“တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေရှိပြီး ချစ်နေဖို့က အဓိကပါပဲ ဆိုတဲ့ သိရိရှင်းသန့်တို့ချစ်သူနှစ်ဦး´´

0
135

“တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေရှိပြီး ချစ်နေဖို့က အဓိကပါပဲ ဆိုတဲ့ သိရိရှင်းသန့်တို့ချစ်သူနှစ်ဦး´´ ချိုမြန်တဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုရရှိနေသူတစ်ဦးကတော့တိုင်းရင်းသူလေး သီရိရှင်းသန့်ပဲ ဖြစ်ပါတယ်။ မကြာသေးမီအချိန်ကမှလည်း သူမရဲ့ ချစ်ရတဲ့သူကို ပရိသတ်ကြီးအတွက်ချပြခဲ့တာပါ။ ချစ်သူကလည်း တိုင်းရင်းသားတစ်ဦးဖြစ်ပြီး သီရိရှင်းသန့်အပေါ်မှာ အလွန်ချစ်မြတ်နိုးသူတစ်ယောက်ပါ။ တစ်ဦးနဲ့တစ်ဦး နားလည်မှု၊ယုံကြည်မှုတွေနဲ့တည်ဆောက်ထားပြီး သာယာပျော်ရွှင်တဲ့အချစ်ရေးကို တည်ဆောက်ထားကြတာပါ။ သိရိ ကို ချစ်ခွင့်ပန်တော့ သူကရည်းစားစကားမပြောပဲ လက်ထပ်ခွင့်တစ်ခါတည်းတောင်းတော့ အရမ်းအံ့သြသွားတယ်။ ချစ်သူဘက်မှ မိဘဆွေမျိုးများ ကလည်းသူမကို သမီးလေးတစ်ယောက်လို လက်ခံပြီးချစ်ခင်ပေးတဲ့အတွက် ပျော်ရွှင်ချမ်းမြေ့ရတယ်လို့ သီရိရှင်းသန့် ကပြောပါတယ်။ လက်ရှိမှာတော့ Covid 19 second wave ပြန်လည်ဖြစ်ပေါ်နေတာကြောင့် ဂရုစိုက်စွာ နေထိုင်ကြဖို့ ပရိသတ်ကြီးအတွက် စကားလက်ဆောင်ပြောကြားပါတယ်။



LEAVE A REPLY

Please enter your comment!
Please enter your name here