ရောင်းသင့်တာမှန်သမျှအားလုံးရောင်းပြီး ကြိုးစားရုန်းကန်နေတဲ့ ဖိုးချစ်

0
125

ရောင်းသင့်တာမှန်သမျှအားလုံးရောင်းပြီး ကြိုးစားရုန်းကန်နေတဲ့ ဖိုးချစ်

လက်ရှိကာလမှာ ပြည်သူတွေအားလုံးက ကိုဗစ်ကြောင့် ရုန်းကန်နေရပါတယ်။ဒီလိုရုန်းကန်နေ
ရတဲ့အထဲမှာ ပြည်သူတွေထဲက ပြည်သူတွေဖြစ်တဲ့ အနုပညာရှင်တွေလည်းပါ၀င်ပါတယ်။
သဘင်မင်းသားမြို့ရွှေမန်းသားဖိုးချစ်ဆိုရင်လည်း အခုလက်ရှိအချိန်မှာ ဘဏ်မှာအကြွေးတွေ
အများကြီးရှိနေတယ်လို့သိရပါတယ်။ သူဟာစစ်ကိုင်းဘောလုံးအသင်းရဲ့ ဥက္ကဌတစ်ဦးလည်းဖြစ်ပြီး
ကိုယ်ပိုင်ဇာတ်အဖွဲ့နဲ့ ကပြနေတဲ့ သူတစ်ဦးဖြစ်တာကြောင့်လည်း သူ့အနေနဲ့ လုပ်ခလစာပေးမှုက
တော်တော်လေးကို ကုန်ကျစရိတ်များပါတယ်။ သို့ပေမဲ့လည်း မြို့ရွှေမန်းသားဖိုးချစ်ကတော့ သူ့အနေနဲ့
စိတ်ဓါတ်လုံး၀မကျဘဲ အမြဲတမ်းကြိုးစားနေမှာဖြစ်တယ်လို့ ပြောပြပါတယ်။
‘’ကျွန်တော်လည်းအကြွေးတွေအများကြီးပဲ။ ကျွန်တော်အပြင်မှာလုပ်တဲ့ စီးပွားရေးတွေဆိုရင်လည်းရပ်နေတယ်။
ကျွန်တော်ကမျက်နှာကြီးနွမ်းပြနေပြီး စိတ်ဓါတ်တွေကျပြနေရင် ကျွန်တော့်အဖွဲ့သူအဖွဲ့သားတွေနဲ့
ကျွန်တော့်လောကဘယ်လိုလုပ်မလဲ။ ဒါကြောင့်ကျွန်တော်ပျော်အောင်နေတယ်။ တစ်ချို့ကကျွန်တော့်ကိုအဆင်ပြေတယ်ထင်ကြတယ်။ ပြေတယ်ထင်တာတော့ကောင်းပါတယ်။ ဒါပေမဲ့ကျွန်တော်ကားနှစ်စီးရောင်းလိုက်ပြီ။ Expressကားကို ဘဏ်မှာအပေါင်ထားတယ်။ ရောင်းသင့်တာမှန်သမျှရောင်းလိုက်ရတယ်။ ဒါပေမဲ့၀မ်းမနည်းပါဘူး။ ပြန်တည်ဆောက်မှာပေါ့။ စိတ်အဆင်ပြေအောင်နေပါတယ်။
စိတ်ဓါတ်မကျဘူး။ ဒီလိုအခက်အခဲပြသနာတွေကို လည်စင်းပြီးတော့ မပေးဘူး။ နည်းလမ်းရှိရမယ်။
ရအောင်ရုန်းထွက်မယ်။ ဖောက်ထွက်မယ်။ ဖြတ်သန်းမယ်။ အဲဒါမှလူပီသမှာပေါ့။ ပြီးတော့
ကျွန်တော်ဘာသာရေးတော့ပိုပြီးတော့ လုပ်ဖြစ်သွားတယ်’’လို့ လက်ရှိသူရုန်းကန်ဖြတ်သန်းနေရမှုနဲ့
ပတ်သက်လို့ ဖိုးချစ်ကပြောပါတယ်။

