“ချစ်သူကောင်မလေးရဲ့မွေးနေ့မှာ စိန်တစ်ဆင်စာနဲ့ လက်ထပ်ခွင့်တောင်းလိုက်တဲ့အဆိုတော်နိုင်းဝမ်း” 

0
225

“ချစ်သူကောင်မလေးရဲ့မွေးနေ့မှာ စိန်တစ်ဆင်စာနဲ့ လက်ထပ်ခွင့်တောင်းလိုက်တဲ့အဆိုတော်နိုင်းဝမ်း”

အဆိုတော် နိုင်းဝမ်းက သူ့ချစ်သူရဲ့မွေးနေ့နဲ့ သူတို့ရဲ့နှစ်ပတ်လည်နေ့မှာ ချစ်သူရဲ့ မိဘတွေထံမှာ စိန်တစ်ဆင်စာနဲ့ လက်ထပ်ခွင့်တောင်းလိုက်ပါတယ်။ ဘယ်လောက်တောင်ကြည်နူးစရာကောင်းလိုက်သလဲနော်။ ဒီဝါကျွတ်ပြီးတာနဲ့ နှစ်ဦးသားတရားဝင်လက်ထပ်ကြတော့မှာပါ။

ဒီနေ့က ကျွန်တော့ဘဝအတွက် အပျော်ဆုံးနေ့တွေထဲက နေ့တစ်နေ့ဖြစ်ပါတယ်..
လက်ထပ်ဖို့အထိရည်ရွယ်ပြီးအရမ်းချစ်ခဲ့ရတဲ့မိန်းကလေးကိုပိုင်ဆိုင်နိုင်ဖို့ မိဘရဲ့အထောက်အပံ့မယူပဲ ကိုယ့်အားကိုယ်ကိုးပြီး ရှာဖွေစုဆောင်းထားတဲ့ငွေလေးတွေနဲ့တင်တောင်းနိုင်ခဲ့လို့ပါ💪🏻💪🏻💪🏻
ကျွန်တော်တို့စုံတွဲရဲ့နှစ်ပတ်လည်နေ့နဲ့ ချစ်သူရဲ့မွေးနေ့လေးဖြစ်တဲ့ဒီရက်လေးမှာ မှတ်မှတ်ရရဖြစ်သွားအောင် မြန်မာ့ထုံးတမ်းအစဉ်အလာအတိုင်း မိသားဖသားပီပီတောင်းရမ်းခဲ့ပြီးပြီဖြစ်လို့ ဒီနှစ်ဝါကျွတ်ရင် လက်ထပ်နိုင်ဖို့ ချစ်သူရဲ့မိဘတွေထံမှ ခွင့်ပြုချက်လဲရခဲ့ပါပြီဗျ
ဒီဇင်ဘာလ ၉ရက်နေ့မှာ တရားဝင်လက်မှတ်ရေးထိုးကြမှာဖြစ်ပြီး၊ မင်္ဂလာဧည့်ခံပွဲကိုတော့ ကိုဗစ်ကာလပြီးတာနဲ့ကျင်းပကြမှာဖြစ်ပါတယ်😍😍😍
(ဒီထက်အကြီးကြီးတွေရည်ရွယ်ထားခဲ့ပေမဲ့ ကိုဗစ်ပေးတဲ့ဒုက္ခကြောင့် နဲနဲသေးသွားတဲ့ မွေးနေ့လက်ဆောင်စိန်တစ်ဆင်စာလေးအတွက်တော့ နားလည်ပေးပါသဲသဲလေးရေ😂😂😂) လို့ သူ့ရဲ့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

အဆိုေတာ္ နိုင္းဝမ္းက သူ႔ခ်စ္သူရဲ့ေမြးေန႔နဲ႔ သူတို႔ရဲ့ႏွစ္ပတ္လည္ေန႔မွာ ခ်စ္သူရဲ့ မိဘေတြထံမွာ စိန္တစ္ဆင္စာနဲ႔ လက္ထပ္ခြင့္ေတာင္းလိုက္ပါတယ္။ ဘယ္ေလာက္ေတာင္ၾကည္ႏူးစရာေကာင္းလိုက္သလဲေနာ္။ ဒီဝါကၽြတ္ၿပီးတာနဲ႔ ႏွစ္ဦးသားတရားဝင္လက္ထပ္ၾကေတာ့မွာပါ။

ဒီေန႔က ကၽြန္ေတာ့ဘဝအတြက္ အေပ်ာ္ဆုံးေန႔ေတြထဲက ေန႔တစ္ေန႔ျဖစ္ပါတယ္..
လက္ထပ္ဖို႔အထိရည္ရြယ္ၿပီးအရမ္းခ်စ္ခဲ့ရတဲ့မိန္းကေလးကိုပိုင္ဆိုင္နိုင္ဖို႔ မိဘရဲ့အေထာက္အပံ့မယူပဲ ကိုယ့္အားကိုယ္ကိုးၿပီး ရွာေဖြစုေဆာင္းထားတဲ့ေငြေလးေတြနဲ႔တင္ေတာင္းနိုင္ခဲ့လို႔ပါ💪🏻💪🏻💪🏻
ကၽြန္ေတာ္တို႔စုံတြဲရဲ့ႏွစ္ပတ္လည္ေန႔နဲ႔ ခ်စ္သူရဲ့ေမြးေန႔ေလးျဖစ္တဲ့ဒီရက္ေလးမွာ မွတ္မွတ္ရရျဖစ္သြားေအာင္ ျမန္မာ့ထုံးတမ္းအစဥ္အလာအတိုင္း မိသားဖသားပီပီေတာင္းရမ္းခဲ့ၿပီးၿပီျဖစ္လို႔ ဒီႏွစ္ဝါကၽြတ္ရင္ လက္ထပ္နိုင္ဖို႔ ခ်စ္သူရဲ့မိဘေတြထံမွ ခြင့္ျပဳခ်က္လဲရခဲ့ပါၿပီဗ်
ဒီဇင္ဘာလ ၉ရက္ေန႔မွာ တရားဝင္လက္မွတ္ေရးထိုးၾကမွာျဖစ္ၿပီး၊ မဂၤလာဧည့္ခံပြဲကိုေတာ့ ကိုဗစ္ကာလၿပီးတာနဲ႔က်င္းပၾကမွာျဖစ္ပါတယ္😍😍😍
(ဒီထက္အႀကီးႀကီးေတြရည္ရြယ္ထားခဲ့ေပမဲ့ ကိုဗစ္ေပးတဲ့ဒုကၡေၾကာင့္ နဲနဲေသးသြားတဲ့ ေမြးေန႔လက္ေဆာင္စိန္တစ္ဆင္စာေလးအတြက္ေတာ့ နားလည္ေပးပါသဲသဲေလးေရ😂😂😂) လို႔ သူ႔ရဲ့ ပရိသတ္ေတြကို အသိေပးခဲ့ပါတယ္


LEAVE A REPLY

Please enter your comment!
Please enter your name here