အဆိုတော်ရွေရည်သိန်းတန်က ကိုဗစ်ရောဂါကာကွယ်ဖို့အတွက် ဆွီဒင်နိုင်ငံက ဒီရောဂါကူးစက်ခံရဖူးပြီး ပျောက်ကင်းသက်သာသွားတဲ့ သူ့ရဲ့ customer တစ်ဦးပြောပြတဲ့ ဆောင်ထားရမယ့်ဆေးများကို ဗီဒီယိုရိုက်ကူးပြီး ပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ်။
ရွှေရည့်ကိုယုံကြည်စွာဖြင့် ရောဂါ ကာကွယ်လိုသော ကျွန်မ ရဲ့ fbမိသားစုများနှင့် Q ဝင်နေရသော လူနာများ..သံသယရှိလူနာများကို…တထောင့်တနေရာက အကျိုးပြုလိုသောစိတ်ဖြင့် မျှဝေပေးခြင်းပါရှင်..သွေးတိုး..ဆီးချိုဆေး..အခြားဆေးများနှင့်အတူမသောက်ပဲ ၁နာရီလောက်ခြားသောက်တာ ပို save ဖြစ်ပါတယ်တဲ့ရှင်..( ၁လုံးစီ ၁နေ့၁ကြိမ်ပါတဲ့)..📷ဤကုသိုလ်ကြောင့် ၇ ရက်သားသမီးအပေါင်းcovid 19 ရောဂါကပ်ဆိုးကို အောင်မြင်စွာ ကျော်နင်းလွတ်မြောက်နိုင်ကြပါစေသား
လွတ်လပ်စွာမျှဝေကုသိုလ်ယူနိုင်ကြောင်းပါအမျိုးတို့ရေ..
(ဘာနှင့်ဘယ်လိုသောက်ရင် ဘာဖြစ်တယ်လေ..ဘယ်လိုလုပ်ပါလား…ပြောတတ်သော ဆြာသမားများ….
သိရင် စောစောပြောပါ..ဝေမျှပါ..ကူညီပါ…
ကျွန်မ အခုပြောပြနေသမျှသည်…လုပ်ရင်ကောင်းမယ်..လုပ်လိုက်ပါလားဆိုသော.ကျွန်မတယောက်ထဲအသိနှင့်.ရမ်းဖြီးသောအရာမဟုတ်.
ဆွီဒင် ..က.positive မိသားစု လက်တွေ့ လုပ်ခဲ့သော အရာဖြစ်ပါသည်) လို့ ပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ်။