လင်းအက္ခရာ

ေရာင္းသင့္တာမွန္သမၽွအားလုံးေရာင္းၿပီး ႀကိဳးစား႐ုန္းကန္ေနတဲ့ ဖိုးခ်စ္

လက္ရွိကာလမွာ ျပည္သူေတြအားလုံးက ကိုဗစ္ေၾကာင့္ ႐ုန္းကန္ေနရပါတယ္။ဒီလို႐ုန္းကန္ေနရတဲ့အထဲမွာ ျပည္သူေတြထဲက ျပည္သူေတြျဖစ္တဲ့ အႏုပညာရွင္ေတြလည္းပါ၀င္ပါတယ္။
သဘင္မင္းသားၿမိဳ႕ေရႊမန္းသားဖိုးခ်စ္ဆိုရင္လည္း အခုလက္ရွိအခ်ိန္မွာ ဘဏ္မွာအေႂကြးေတြ
အမ်ားႀကီးရွိေနတယ္လို႔သိရပါတယ္။ သူဟာစစ္ကိုင္းေဘာလုံးအသင္းရဲ့ ဥကၠဌတစ္ဦးလည္းျဖစ္ၿပီး
ကိုယ္ပိုင္ဇာတ္အဖြဲ႕နဲ႔ ကျပေနတဲ့ သူတစ္ဦးျဖစ္တာေၾကာင့္လည္း သူ႔အေနနဲ႔ လုပ္ခလစာေပးမႈက
ေတာ္ေတာ္ေလးကို ကုန္က်စရိတ္မ်ားပါတယ္။ သို႔ေပမဲ့လည္း ၿမိဳ႕ေရႊမန္းသားဖိုးခ်စ္ကေတာ့ သူ႔အေနနဲ႔
စိတ္ဓါတ္လုံး၀မက်ဘဲ အျမဲတမ္းႀကိဳးစားေနမွာျဖစ္တယ္လို႔ ေျပာျပပါတယ္။
‘’ကၽြန္ေတာ္လည္းအေႂကြးေတြအမ်ားႀကီးပဲ။ ကၽြန္ေတာ္အျပင္မွာလုပ္တဲ့ စီးပြားေရးေတြဆိုရင္လည္းရပ္ေနတယ္။
ကၽြန္ေတာ္ကမ်က္ႏွာႀကီးႏြမ္းျပေနၿပီး စိတ္ဓါတ္ေတြက်ျပေနရင္ ကၽြန္ေတာ့္အဖြဲ႕သူအဖြဲ႕သားေတြနဲ႔
ကၽြန္ေတာ့္တို႔ေလာကဘယ္လိုလုပ္မလဲ။ ဒါေၾကာင့္ကၽြန္ေတာ္ေပ်ာ္ေအာင္ေနတယ္။ တစ္ခ်ိဳ႕ကကၽြန္ေတာ့္
ကိုအဆင္ေျပတယ္ထင္ၾကတယ္။ ေျပတယ္ထင္တာေတာ့ေကာင္းပါတယ္။ ဒါေပမဲ့ကၽြန္ေတာ္ကားႏွစ္စီး ေရာင္းလိုက္ၿပီ။ Expressကားကို ဘဏ္မွာအေပါင္ထားတယ္။ ေရာင္းသင့္တာမွန္သမၽွေရာင္းလိုက္ရတယ္။ ဒါေပမဲ့၀မ္းမနည္းပါဘူး။ ျပန္တည္ေဆာက္မွာေပါ့။ စိတ္အဆင္ေျပေအာင္ေနပါတယ္။ စိတ္ဓါတ္မက်ဘူး။ ဒီလိုအခက္အခဲျပသနာေတြကို လည္စင္းၿပီးေတာ့မေပးဘူး။ နည္းလမ္းရွိရမယ္။
ရေအာင္႐ုန္းထြက္မယ္။ ေဖာက္ထြက္မယ္။ ျဖတ္သန္းမယ္။ အဲဒါမွလူပီသမွာေပါ့။ ၿပီးေတာ့ကၽြန္ေတာ္ဘာသာေရးေတာ့ပိုၿပီးေတာ့ လုပ္ျဖစ္သြားတယ္’’လို႔ လက္ရွိသူ႐ုန္းကန္ျဖတ္သန္းေနရမႈနဲ႔ ပတ္သက္လို႔ ဖိုးခ်စ္ကေျပာပါတယ္။ လင္းအကၡရာ


LEAVE A REPLY

Please enter your comment!
Please enter your name here