၃၄နှစ်ပြည့်မွေးနေ့မှာ ဖြတ်သန်းလာခဲ့ရတဲ့ဘဝအတွေ့အကြုံတွေနဲ့ပတ်သတ်ပြီးပြောပြလာတဲ့စန္ဒီမြင့်လွင်

0
150

အဆိုတော်မင်းသမီးချော စန္ဒီမြင့်လွင် ဟာ သြဂုတ်လ ၁၂ရက်နေ့မှာ ၃၄နှစ်ပြည့်သွားပါပြီ။ မွေးနေ့တိုင်းနေအိမ်မှာ အေးချမ်းအောင်မြင်အုတ်ခွက်ဘုရားကို ပင့်ဆောင်ပူဇော်ခဲ့ပါတယ်။ အခုနှစ်ဆိုရင်တော့ ဘုရားပင့်ဆောင်ပူဇော်ခဲ့တာ ၈နှစ်ရှိသွားခဲ့ပါပြီ။ အသက်၃၄နှစ် ရောက်လာတဲ့အချိန်မှာ သူ့ရဲ့စိတ်ခံစားချက် သဘောထားနဲ့ပတ်သက်ပြီး စန္ဒီမြင့်လွင်က “ဒီနေ့ (၃၄)နှစ် ပြည့်ခဲ့ပီ။

(၃၄)နှစ်ထက် ပိုပြီး ရင့်ကျက်နိုင်အောင်ကြိုးစားနေပါတယ်။

ဘဝမှာကြွေးဟောင်းတွေဆပ်ရင်းကြွေးသစ်ချနေသူတစ်ယောက်ပါ။
ဘယ်သူကကိုယ့်ကိုဘယ်လိုသဘောတွေပဲထားထား၊ သည်းခံနိုင်သလောက် သည်းခံခဲ့ပါတယ် (ကိုယ်ပြန်ပြောလိုက်ရင် တစ်ခွန်းထဲနဲ့သေသွားကြမှာ စိုးလို့ပါ)😍

ဘယ်သူ့ကိုယ့်အပေါ်ချစ်ချစ် ၊ မချစ်ချစ် အရင်လို ဝမ်းမနည်းတတ်တော့ပါဘူး။

ခုဆို ကိုယ့်ကိုချစ်တဲ့သမီးလေး၊ ကိုယ့်ကိုချစ်တဲ့ထရက်ရှာ့ဖေဖေ၊ ကိုယ့်ကိုချစ်တဲ့အဖေနဲ့အမေ❤️
သူတို့အတွက်၊ ပြီးတော့ ကိုယ့်ကိုချစ်တဲ့မိတ်ဆွေအပေါင်းအသင်းတွေ၊ Hardcore fan group🤩
သူတို့အတွက်အသက်ရှင်နေတယ်။ ပျော်တယ်၊ ကျေနပ်တယ်။

ဒီနေ့အထိ ဘဝမှာ နောင်တရစရာ ဘာမှမရှိခဲ့ဘူး။ နောင်တရစေမယ့် အရာဘာမှ မလုပ်ခဲ့ဘူး။ ဖြစ်လာသမျှ အရာအားလုံးကို လက်ခံပီး အသက်ဆက်ရှင်သွားမယ်။

ဒေါသကြီးပြီး မဟုတ်မခံတတ်တဲ့စိတ်တွေ မရှိတော့ပေမယ့် ကိုယ့်သမီးလေးနဲ့ မိသားစုအတွက်ဆိုရင် ရှင်းသင့်တာရှင်းဖို့ အားအပြည့်နဲ့ ရှေ့ကနေ မားမားမတ်မတ်ရပ်ပေးသွားမယ် ။

