“အပတ်စဉ် မိုးရာသီသဘင်ပွဲကို တစ်ပတ်နားမယ်ဆိုတဲ့ တင်မောင်ဆန်းမင်းဝင်း”

0
232

အပတ်စဉ် မိုးရာသီသဘင်ပွဲကို တစ်ပတ်နားမယ်ဆိုတဲ့ တင်မောင်ဆန်းမင်းဝင်း

တင်မောင်ဆန်းမင်းဝင်းနဲ့ ဟန်ဇာမိုးဝင်းတို့ရဲ့ မိုးရာသီသဘင်ဖျော်ဖြေပွဲကို Covid ကြောင့်
ရိုက်ကူးရေးတစ်ပတ်နားမယ်လို့ သိရပါတယ်။ ဒီလိုရိုက်ကူးရေးတစ်ပတ်နားလိုက်ရခြင်းကလည်း
နိူင်ငံတော်ထုတ်ပြန်ထားတဲ့ ကိုဗစ်စည်းကမ်းချက်တွေကို လိုက်နာတဲ့သဘောပဲဖြစ်ပြီး သူတို့အနေနဲ့
ကတော့ ရိုက်ကူးရေးကိုလည်း ကိုဗစ်စည်းကမ်းတွေနဲ့အညီ လိုက်နာပြီး ရိုက်ကူးရေးတွေလုပ်
ခဲ့ကြတာပဲဖြစ်ပါတယ်။ အခုဆိုရင် မိုးရာသီသဘင်ပွဲက တစ်လကျော်ကာလထဲကို ရောက်ရှိလို့
လာခဲ့ပြီဖြစ်ပြီး ၃လတာကပြသွားမယ်လို့လည်း ကြိုတင်ကြော်ငြာထားခဲ့တာပဲဖြစ်ပါတယ်။
သူတို့တွေအနေနဲ့ တစ်ပတ်နဲ့တစ်ပတ် မတူတဲ့တင်ဆက်မှုတွေကို တင်ဆက်ခဲ့ကြသလို ရွှေမန်း
သဘင်နဲ့ စံပြသဘင်ရဲ့ နှစ်ဖွဲ့ပေါင်းတင်ဆက်မှုတွေကြောင့် ပရိသတ်တွေက ကြိုက်နှစ်သက်လျက်
ရှိပါတယ်။
‘’ တစ်ပတ်နားပြီးရင်တော့ ကျွန်တော်တို့အနေနဲ့ ပြန်ကပါမယ်။ တင်ဆက်မှုတွေကိုလည်း
အသစ်သစ်သောတင်ဆက်မှုတွေနဲ့ တင်ဆက်သွားမှာပါ။ ပြန်ကတဲ့အပတ်မှာတော့ ဦးနန်းဝင်း
ရေးသားတဲ့ ပြဇာတ်ကို ကျွန်တော်ရယ် ကိုဟန်ဇာရယ်က ကပြသွားမယ်။ ပရိသတ်တွေ
ရသတစ်မျိုးခံစားရမှာပါ။ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးးဖြစ်အောင်ကြိုးစားသွားကြမှာပါ’’
လို့ တင်မောင်ဆန်းမင်းဝင်းကပြောပါတယ်။ မိုးရာသီသဘင်ပွဲကို အပတ်စဉ် စနေနဲ့တနင်္ဂနွေ
တိုင်းမှာ အွန်လိုင်းကနေ ကပြတင်ဆက်နေတာပဲဖြစ်ပြီး တင်မောင်ဆန်းမင်းဝင်းတစ်ရက်
ဟန်ဇာမိုးဝင်းတစ်ရက် ကပြလျက်ရှိ်နေတာပဲဖြစ်ပါတယ်။

အပတ္စဥ္ မုိးရာသီသဘင္ပြဲကုိ တစ္ပတ္နားမယ္ဆုိတဲ့ တင္ေမာင္ဆန္းမင္း၀င္း

တင္ေမာင္ဆန္းမင္း၀င္းနဲ့ ဟန္ဇာမုိး၀င္းတု့ိရဲ့ မုိးရာသီသဘင္ေဖ်ာ္ေျဖပြဲကုိ Covid ေၾကာင့္
ရုိက္ကူးေရးတစ္ပတ္နားမယ္လုိ့ သိရပါတယ္။ ဒီလုိရုိက္ကူးေရးတစ္ပတ္နားလုိက္ရျခင္းကလည္း
ႏူိင္ငံေတာ္ထုတ္ျပန္ထားတဲ့ ကုိဗစ္စည္းကမ္းခ်က္ေတြကို လုိက္နာတဲ့သေဘာပဲျဖစ္ျပီး သူတုိ့အေနနဲ့
ကေတာ့ ရုိက္ကူးေရးကုိလည္း ကုိဗစ္စည္းကမ္းေတြနဲ့အညီ လုိက္နာျပီး ရုိက္ကူးေရးေတြလုပ္
ခဲ့ၾကတာပဲျဖစ္ပါတယ္။ အခုဆုိရင္ မုိးရာသီသဘင္ပြဲက တစ္လေက်ာ္ကာလထဲကုိ ေရာက္ရွိလုိ့
လာခဲ့ျပီျဖစ္ျပီး ၃လတာကျပသြားမယ္လုိ့လည္း ၾကဳိတင္ေၾကာ္ျငာထားခဲ့တာပဲျဖစ္ပါတယ္။
သူတုိ့ေတြအေနနဲ့ တစ္ပတ္နဲ့တစ္ပတ္ မတူတဲ့တင္ဆက္မႈေတြကုိ တင္ဆက္ခဲ့ၾကသလုိ ေရႊမန္း
သဘင္နဲ့ စံျပသဘင္ရဲ့ ႏွစ္ဖြဲ့ေပါင္းတင္ဆက္မႈေတြေၾကာင့္ ပရိသတ္ေတြက ၾကဳိက္ႏွစ္သက္လ်က္
ရွိပါတယ္။
‘’ တစ္ပတ္နားျပီးရင္ေတာ့ က်ြန္ေတာ္တုိ့အေနနဲ့ ျပန္ကပါမယ္။ တင္ဆက္မႈေတြကုိလည္း
အသစ္သစ္ေသာတင္ဆက္မႈေတြနဲ့ တင္ဆက္သြားမွာပါ။ ျပန္ကတဲ့အပတ္မွာေတာ့ ဦးနန္း၀င္း
ေရးသားတဲ့ ျပဇာတ္ကုိ က်ြန္ေတာ္ရယ္ ကုိဟန္ဇာရယ္က ကျပသြားမယ္။ ပရိသတ္ေတြ
ရသတစ္မ်ဳိးခံစားရမွာပါ။က်ြန္ေတာ္တုိ့အေနနဲ့ အေကာင္းဆုံးးျဖစ္ေအာင္ၾကဳိးစားသြားၾကမွာပါ’’
လုိ့ တင္ေမာင္ဆန္းမင္း၀င္းကေျပာပါတယ္။ မုိးရာသီသဘင္ပြဲကုိ အပတ္စဥ္ စေနနဲ့တနဂၤေႏြ
တုိင္းမွာ အြန္လုိင္းကေန ကျပတင္ဆက္ေနတာပဲျဖစ္ျပီး တင္ေမာင္ဆန္းမင္း၀င္းတစ္ရက္
ဟန္ဇာမုိး၀င္းတစ္ရက္ ကျပလ်က္ရွိ္ေနတာပဲျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here