ရုပ်ရှင်ရဲ့သမိုင်းတခေတ်မှာဟာသသရုပ်ဆောင်အဖြစ် ပရိသတ်များချစ်ခင် အားပေးမှုရရှိခဲ့သည့် ဦးပလာတာဟာ စက်တင်ဘာ ၁၇ရက်နေ့ မနက် ၂နာရီက ကွယ်လွန်အနိစ္စရောက်

0
220


ရုပ်ရှင်ရဲ့သမိုင်းတခေတ်မှာဟာသသရုပ်ဆောင်အဖြစ် ပရိသတ်များချစ်ခင် အားပေးမှုရရှိခဲ့သည့် ဦးပလာတာဟာ စက်တင်ဘာ ၁၇ရက်နေ့ မနက် ၂နာရီက ကွယ်လွန်အနိစ္စရောက်သွားခဲ့ပြီဖြစ်ပါတယ်။ လူရွှင်တော်အသင်း(ရန်ကုန်)၏ ကန်တော့ခံ နာယကကြီးတစ်ဦးလည်းဖြစ်သည့် ဟာသသရုပ်ဆောင် ကြီး ဦးပလာတာကွယ်လွန်သွားတဲ့အတွက် အနုပညာရှင်တွေရော၊ ပရိသတ်တွေပါ များစွာ နှမြောတသဖြစ်ကြရပါတယ်။ ပြည်သူများကို ရယ်မောပျော်ရွှင်အောင် ဖန်တီးပေးနိုင်ခဲ့တဲ့ လူရွှင်တော်ကြီး ဦးပလာတာ ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here