“အဆိုတော်အာဇာနည်နဲ့ ဝမ်းတို့ရဲ့သမီးငယ်လေး မေဘုန်းဇာနည်ရဲ့ လေးလမြောက်မွေးနေ့ပုံရိပ်လေးများ”

0
266



အဆိုတော် Rဇာနည်နဲ့ ဝမ်းတို့ရဲ့သမီးငယ်လေး မေဘုန်းဇာနည်ဟာ လေးလပြည့်သွားခဲ့ပါပြီ။ ချစ်စရာကောင်းတဲ့ သမီးငယ်လေးကို ဖေဖေမေမေတို့ကလည်း အချစ်ပိုသလို အစ်ကို နှစ်ယောက်ရဲ့ သည်းသည်းလှုပ်ချစ်ခံရသူလေးလဲ ဖြစ်ပါတယ်။ ကိုဗစ်ကာလ​ဖြစ်တဲ့အတွက် မွေးနေ့အမှတ်တရအနေနဲ့ အိမ်မှာပဲ မွေးနေ့ကိတ်ခွဲ ပြီး ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြပါတယ်။ သမီးလေးမွေးနေ့နဲ့ပတ်သက်ပြီး ဝမ်းက

” ချစ်တဲ့သမီးလေး ဒီကမ္ဘာကြီးပေါ် ရောက်လာတာ လေးလပြည့်တဲ့နေ့ အမှတ်တရလေးပေါ့ ။
ဒီအချိန်မှာ လူအများမပျော်ရွှင်နိုင်မှန်းသိပါတယ် တစ်ချိန် သမီးလေးကြီးလာရင် ပြန်ကြည့်လို့ရအောင် အမှတ်တရပုံလေးတွေ ရိုက်ဖြစ်တယ်။ အများနဲ့အတူ ကပ်ဆိုးကြီးကိုရင်ဆိုင်ကျော်လွှားနေရတဲ့ထဲမှာ အပြစ်မသိသေးတဲ့ ခလေးငယ်တွေကို ပိုလို့သနားမိတယ် ။ ဒီကမ္ဘာမြေကြီးအမြန်ကျန်းမာပြီး သာယာလှပနိုင်ပါစေ ကမ္ဘာသူကမ္ဘာသား အားလုံးနဲ့အတူ သတ္တဝါအားလုံး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ”လို့ ဆုတောင်းစကားဆိုခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here