“ဗိုလ်ကြီးနေဇော်ထွန်း နဲ့ မြန်မာသံအဆိုတော် ပန်းအိဖြူတို့ရဲ့ သားဦးရတနာလေးကို စက်တင်ဘာ ၁၀ရက်နေ့တွင် ပင်လုံဆေးရုံကြီး၌မွေးဖွား”

0
555





ဗိုလ်ကြီးနေဇော်ထွန်း နဲ့ မြန်မာသံအဆိုတော် ပန်းအိဖြူတို့ရဲ့ သားဦးရတနာလေးကို စက်တင်ဘာ ၁၀ရက်နေ့က ပင်လုံဆေးရုံကြီးမှာ မွေးဖွားခဲ့ပါတယ်။ သားလေးဟာ ၈ပေါင် ၉အောင်စရှိပြီး မိခင်ရော ကလေးပါ ကျန်းမာလျက်ရှိပါတယ်။ သားလေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ တဲ့အတွက် ဝမ်းသာပီတိဖြစ်နေတဲ့ ပန်းအိဖြူက
“ကြာသပတေးနေ့ မနက် ၅:၂၇ မိနစ်မှာ ၈ပေါင်နဲ့ ၉ အောင်စရှိတဲ့ သားသားလေးကို အဆင်ပြေအောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်ရှင်…

မိသားစုနှစ်စုပေါင်းလို့ လူဦးရေ လက်ငါးချောင်းပြည့်အောင်မရှိတဲ့ ဖေဖေနဲ့မေမေတို့ရဲ့ ဘဝထဲကို အရောက်လာခဲ့ပေးလို့ ဖေဖေမေမေတို့ အရမ်းပျော်နေရပါတယ် သားသားလေးရေ…

ပန်းအိကို နေကောင်းကျန်းမာပါစေလို့ ဆုတောင်းပေးကြတဲ့ ချစ်ခင်ရသူများအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင်…

မိခင်ရော ကလေးပါ နေကောင်းကျန်းမာပြီး အစစ အရာရာ အဆင်ပြေပါတယ်လို့ မျှော်နေသူတွေအတွက် သတင်းစကားလေးပါးလိုက်ပါတယ်ရှင့်…”လို့ ဆိုပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here