မွေးနေ့အကြိုအလှူအဖစြ် ရုပ်ရှင်အဖွဲ့သားအယောက် 450 ကို လှူဒါန်းခဲ့တဲ့ ဝတ်မှုန့်ရွှေရည်

0
140

သရုပ်ဆောင် ဝတ်မှုံရွှေရည်ရဲ့ မွေးနေ့အကြိုလှူဒါန်းမှု
မွေးနေ့အကြိုအလှူအဖြစ် ရုပ်ရှင်စက်အဖွဲ့ အယောက် ၄၅ဝကို တစ်ဦးလျှင် ဆန်၁ဝပြည်,ဆီတစ်ပိဿာ,ကြက်ဥ၁ကတ်,ခေါက်ဆွဲခြောက်နဲ့ Face Mask များကိုလှူဒါန်းခဲ့ပါတယ်။ covid ကာလဖြစ်တဲ့အတွက် ရိုက်ကူးရေးတွေပြန်မလုပ်ရသေးတာကြောင့် ရုပ်ရှင်လောကသားတွေအနေနဲ့ စားဝတ်နေရေးအတွက် အဆင်မပြေမှုများစွာ ကြုံတွေ့လျက်ရှိပါတယ်။ ကိုယ့်ရဲ့လောကသားတွေ အဆင်ပြေနိုင်စေဖို့အတွက် စဉ်းစားပြီး အခုလို လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ဝတ်မှုံရွှေရည်က သူ့ရဲ့မွေးနေ့တိုင်း အလှူအတန်းများနဲ့ ဖြတ်သန်းလေ့ရှိသူပါ။ မွေးနေ့ဖြစ်တဲ့ သြဂုတ်လ ၁ဝရက်နေ့မှာလည်း လိုအပ်နေသူတွေအတွက် ထပ်မံလှူဒါန်းဖို့ အစီအစဉ်ရှိပါတယ်။ ဒီနှစ်မွေးနေ့ကတော့ မင်းသမီးချော ဝတ်မှုံရွှေရည်ရဲ့ ၃၂နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။





LEAVE A REPLY

Please enter your comment!
Please enter your name here