“ခက်ခဲရုန်းကန်ခဲ့တဲ့ ဘဝကလာခဲ့ရသူမို့ အောင်မြင်လာချိန်မှာ ဘဝမေ့မသွားဘူးဟုဆိုလာသူ နေဆန်း´´

0
257

Social Media မှ တဆင့် ပရိသတ်အားပေးမှု များစွာရရှိနေသူ တစ်ဦးကတော့ နေဆန်း ပဲဖြစ်ပါတယ်။ မိန်းကလေးပုံစံနှင့် ရိုက်ကူးတင်ဆက်မှုတွေမှာ သရုပ်ဆောင်ပီပြင်မှုတွေကြောင့်လည်း ပရိသတ်တွေ အချစ်ပိုနေရသူတစ်ဦးလည်းဖြစ်ပါတယ်။ ငယ်စဥ်ဘဝက ခက်ခဲစွာရုန်းကန်နေရခဲ့ရသူမို့ အောင်မြင်မှုရရှိလာတဲ့အချိန်မှာလည်း ဘဝမမေ့ဘူးဟုဆိုလာသူတစ်ဦးပါ။ နေဆန်းတို့ငယ်ဘဝက အရမ်းခက်ခဲခဲ့တယ်။ မပြည့်စုံမှုတွေများပြားခဲ့တာကြောင့် ကိုယ်ကြီးလာတဲ့ အချိန်မှာ မိသားစုအပေါ် ကောင်းကောင်းမွန်မွန်ထားချင်တယ်။ ဒါ့ကြောင့် အခက်အခဲတွေကြားထဲကပဲ နေဆန်းကြိုးစားရုန်းကန်ခဲ့တယ်။ ကြိုးစားမှုကြောင့်လည်း ခုချိန်မှာ ကိုယ့်မိဘတွေ၊မိသားစုတွေ အပေါ်မှာကျေးဇူးပြန်ဆပ်ခွင့်ရတယ်။ ကိုယ့်လိုပဲ ခက် က်ခဲခဲရုန်းကန်ခဲ့ရသူတွေတွေ့ရင်လည်း နေဆန်း ကိုယ်ချင်းစာတယ်။ ဒါကြောင့် သူတို့ကိုလည်း ဘာပဲဖြစ်ဖြစ်အားမလျော့ဖို့ပြောချင်တယ်။ ကိုယ်ကြိုးစားလို့ ဖြစ်မလာသေးတာပဲရှိပါတယ်။ ကိုယ့်ကြိုးစားမှုကတစ်နေ့တစ်ချိန်မှာ အရာထင်လာပါလိမ့်မယ် လို့ အားပေးစကားပြောပါတယ်။ ရုပ်ရှင်ရိုက်ကူးဖို့ အစီအစဥ်နှင့်ပတ်သတ်လို့လည်း “အရင်က ရုပ်ရှင်ရိုက်ကူးဖို့ ကမ်းလှမ်းလာတာမျိုးတော့ရှိတယ်…စကားဝဲပြီး မြန်မာစကားသိပ်မပီပြင်သေးလို့ မရိုက်ဖြစ်တာ´´လို့လည်း ပြောပါတယ်။ စီးပွားရေး လုပ်ငန်းလုပ်ကိုင်ဖို့ကိုလည်း အရမ်းဝါသနာပါတယ်လို့​​နေဆန်းကပြောပါတယ်။ အရင်က နေဆန်းကဆံပင်ညှပ်ဆရာ ဆိုတော့ Beauty Saloon ဖွင့်ဖို့ စီစဥ်နေတယ်။ ခုလောလောဆယ်တော့ မဖွင့်ဖြစ်သေးဘူး။ နောက်နှစ်ထဲမှာဖွင့်နိုင်အောင်ရည်မှန်းထားတယ်လို့ နေဆန်းက ပြောပါတယ်။ လက်ရှိမှာတော့ အလှှုအတန်းလေးတွေ မကြာခနလုပ်ဖြစ်နေသလို မွေးနေ့လ လည်းဖြစ်တာကြောင့် တစ်လလုံးကို အလှူဒါန ပြုလုပ်ရင်းဖြတ်သန်းသွားမယ်လို့ နေဆန်းက ပြောပါတယ်။

