Covid 19 ကူးစက်ခံရတဲ့ မိခင်ဖြစ်သူအတွက် စိုးရိမ်ပူပန်နေတဲ့ ခင်ဘုဏ်း

0
82



ကျမ ရင်တွေနာနေရပါပြီ
ရောဂါအခံရှိတဲ့ အသက် ၇၂နှစ် ကျမ အမေ ကို တစ်နေရာ ပြောင်းပေးကြပါတော့…”လို့တောင်းဆိုလိုက်ပါတယ်။

အဆိုတော်ခင်ဘုဏ်း ရဲ့ မိခင်ဟာ မြန်မာနိုင်ငံမှာ Covid 19 ရောဂါ ကူးစက်ခံရတဲ့အတွက် ဆေးကုသမှုခံယူနေရပါတယ်။ မိခင်ဟာ အသက်၇၂နှစ်ရှိပြီး Covid 19 ကုသရေးစင်တာမှာ ဂရုစိုက်စောင့်ရှောက်မှုမခံရတဲ့အတွက် မိခင်အတွက် စိုးရိမ်နေကြပါတယ်။ အခုလက်ရှိမှာ ခင်ဘုဏ်းဟာ သူ့အမျိုးသားရှိတဲ့ အမေရိကန်နိုင်ငံမှာ နေထိုင်နေတာဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်လာလို့မရနိုင်သေးပါဘူး။ မိခင်ရဲ့ ကျန်းမာရေး နဲ့ပတ်သက်ပြီး စိုးရိမ်နေတဲ့ ခင်ဘုဏ်းက “ခင်ဘုဏ်း အမေ ၇၂နှစ် က မမျှော်လင့်ပဲ Covid positive ဖြစ်လို့ ရိုးမအိမ်ယာ မှာ ရောက်နေပါတယ်။
လူနာထားဖို့ မသင့်တော်တဲ့နေရာမှာ လူနာတွေ စု ထားပြီး ဂရုစိုက်စောင့်ရှောက် မှုလည်းမရှိပါဘူး။ အမေက အသက်ရှုမဝတတ်သူမို့ ပြတင်းပေါက်ဘေးနားမှာ တံခါးဖွင့်ပြီးအိပ်နေရတယ်။

တစ်ကယ်ဆို အခြေအနေ မဆိုးတဲ့ Positive ဖြစ်တဲ့သူတွေ Hotel Quarantine ပဲ ဖြစ်ဖြစ် Home Quarantine ပဲဖြစ်ဖြစ် Positive တွေအတွက် Center လုပ်ပြီးထားလိုက် သင့်ပါတယ်။ဒါဆိုရင် တကယ်အခြေအနေဆိုးပြီးလိုအပ်တဲ့သူတွေကို ပိုပြီးအပြည့်အဝ စောင့်ရှောက် မှုပေးနိုင်မှာပါ။
အခြေအနေဆိုးရင်တော့ ဘယ်မှာပဲရောက်ရောက်ဆေးရုံပို့ပေါ့။
လူတွေအများကြီး ကို တာဝန်ယူတာကို တကယ် ကျေးဇူးတင်ပါတယ် ခက်ခဲမှာလည်း နားလည်ပါတယ်။
ဒါပေမယ့် ခုတော့ လူတွေ များပြီး မနိုင်မနင်းတွေ ဖြစ်နေပါပြီ။
အမေက ဆီးချိုရောဂါ အခံရှိတဲ့ သူမို့ စိတ်ပူရတဲ့အထဲ
ထမင်းချိန်မမှန်၊ ဆေးတိုက် မယ့်သူ အဖျားတိုင်းပေးမယ့်သူတောင်မရှိ၊ နေရတာ နေရာထိုင်ခင်းအဆင်မပြေနဲ့မို့
ရောဂါထပ်ရမှာလည်း စိတ်ပူရ၊ လေစိမ်းတွေမိပြီး ဖျားမှာလည်းပူရ၊ အစာအချိန်မှန်မှန် မပို့လို့ အစားမဝင်ရင် ဆီးချိုကျပြီး ဒုက္ခများပါတော့မယ်
အမေ အသက်၇၀ ကျော်ကို အဝေးကနေပြီး စိတ်တွေပူရလွန်းလို့ ကျမအိပ်လို့တောင်မရဘူး
သေချာစဉ်းစားပြီး အကောင်းဆုံး အချိန်မှီ ပြင်ဆင်ကြပါလို့ တောင်းပန်ပါတယ်

​ကျမ ရင်တွေနာနေရပါပြီ
ေရာဂါအခံရှိတဲ့ အသက် ၇၂နှစ် ကျမ အမေ ကို တစ်နေရာ ပြောင်းပေးကြပါတော့…”လို့တောင်းဆိုလိုက်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here