ပြောချင်တာကလေ အခု (၃၄)နှစ်အရွယ်မှာ
အနားမှာ ချစ်တဲ့မိသားစုရယ်၊ မိတ်ဆွေကောင်းတွေရယ်၊ ချစ်တဲ့ပရိတ်သတ်တွေရယ် အများကြီး ကိုယ့်အနားမှာရှိနေတုန်းမလို့ ကျေနပ်တယ်။ ပြီးတော့ လူတွေနဲ့ပက်သက်လို့လည်း ဘယ်သူ့အပေါ်ပဲ ဖြစ်ဖြစ် အကောင်းဆုံးစိတ်အခံနဲ့ ဆက်ဆံပေးခဲ့တာဖြစ်လို့ လူတိုင်းအပေါ်မှာ ဒီးဒီလိပ်ပြာလုံတယ်။ မကောင်းလို့ ဘဝထဲက ထုတ်လိုက်တဲ့သူတွေကို ပြန်လာပါ မျှော်လင့်ချက်လုံးဝမရှိတော့သလို ကြုံကြိုက်ရင်တောင် သတိတရ ရှိမနေတတ်တော့ဘူး။ ကိုယ့်ထက်သာရင် ဝမ်းသာပေးလိုက်မယ် ၊ ကိုယ့်အောက်ရောက်နေလို့ ကူနိုင်၊ကယ်နိုင်ရင် ကူပေးလိုက်မယ်။ အဲဒီစိတ်တွေပဲရှိတော့တယ် ။

ဒါပေမယ့် ဘယ်သူ ကိုယ့်အပေါ်မှာ ဘယ်လိုစိတ်ရှိတယ်ဆိုတာတော့ ကောင်းကောင်းကြီးသိခဲ့ပြီ။

ဟုတ်ကဲ့။
(၃၄)နှစ်ပြည့် မွေးနေ့က စပြီး မျက်နှာဖုံးစွပ်နဲ့ဘဝထဲဝင်လာပြီး ပြန်ထွက်ခါနီးမှ မျက်နှာဖုံးကွာကျတဲ့လူတွေနဲ့ မဆုံရအောင် လူပေါင်းမမှားဖို့ ပိုကြိုးစားမှာပါ”လို့ ဆိုပါတယ်။

အဆိုေတာ္မင္းသမီးေခ်ာ စႏၵီျမင့္လြင္ ဟာ ၾသဂုတ္လ ၁၂ရက္ေန႔မွာ ၃၄ႏွစ္ျပည့္သြားပါၿပီ။ ေမြးေန႔တိုင္းေနအိမ္မွာ ေအးခ်မ္းေအာင္ျမင္အုတ္ခြက္ဘုရားကို ပင့္ေဆာင္ပူေဇာ္ခဲ့ပါတယ္။ အခုႏွစ္ဆိုရင္ေတာ့ ဘုရားပင့္ေဆာင္ပူေဇာ္ခဲ့တာ ၈ႏွစ္ရွိသြားခဲ့ပါၿပီ။ အသက္၃၄ႏွစ္ ေရာက္လာတဲ့အခ်ိန္မွာ သူ႔ရဲ့စိတ္ခံစားခ်က္ သေဘာထားနဲ႔ပတ္သက္ၿပီး စႏၵီျမင့္လြင္က “ဒီေန႔ (၃၄)ႏွစ္ ျပည့္ခဲ့ပီ။

 

(၃၄)ႏွစ္ထက္ ပို​ၿပီး ရင့္က်က္နိုင္ေအာင္ႀကိဳးစားေနပါတယ္။

 

ဘ၀မွာေႂကြးေဟာင္းေတြဆပ္ရင္းေႂကြးသစ္ခ်ေနသူတစ္ေယာက္ပါ။

ဘယ္သူကကိုယ့္ကိုဘယ္လိုသေဘာေတြပဲထားထား၊ သည္းခံနိုင္သေလာက္ သည္းခံခဲ့ပါတယ္ (ကိုယ္ျပန္ေျပာလိုက္ရင္ တစ္ခြန္းထဲနဲ႔ေသသြားၾကမွာ စိုးလို႔ပါ)😍

ဘယ္သူ႔ကိုယ့္အေပၚခ်စ္ခ်စ္ ၊ မခ်စ္ခ်စ္ အရင္လို ၀မ္းမနည္းတတ္ေတာ့ပါဘူး။

 