ရွှေရည်၊

ဓာတ်ပုံ-အောင်ဇော်မင်း

Social Media မွ တဆင့္ ပရိသတ္အားေပးမႈ မ်ားစြာရရွိေနသူ တစ္ဦးကေတာ့ ေနဆန္း ပဲျဖစ္ပါတယ္။  မိန္းကေလးပုံစံႏွင့္ ရိုက္ကူးတင္ဆက္မႈေတြမွာ သ႐ုပ္ေဆာင္ပီျပင္မႈေတြေၾကာင့္လည္း ပရိသတ္ေတြ အခ်စ္ပိုေနရသူတစ္ဦးလည္းျဖစ္ပါတယ္။ ငယ္စဥ္ဘဝက ခက္ခဲစြာ႐ုန္းကန္ေနရခဲ့ရသူမို႔ ေအာင္ျမင္မႈရရွိလာတဲ့အခ်ိန္မွာလည္း ဘဝမေမ့ဘူးဟုဆိုလာသူတစ္ဦးပါ။ ေနဆန္းတို႔ငယ္ဘဝက အရမ္းခက္ခဲခဲ့တယ္။ မျပည့္စုံမႈေတြမ်ားျပားခဲ့တာေၾကာင့္ ကိုယ္ႀကီးလာတဲ့ အခ်ိန္မွာ မိသားစုအေပၚ ေကာင္းေကာင္းမြန္မြန္ထားခ်င္တယ္။ ဒါ့ေၾကာင့္ အခက္အခဲေတြၾကားထဲကပဲ ေနဆန္းႀကိဳးစား႐ုန္းကန္ခဲ့တယ္။ ႀကိဳးစားမႈေၾကာင့္လည္း ခုခ်ိန္မွာ ကိုယ့္မိဘေတြ၊မိသားစုေတြ အေပၚမွာေက်းဇူးျပန္ဆပ္ခြင့္ရတယ္။ ကိုယ့္လိုပဲ ခက္ က္ခဲခဲ႐ုန္းကန္ခဲ့ရသူေတြေတြ႕ရင္လည္း ေနဆန္း ကိုယ္ခ်င္းစာတယ္။ ဒါေၾကာင့္ သူတို႔ကိုလည္း ဘာပဲျဖစ္ျဖစ္အားမေလ်ာ့ဖို႔ေျပာခ်င္တယ္။ ကိုယ္ႀကိဳးစားလို႔ ျဖစ္မလာေသးတာပဲရွိပါတယ္။ ကိုယ့္ႀကိဳးစားမႈကတစ္ေန႔တစ္ခ်ိန္မွာ အရာထင္လာပါလိမ့္မယ္ လို႔ အားေပးစကားေျပာပါတယ္။ ႐ုပ္ရွင္ရိုက္ကူးဖို႔ အစီအစဥ္ႏွင့္ပတ္သတ္လို႔လည္း “အရင္က ႐ုပ္ရွင္ရိုက္ကူးဖို႔ ကမ္းလွမ္းလာတာမ်ိဳးေတာ့ရွိတယ္…စကားဝဲၿပီး ျမန္မာစကားသိပ္မပီျပင္ေသးလို႔ မရိုက္ျဖစ္တာ´´လို႔လည္း ေျပာပါတယ္။ စီးပြားေရး လုပ္ငန္းလုပ္ကိုင္ဖို႔ကိုလည္း အရမ္းဝါသနာပါတယ္လို႔​​ေနဆန္းကေျပာပါတယ္။ အရင္က ေနဆန္းကဆံပင္ညႇပ္ဆရာ ဆိုေတာ့ Beauty Saloon ဖြင့္ဖို႔ စီစဥ္ေနတယ္။ ခုေလာေလာဆယ္ေတာ့ မဖြင့္ျဖစ္ေသးဘူး။ ေနာက္ႏွစ္ထဲမွာဖြင့္နိုင္ေအာင္ရည္မွန္းထားတယ္လို႔ ေနဆန္းက ေျပာပါတယ္။ လက္ရွိမွာေတာ့ အလွႈအတန္းေလးေတြ မၾကာခနလုပ္ျဖစ္ေနသလို ေမြးေန႔လ လည္းျဖစ္တာေၾကာင့္ တစ္လလုံးကို အလႉဒါန ျပဳလုပ္ရင္းျဖတ္သန္းသြားမယ္လို႔ ေနဆန္းက ေျပာပါတယ္။

ေရႊရည္၊

ဓာတ္ပုံ-ေအာင္ေဇာ္မင္း


LEAVE A REPLY

Please enter your comment!
Please enter your name here