“Covid 19 positive လူနာတွေက တရားခံတွေမဟုတ်တာကြောင့် သူတို့ကိုအားပေးစေချင်တယ် ဆိုတဲ့ ထွန်းကိုကိုနှင့် သီရိရှင်းသန့်´´

0
146

“Covid 19 positive လူနာတွေက တရားခံတွေမဟုတ်တာကြောင့် သူတို့ကိုအားပေးစေချင်တယ် ဆိုတဲ့ ထွန်းကိုကိုနှင့် သီရိရှင်းသန့်´´
လတ်တလောမှာ Covid 19 second wave ပြန်လည်ဖြစ်ပေါ်နေတာကြောင့် အများပြည်သူစိုးရိမ်ထိတ်လန့်နေကြတာပါ။ Covid19ရောဂါနဲ့ ပတ်သတ်လို့ ဘယ်သူမှတော့ ဒီရောဂါမဖြစ်ချင်ကျဘူးပေါ့။ ကူးစက်ခံရတဲ့ သူတွေကိုယ်တိုင်ကလည်း သူတို့အနေနဲ့ ​အားငယ်ကြောက်လန့်နေကြမှာပါ။ ဒါကို တချို့က social media မှာ ဓာတ်ပုံတွေရိုက်တင်ကျ၊ အပြစ်တင်ဝေဖန်ကျတာ မပြုလုပ်စေချင်ဘူးလို့ ထွန်းကိုကိုနှင့် သီရိရှင်းသန့်ကပြောပါတယ်။ လက်ရှိမှာ လည်း ရောဂါပြန့်ပွားမှုနှုန်းမြင့်တက်နေတာကြောင့် အားလုံးကို အထူးဂရုစိုက်စေချင်တယ်လို့ပြောပါတယ်။ ကိုယ်ခံအားကောင်းမွန်ခြင်းကလည်း အရေးပါတာကြောင့် အစားအသောက်ဂရုစိုက်စားရန်လည်းတိုက်တွန်းပါတယ်။ ရောဂါအခံရှိသူများအနေဖြင့် ပိုမိုဂရုစိုက်ရန်လိုအပ်ကြောင်းနှင့် ပြည်သူများအနေဖြင့် နိုင်ငံတော်မှ သတ်မှတ်ထားသောစည်းကမ်းများကို စနစ်တကျလိုက်နာရန် တိုက်တွန်းလိုက်ပါတယ်။



LEAVE A REPLY

Please enter your comment!
Please enter your name here