“ရုပ်ရှင်မင်းသမီးခိုင်နှင်းဝေမှ HIV ရောဂါနှင့် မိဘနှစ်ပါးဆုံးပါးသွားသည့်ခလေးငယ်အားသူ၏ဂေဟာတွင်လက်ခံမွေးစား”

0
205

ရုပ်ရှင်မင်းသမီးခိုင်နှင်းဝေမှ HIV ကူးစက်ရောဂါနဲ့ မိဘနှစ်ပါးစလုံးဆုံးပါးသွားတဲ့ ကလေးငယ်တစ်ဦးကို သူ့ရဲ့ဂေဟာမှာ မွေးစားဖို့အတွက် လက်ခံလိုက်ပါတယ်။ ကလေးငယ်ရဲ့ မိခင်ကိုယ်တိုင်က သူမသေခင်မှာ ခိုင်နှင်းဝေ ကို ဖုန်းဆက်ပြီး အပ်ခဲ့တာဖြစ်ပါတယ်။
ကံဆိုးလွန်းတဲ့ သမီးလေးမှာလဲ HIV +ဖြစ်နေလို့ စိတ်မကောင်းစွာနဲ့ပဲ HIVကူညီ ကယ်ဆယ်တဲ့ အသင်း “ဆည်းဆာ ရောင်ခြည်”ဆီမှာ ပို့ထားရပါတယ်..ကလေးအတွက် ဆေး ရရှိရေး ကျန်းမာရေး ပြန်ကောင်းဘို့ တတ်နိူင်သမျှ ကြိုးစားပေးနေပြီး ကျန်းမာလို့ ကျောင်းတက်အရွယ် ရောက်တဲ့ အထိ ခိုင်နှင်းဝေ ကတာဝန်ယူ စောင့်ရှောက်ပေးသွားမှာပါ။
အခုလက်ရှိမှာတော့ HIVကူးစက်ခံ သမီးလေး ဟာ အသက်ရှူမဝဖြစ်ကာ အသားများ ပြာနှမ်းလာသောကြောင့်အရေးပေါ် ဆေးရုံပို့ဆောင်ထားရပါတယ်။
ဆေးစစ်ချက် အရ အဆုတ် တခြမ်း ပျက်စီးနေပြီး အောက်ဆီဂျင် ပေးထားရပါတယ်။ သမီးငယ်လေး အမြန်ဆုံး ကျန်းမာရေး ကောင်းမွန်လာပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ကံဆိုးလွန်းတဲ့ သမီးလေးမှာလဲ HIV+ ဖြစ်နေလို့ စိတ်မကောင်းစွာနဲ့ပဲ HIVကူညီ ကယ်ဆယ်တဲ့ အသင်း “ဆည်းဆာ ရောင်ခြည်”ဆီမှာ ပို့ထားရပါတယ်..ကလေးအတွက် ဆေး ရရှိရေး ကျန်းမာရေး ပြန်ကောင်းဘို့ တတ်နိုင်သမျှ ကြိုးစားပေးနေပြီး ကျန်းမာလို့ ကျောင်းတက်အရွယ် ရောက်တဲ့ အထိ ခိုင်နှင်းဝေ ကတာဝန်ယူ စောင့်ရှောက်ပေးသွားမှာပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here