COVID-19 ရောဂါနှင့်ကွယ်လွန်သွားသည် အစ်မဖြစ်သူမနွေးနွေးလှိုင်၏ခင်ပွန်း ဦးငွေဇော်အကြောင်းနှင့်ပတ်သတ်ပြီးကြောက်မက်ဖွယ်အလွန်းကောင်းတဲ့ COVID-19 ရောဂါဆိုးကြီးအကြောင်းပြောပြလာတဲ့သရုပ်ဆောင်မောင်

0
106

သ႐ုပ္ေဆာင္နႏၵာလွိုင္ရဲ့ညီမ၊ ေမာင္ရဲ့ အစ္မ ေႏြးေႏြးလွိုင္၏ခင္ပြန္းျဖစ္သူ ဦးေငြေဇာ္ အသက္ ၆၀ႏွစ္ဟာ Covid 19 ေရာဂါကူးစက္ခံရတဲ့အတြက္ ယေန႔ မနက္မွာပဲ ကြယ္လြန္သြားခဲ့ပါတယ္။ ကိုဗစ္ေရာဂါဟာ ေၾကာက္စရာေကာင္းတဲ့ ေရာဂါ ျဖစ္ေၾကာင္းကိုေတာ့ သ႐ုပ္ေဆာင္ေမာင္က… “COVID 19 ဘယ္ေလာက္ေၾကာက္ဖို႔ေကာင္းလဲဆိုတာ ကၽြန္ေတာ္မ်က္ျမင္ကိုယ္ေတြ႕သိလိုက္ရတဲ့အခ်ိန္မွာ ေတာ္ေတာ္ေနာက္က်သြားပါၿပီ။ ငယ္လဲငယ္ က်န္းမာေရးလဲေကာင္းေနေတာ့ သိပ္ၿပီးအေလးမထားခဲ့ဘူး။ ကၽြန္ေတာ့္ အစ္မ မေႏြးရဲ့အမ်ိဳးသားစျဖစ္ေတာ့ သူမ်ားေတြလိုျပန္သက္သာလာမယ္ပဲထင္ေနခဲ့တာပါ။ အစ္မကလဲ Positive မို႔လို႔ ကေလးေတြနဲ႔တူတူ ေနလို႔မရလို႔ ဟိုတယ္ Q ကိုတူ/တူမ သုံးေယာက္နဲ႔ကၽြန္ေတာ္ စဝင္ၿပီးေနာက္တစ္ေန႔မနက္မွာပဲ အစ္မအမ်ိဳးသားဆုံးၿပီဆိုတာသိရတယ္။ ေအာက္ဆီဂ်င္က်လို႔ေဆး႐ုံတင္ထားတာ ၄ ရက္နဲ႔ Swab Test နဲ႔စစ္လို႔ Positive မွန္းသိတာ ၁ရက္ပဲရွိပါေသးတယ္။တစ္ျခားေရာဂါေတြနဲ႔မတူတာက အဆက္အသြယ္ဘယ္ေလာက္ရွိရွိ ေဆးပညာအေၾကာင္းဘယ္လိုပဲနားလည္နားလည္ ေရာဂါဆိုးလာၿပီဆို ထိုင္ဆုေတာင္ယုံကလြဲၿပီးဘာမွ လုပ္လို႔မရပါဘူး။ ေက်းဇူးျပဳၿပီး ဂ႐ုစိုက္ၾကပါ။” လို႔ ပရိသတ္ေတြကို အသိေပးခဲ့ပါတယ္။ အခုလက္ရွိမွာ ေတာ့ ေမာင္ဟာ အစ္မျဖစ္သူရဲ့ ကေလးသုံးေယာက္၊ အသက္ ၈၂ႏွစ္အရြယ္ အဖြားတစ္ဦးနဲ႔အတူ Hotel quarantine ဝင္လ်က္ရွိပါတယ္။

သရုပ်ဆောင်နန္ဒာလှိုင်ရဲ့ညီမ၊ မောင်ရဲ့ အစ်မ နွေးနွေးလှိုင်၏ခင်ပွန်းဖြစ်သူ ဦးငွေဇော် အသက် ၆၀နှစ်ဟာ Covid 19 ရောဂါကူးစက်ခံရတဲ့အတွက် ယနေ့ မနက်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ ကိုဗစ်ရောဂါဟာ ကြောက်စရာကောင်းတဲ့ ရောဂါ ဖြစ်ကြောင်းကိုတော့ သရုပ်ဆောင်မောင်က… “COVID 19 ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ ကျွန်တော်မျက်မြင်ကိုယ်တွေ့သိလိုက်ရတဲ့အချိန်မှာ တော်တော်နောက်ကျသွားပါပြီ။ ငယ်လဲငယ် ကျန်းမာရေးလဲကောင်းနေတော့ သိပ်ပြီးအလေးမထားခဲ့ဘူး။ ကျွန်တော့် အစ်မ မနွေးရဲ့အမျိုးသားစဖြစ်တော့ သူများတွေလိုပြန်သက်သာလာမယ်ပဲထင်နေခဲ့တာပါ။ အစ်မကလဲ Positive မို့လို့ ကလေးတွေနဲ့တူတူ နေလို့မရလို့ ဟိုတယ် Q ကိုတူ/တူမ သုံးယောက်နဲ့ကျွန်တော် စဝင်ပြီးနောက်တစ်နေ့မနက်မှာပဲ အစ်မအမျိုးသားဆုံးပြီဆိုတာသိရတယ်။ အောက်ဆီဂျင်ကျလို့ဆေးရုံတင်ထားတာ ၄ ရက်နဲ့ Swab Test နဲ့စစ်လို့ Positive မှန်းသိတာ ၁ရက်ပဲရှိပါသေးတယ်။တစ်ခြားရောဂါတွေနဲ့မတူတာက အဆက်အသွယ်ဘယ်လောက်ရှိရှိ ဆေးပညာအကြောင်းဘယ်လိုပဲနားလည်နားလည် ရောဂါဆိုးလာပြီဆို ထိုင်ဆုတောင်ယုံကလွဲပြီးဘာမှ လုပ်လို့မရပါဘူး။ ကျေးဇူးပြုပြီး ဂရုစိုက်ကြပါ။” လို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ အခုလက်ရှိမှာ တော့ မောင်ဟာ အစ်မဖြစ်သူရဲ့ ကလေးသုံးယောက်၊ အသက် ၈၂နှစ်အရွယ် အဖွားတစ်ဦးနဲ့အတူ Hotel quarantine ဝင်လျက်ရှိပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here