“ခေတ်သစ်ဖောင်ဒေးရှင်းမှ စေတနာရှင်များနဲ့ပူးပေါင်းကာ စုစုပေါင်းသိန်း(၈၀၀)တန်းဖိုးရှိသော Tent (၄)လုံးအားအစိုးရဆေးရုံများသို့ လှူဒါန်းသွားမှာဖြစ်ကြောင်း သိရပါတယ်”

0
53




လင်းလင်း၊ ချစ်သုဝေတို့ တည်ထောင်ထားတဲ့ ​ခေတ်သစ် ဖောင်ဒေးရှင်းက အစိုးရဆေးရုံတွေရဲ့ဝန်ကို တစ်ဖက်တစ်လမ်းမှ ကူညီနိုင်ဖို့ ယာယီ Tent (4) လုံး (ရေ၊ မီး၊ airconနဲ့တကွ light partition နဲ့ တစ်လုံးလျှင် လူနာ 30 ဆံတဲ့ tentတွေပါ) လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဖျားနာ၊ ချောင်းဆိုး၊ အနံပျောက် COVID-19 သံသယရှိစောင့်ကြည့် လူနာတွေ (PUI) ကို swab ယူရပါတယ်။ ဒီအချိန်တွင်းမှာ စောင့်ကြည့်လူနာတွေကိုထားရမယ့်နေရာပါ။
လူနာများထားနိုင်သော ဆေးရုံ (၄) ရုံအတွက် Tent (၄) လုံး ငှားရမ်းခမှာ (၂) လတာအတွက် သိန်း (၈၀၀) ကျပ်ကျသင့်မှာဖြစ်ပါတယ်။

ကျသင့်သည့် သိန်း (၈၀၀) ကျပ်အား ခေတ်သစ်ဖောင်ဒေးရှင်းမှ စေတနာရှင်များနဲ့ပူးပေါင်းကာ လှူဒါန်းသွားမှာဖြစ်ကြောင်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here