သူငယ်ချင်း ခင်ပပလှိုင်ကို မွေးနေ့ကိတ် ကိုယ်တိုင်လုပ်ပြီးလက်ဆောင်ပေးခဲ့တဲ့ မြတ်ကေသီအောင်

0
450

မြတ်ကေသီအောင် က သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း သရုပ်ဆောင် ခင်ပပလှိုင်ရဲ့ မွေးနေ့အတွက် မွေးနေ့ကိတ်ကို ကိုယ်တိုင်လုပ်ခဲ့ပြီး လက်ဆောင်သွားပေးခဲ့ပါတယ်။ ခင်ပပလှိုင်ဟာ မြတ်ကေသီအောင် အပေါ် နားလည်မှုရှိပြီး ညီအမတွေလိုမျိုးခင်မင်ရင်းနှီးရတဲ့ သူငယ်ချင်းတစ်ဦးဆိုလည်း မမှားပါဘူး။ သူငယ်ချင်းအတွက် မွေးနေ့ကိတ် လုပ်ပေးဖြစ်ပုံကိုတော့ မြတ်ကေသီအောင် က…

“Happy birthday အချစ်ဆုံးသူငယ်ချင်းလေး
ဒီနေ့ မုန့်ဖုတ်စရာရှိလို့ မအားပေမဲ့ ဒီနှစ် နင့်မွေးနေ့မှာ ဘတ်ဒေးကိတ်ကိုယ်တိုင်လုပ်ပြီး သွားပေးမယ်လို့ စဥ်းစားထားလို့ မွေးနေ့ကိတ်ကို မြန်မြန်လုပ်ပြီး နင့်ဆီ အရောက်လာခဲ့တယ်. နင် နဲ့ ငါ့ကြားမှာ တခါမှ ဒီလိုမလုပ်ဖူးတော့ အမှတ်တရလေး တခုတော့ ရှိသွားတာပေါ့ .မတွေ့ရတာ ကြာနေတဲ့ နင်နဲ့ငါ ဒီမွေးနေ့လေးမှာ တွေ့ဖြစ်ကြတာ ပျော်စရာကောင်းခဲ့တယ်.စကားတွေပြောရင် နင်ကျွေးတဲ့ ညစာစားလို့ အကောင်းဆုံး ရှန်ပိန်လေးသောက်ခဲ့ရတာ ဘာမှ မသောက်တတ်တဲ့ ငါဟာ အဲ့ရှန်ပိန်လေးကောင်းကြောင်း အပြန်လမ်းမှာ သတိတရပြောနေမိတယ်.ဘာပဲပြောပြော ဒီညလေးဟာ ငါတို့သူငယ်ချင်း၂ ယောက်အတွက် အမှတ်တရလေးပေါ့ဟာ ..အမြဲချစ်တယ်နော်..သူငယ်ချင်းလေး ဒီ့ထက်ပြည့်စုံပြီး သက်ရှည်ကျန်းမာပါစေ” လို့ မွေးနေ့ဆုတောင်း စကားဆိုခဲ့ပါတယ်။

ျမတ္ေကသီေအာင္ က သူ႔ရဲ့အခ်စ္ဆုံးသူငယ္ခ်င္း သ႐ုပ္ေဆာင္ ခင္ပပလွိုင္ရဲ့ ေမြးေန႔အတြက္ ေမြးေန႔ကိတ္ကို ကိုယ္တိုင္လုပ္ခဲ့ၿပီး လက္ေဆာင္သြားေပးခဲ့ပါတယ္။ ခင္ပပလွိုင္ဟာ ျမတ္ေကသီေအာင္ အေပၚ နားလည္မႈရွိၿပီး ညီအမေတြလိုမ်ိဳးခင္မင္ရင္းႏွီးရတဲ့ သူငယ္ခ်င္းတစ္ဦးဆိုလည္း မမွားပါဘူး။ သူငယ္ခ်င္းအတြက္ ေမြးေန႔ကိတ္ လုပ္ေပးျဖစ္ပုံကိုေတာ့ ျမတ္ေကသီေအာင္ က…

“Happy birthday အခ်စ္ဆုံးသူငယ္ခ်င္းေလး
ဒီေန႔ မုန႔္ဖုတ္စရာရွိလို႔ မအားေပမဲ့ ဒီႏွစ္ နင့္ေမြးေန႔မွာ ဘတ္ေဒးကိတ္ကိုယ္တိုင္လုပ္ၿပီး သြားေပးမယ္လို႔ စဥ္းစားထားလို႔ ေမြးေန႔ကိတ္ကို ျမန္ျမန္လုပ္ၿပီး နင့္ဆီ အေရာက္လာခဲ့တယ္. နင္ နဲ႔ ငါ့ၾကားမွာ တခါမွ ဒီလိုမလုပ္ဖူးေတာ့ အမွတ္တရေလး တခုေတာ့ ရွိသြားတာေပါ့ .မေတြ႕ရတာ ၾကာေနတဲ့ နင္နဲ႔ငါ ဒီေမြးေန႔ေလးမွာ ေတြ႕ျဖစ္ၾကတာ ေပ်ာ္စရာေကာင္းခဲ့တယ္.စကားေတြေျပာရင္ နင္ေကၽြးတဲ့ ညစာစားလို႔ အေကာင္းဆုံး ရွန္ပိန္ေလးေသာက္ခဲ့ရတာ ဘာမွ မေသာက္တတ္တဲ့ ငါဟာ အဲ့ရွန္ပိန္ေလးေကာင္းေၾကာင္း အျပန္လမ္းမွာ သတိတရေျပာေနမိတယ္.ဘာပဲေျပာေျပာ ဒီညေလးဟာ ငါတို႔သူငယ္ခ်င္း၂ ေယာက္အတြက္ အမွတ္တရေလးေပါ့ဟာ ..အျမဲခ်စ္တယ္ေနာ္..သူငယ္ခ်င္းေလး ဒီ့ထက္ျပည့္စုံၿပီး သက္ရွည္က်န္းမာပါေစ” လို႔ ေမြးေန႔ဆုေတာင္း စကားဆိုခဲ့ပါတယ္။

 


LEAVE A REPLY

Please enter your comment!
Please enter your name here