“အမေ က အစားထိုးလို့မရလို့ ချစ်သူက ဒုတိယနေရာမှာပဲရှိလိမ့်မယ်ဆိုတဲ့ တန်ခွန်ကျော်”

0
208

“အမေ က အစားထိုးလို့မရလို့ ချစ်သူက ဒုတိယနေရာမှာပဲရှိလိမ့်မယ်ဆိုတဲ့ တန်ခွန်ကျော်”
မြန်မာIdolပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ တန်ခွန်ကျော် ဆိုတာ လူကြီး၊လူငယ်မရွေး အားပေးချစ်ခင်ကြတယ့် အဆိုရှင်တစ်ဦးပါ။ မိခင်ကိုလည်း ချစ်မြတ်နိုးပြီး အလုပ်အကျွေးပြုနေတဲ့ သားလိမ္မာတစ်ယောက်ပါ။ တစ်ချိန်မှာ အိမ်ထောင်ပြုဖြစ်ခဲ့ရင် မိခင်အပေါ်မှာ ချစ်ခင်မြတ်နိုးပြီး အိမ်ထောင်တာဝန်ကို ကျေပွန်နိုင်တဲ့ အမျိုးသမီးကိုသာ ဖူးစာရှင်အဖြစ်ရွေးချယ်ချင်တယ်လို့ပြောပါတယ်။ ရုပ်ချောတာ မချောတာထက် အဓိက ကနားလည်ပေးနိုင်ဖို့ပါပဲ။မိခင်များအားလုံးကို ကိုယ်စားပြုတဲ့ သီချင်းလည်းကြိုးစားဖန်တီးနေတယ်လို့ တန်ခွန်ကျော် ကပြောပါတယ်။ လက်တလောမှာလည်း “ခံနိုင်ရည်မရှိ´´ ဆိုတဲ့ သီချင်းထွက်ထားပြီးသလို ပရိသတ်အားပေးမှုလည်းများစွာ ရရှိနေပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here