ခုဆို ကိုယ့္ကိုခ်စ္တဲ့သမီးေလး၊ ကိုယ့္ကိုခ်စ္တဲ့ထရက္ရွာ့ေဖေဖ၊ ကိုယ့္ကိုခ်စ္တဲ့အေဖနဲ႔အေမ❤️

သူတို႔အတြက္၊ ၿပီးေတာ့ ကိုယ့္ကိုခ်စ္တဲ့မိတ္ေဆြအေပါင္းအသင္းေတြ၊ Hardcore fan group🤩

သူတို႔အတြက္အသက္ရွင္ေနတယ္။ ေပ်ာ္တယ္၊ ေက်နပ္တယ္။

 

ဒီေန႔အထိ ဘ၀မွာ ေနာင္တရစရာ ဘာမွမရွိခဲ့ဘူး။ ေနာင္တရေစမယ့္ အရာဘာမွ မလုပ္ခဲ့ဘူး။ ျဖစ္လာသမၽွ အရာအားလုံးကို လက္ခံပီး အသက္ဆက္ရွင္သြားမယ္။

 

ေဒါသႀကီးၿပီး မဟုတ္မခံတတ္တဲ့စိတ္ေတြ မရွိေတာ့ေပမယ့္ ကိုယ့္သမီးေလးနဲ႔ မိသားစုအတြက္ဆိုရင္ ရွင္းသင့္တာရွင္းဖို႔ အားအျပည့္နဲ႔ ေရွ႕ကေန မားမားမတ္မတ္ရပ္ေပးသြားမယ္ ။

 

ေျပာခ်င္တာကေလ အခု (၃၄)ႏွစ္အရြယ္မွာ

အနားမွာ ခ်စ္တဲ့မိသားစုရယ္၊ မိတ္ေဆြေကာင္းေတြရယ္၊ ခ်စ္တဲ့ပရိတ္သတ္ေတြရယ္ အမ်ားႀကီး ကိုယ့္အနားမွာရွိေနတုန္းမလို႔ ေက်နပ္တယ္။ ၿပီးေတာ့ လူေတြနဲ႔ပက္သက္လို႔လည္း ဘယ္သူ႔အေပၚပဲ ျဖစ္ျဖစ္ အေကာင္းဆုံးစိတ္အခံနဲ႔ ဆက္ဆံေပးခဲ့တာျဖစ္လို႔ လူတိုင္းအေပၚမွာ ဒီးဒီလိပ္ျပာလုံတယ္။ မေကာင္းလို႔ ဘဝထဲက ထုတ္လိုက္တဲ့သူေတြကို ျပန္လာပါ ေမၽွာ္လင့္ခ်က္လုံးဝမရွိေတာ့သလို ၾကဳံႀကိဳက္ရင္ေတာင္ သတိတရ ရွိမေနတတ္ေတာ့ဘူး။ ကိုယ့္ထက္သာရင္ ဝမ္းသာေပးလိုက္မယ္ ၊ ကိုယ့္ေအာက္ေရာက္ေနလို႔ ကူနိုင္၊ကယ္နိုင္ရင္ ကူေပးလိုက္မယ္။ အဲဒီစိတ္ေတြပဲရွိေတာ့တယ္ ။

 

ဒါေပမယ့္ ဘယ္သူ ကိုယ့္အေပၚမွာ ဘယ္လိုစိတ္ရွိတယ္ဆိုတာေတာ့ ေကာင္းေကာင္းႀကီးသိခဲ့ၿပီ။

ဟုတ္ကဲ့။

(၃၄)ႏွစ္ျပည့္ ေမြးေန႔က စၿပီး မ်က္ႏွာဖုံးစြပ္နဲ႔ဘဝထဲဝင္လာၿပီး ျပန္ထြက္ခါနီးမွ မ်က္ႏွာဖုံးကြာက်တဲ့လူေတြနဲ႔ မဆုံရေအာင္ လူေပါင္းမမွားဖို႔ ပိုႀကိဳးစားမွာပါ”လို႔ ဆိုပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here