“Asia Song Festival 2020 မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကျော် Boy Band ဖြစ်တဲ့ Project K အဖွဲ့ဟာ စက်တင်ဘာ ၁၄ရက်နေ့တွင် Training အဖြစ်တောင်ကိုရီးနိုင်ငံသို့သွားရောက်မည်ဖြစ်သည်”

0
249





မြန်မာနိုင်ငံရဲ့ နာမည်ကျော် Boy Band ဖြစ်တဲ့ Project K အဖွဲ့ဟာ စက်တင်ဘာ ၁၄ရက်နေ့ကနေစပြီး တောင်ကိုရီးယားနိုင်ငံမှာ Training သွားရောက်ရမှာဖြစ်ပါတယ်။
Training ပြီးသွားသည့်အခါမှာလည်း Asia Song Festival 2020 မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဖျော်ဖြေသွားရမှာပါ။
”Asia Song Festival 2020 မှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဖျော်ဖြေရာမှာလည်း အတတ်နိုင်ဆုံး ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် ကြိုးစားဖျော်ဖြေသွားပါ့မယ် … ပြီးတော့ Training ကာလတွေမှာလဲ အတတ်နိုင်ဆုံး ကြိုးစားသင်ယူသွားပါ့မယ် ခင်ဗျာ

ခရီးစဉ်တစ်လျှောက်လုံးမှာလဲ ကြီးကြပ်သူများရဲ့ ညွှန်ကြားချက်များကို အထူးလိုက်နာပြီး ကျနိးမာရေးကိုလဲ အထူးဂရုစိုက်သွားပါ့မယ် … 🥰

နှစ်ဖက်နိုင်ငံမှတာဝန်ရှိ လူကြီးမင်းများ အားလုံးကိုလဲ အထူး ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ … 🇲🇲🙏🏻🇰🇷” လို့ သူတို့ရဲ့ပရိသတ်တွေကို အသိပေးပြောပြခဲ့ပါတယ်။

Project K အဖွဲ့သားများဟာ ကိုရီးယားနိုင်ငံကိုသွားရောက်ဖို့အတွက် ကျန်းမာရေး ဦးစီးဌာနရဲ့လမ်းညွှန်မှုအတိုင်း သွားရောက်ရမှာ ဖြစ်ပြီး COVID 19 ရောဂါကူးစက်ခံရမှု ရှိမရှိကိုလည်း ဆေးစစ်မှုခံယူခဲ့ရပါတယ်။ ဆေးစစ်ခဲ့ရာမှာတော့ အဖွဲ့သားတွေအားလုံး Negative အဖြေထွက်ခဲ့ကြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here