပါတယ္။ ဒါဆို ျဖဴျဖဴေက်ာ္သိန္းရဲ႕ ပရိသတ္ေတြေရာ၊ Cobra ရဲ႕ ပရိသတ္ေတြေရာ ေစာင့္ေမွ်ာ္ေနၾကတဲ့ သူတို႔ႏွစ္ဦးရဲ႕ Duet Album က ဘယ္ေတာ့ထြက္လာမွာလဲ။

 

ျဖဴျဖဴေက်ာ္သိန္းကိုေမးျဖစ္တဲ့အခါ…. ” အစ္မက ၃မ်ိဳးစီစဥ္ထားတယ္။ အေခြအေနနဲ႔၀ယ္ယူအားေပးခ်င္တဲ့ပရိသတ္ေတြအတြက္က ၾသဂုတ္ ၁၄ရက္ေန႔မွာ လႈိင္းေတးသံသြင္းကေန တစ္ႏိုင္ငံလံုးကို စတင္ျဖန္႔ခ်ိပါၿပီ။ City Martတို႔လို ေစ်း၀ယ္စင္တာေတြကေန၀ယ္ယူလို႔ရပါၿပီ။ ေနာက္ၿပီး အျပင္မထြက္ခ်င္တဲ့သူေတြအတြက္ကေတာ့ ၾသဂုတ္ ၁၂ရက္ေန႔ကေနစတင္ၿပီး Bagan Zay Page ရယ္၊ Dior By Heart Page ရယ္ကေန Pre Order စတင္လက္ခံေနပါၿပီ။ အဲဒီကေန Pre Order မွာယူလို႔ရပါတယ္။ ၿပီးေတာ့ Online ကေနနားဆင္ခ်င္သူေတြအတြက္ေတာ့ ၾသဂုတ္ ၁၆ရက္ေန႔မွာ Joox နဲ႔အတူ တျခား Online Platform ေတြကေန စတင္နားဆင္လို႔ရေအာင္ Album တစ္ခုလံုးစာကို တင္ေပးသြားမွာျဖစ္ပါတယ္။ ၾသဂုတ္ ၁၆ရက္ေန႔ကေတာ့ ျဖဴျဖဴ႕ရဲ႕ ဂီတသက္တမ္း ၁၇ႏွစ္ျပည့္တဲ့ေန႔ေလးလည္းျဖစ္ပါတယ္” လို႔ ေျပာျပခဲ့ပါတယ္။

 

News- Phoe Wa, Photo- Min Min


LEAVE A REPLY

Please enter your comment!
Please enter your name here