ဆေးကုသမှုခံယူပြီး သတ်မှတ်ရက်ပြည့်လို့ ပြန်လာမယ့် မိခင်အတွက် ဝမ်းသာပီတိဖြစ်နေတဲ့ ခင်ဘုဏ်း

0
105

#ZawGyi

Covid 19ကူးစက္ခံရတဲ့ အဆိုေတာ္ခင္ဘုဏ္းရဲ့မိခင္ဟာ ရိုးမရိပ္သာမွာ ေဆးကုသမႈခံယူခဲ့ၿပီး သတ္မွတ္ထားတဲ့ ရက္လဲ ျပည့္ၿပီျဖစ္တဲ့အတြက္ အိမ္ကိုျပန္ရပါေတာ့မယ္။မိခင္မွာေရာဂါအခံရွိတာေၾကာင့္ အရမ္းစိတ္ပူခဲ့ေပမယ့္ အခုလို က်န္းမာေရးျပန္ေကာင္းလာတဲ့အေပၚ ခင္ဘုဏ္းက” ေမေမကဆီးခ်ိဳရွိၿပီး ဖ်ားထားလို႔က်မက အရမ္းစိတ္ပူခဲ့ရပါတယ္။ ဒါေပမယ့္ ေမေမကေတာ့ စိတ္ဓါတ္ခြန္အားအျပည့္နဲ႔ပဲ ျဖတ္သန္းခဲ့ၿပီး အခုေတာ့သတ္မွတ္ထားတဲ့ရက္ျပည့္လို႔ အိမ္ျပန္လို႔ ရပါေတာ့မယ္။

ေမေမ့အတြက္စိတ္ပူၿပီး ဆုေတာင္းေပးၾကသူမ်ားအတြက္ ဝမ္းသာေအာင္ ေျပာျပတာပါ။အဖက္ဖက္က လူအားစိတ္အား တတ္နိုင္သမၽွကူညီ ေစာင့္ေရွာက္ ၾကသူမ်ားကို ေက်းဇူးတင္ပါတယ္။

အဲ့ဒီေတာ့ က်မတို႔ ဘာပဲျဖစ္ျဖစ္စိတ္ဓါတ္ ခြန္အားနဲ႔ပဲ အားလုံးကိုေက်ာ္ျဖတ္နိုင္ပါတယ္လို႔ အားေပးခ်င္ပါတယ္ 💪💪 အားမေလၽွာ့ပါနဲ႔ေနာ္။ျမန္မာျပည္သူျပည္သားေတြ အပါအဝင္ ကမၻာႀကီးေပၚက လူသားေတြအားလုံး ဒီကပ္ဆိုးႀကီးေဘးက လြတ္ေျမာက္ပါေစေၾကာင္း ဆုေတာင္းလိုက္ပါတယ္”လို႔ဆိုပါတယ္။

#Unicode

Covid 19ကူးစက်ခံရတဲ့ အဆိုတော်ခင်ဘုဏ်းရဲ့မိခင်ဟာ ရိုးမရိပ်သာမှာ ဆေးကုသမှုခံယူခဲ့ပြီး သတ်မှတ်ထားတဲ့ ရက်လဲ ပြည့်ပြီဖြစ်တဲ့အတွက် အိမ်ကိုပြန်ရပါတော့မယ်။မိခင်မှာရောဂါအခံရှိတာကြောင့် အရမ်းစိတ်ပူခဲ့ပေမယ့် အခုလို ကျန်းမာရေးပြန်ကောင်းလာတဲ့အပေါ် ခင်ဘုဏ်းက” မေမေကဆီးချိုရှိပြီး ဖျားထားလို့ကျမက အရမ်းစိတ်ပူခဲ့ရပါတယ်။ ဒါပေမယ့် မေမေကတော့ စိတ်ဓါတ်ခွန်အားအပြည့်နဲ့ပဲ ဖြတ်သန်းခဲ့ပြီး အခုတော့သတ်မှတ်ထားတဲ့ရက်ပြည့်လို့ အိမ်ပြန်လို့ ရပါတော့မယ်။

မေမေ့အတွက်စိတ်ပူပြီး ဆုတောင်းပေးကြသူများအတွက် ဝမ်းသာအောင် ပြောပြတာပါ။အဖက်ဖက်က လူအားစိတ်အား တတ်နိုင်သမျှကူညီ စောင့်ရှောက် ကြသူများကို ကျေးဇူးတင်ပါတယ်။

အဲ့ဒီတော့ ကျမတို့ ဘာပဲဖြစ်ဖြစ်စိတ်ဓါတ် ခွန်အားနဲ့ပဲ အားလုံးကိုကျော်ဖြတ်နိုင်ပါတယ်လို့ အားပေးချင်ပါတယ် 💪💪 အားမလျှော့ပါနဲ့နော်။မြန်မာပြည်သူပြည်သားတွေ အပါအဝင် ကမ္ဘာကြီးပေါ်က လူသားတွေအားလုံး ဒီကပ်ဆိုးကြီးဘေးက လွတ်မြောက်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်”လို့ဆိုပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here