ရိုးမရိပ်သာဆေးရုံအတွက် လိုအပ်တာတွေဖြည့်ဆည်းလှူဒါန်းနေတဲ့ ချစ်သုဝေ

0
113

#ZawGyi

ေခတ္သစ္ေဖာင္ေဒးရွင္းတည္ေထာင္သူခ်စ္သုေဝက Covid 19 ကူးစက္ခံရတဲ့ လူနာေတြကိုကုသေပးေနတဲ့ ရိုးမေဆး႐ုံ ကလိုအပ္တာေတြကို ကိုယ္တိုင္ကိုယ္က် သြားေရာက္ လႉဒါန္းခဲ့ပါတယ္။ အဝတ္အေျခာက္ခံစက္ ၉လုံး၊ scrub suit အစုံ ၁၂၀ နဲ႔ အစားအေသာက္ေတြ လႉဒါန္းခဲ့တာပါ။ ျမန္မာနိုင္ငံက ခ်မ္းသာႂကြယ္ဝတဲ့ တိုင္းျပည္မဟုတ္ေပမယ့္ နိုင္ငံေတာ္ရဲ့ ပံပိုးမႈနဲ႔ အလႉရွင္ ေတြရဲ့ လႉဒါန္းမႈေတြေၾကာင့္ အံ့ၾသသင့္ရတယ္ဆိုတဲ့ ခ်စ္သုေဝက…
“ရိုးမ ယာယီေဆး႐ုံမွာေတာ္ေတာ္ကို ျဖည့္ဆည္းေပးထားတာပါ airconေတြလည္းရွိေနၿပီေဆး႐ုံအုပ္ ဆရာႀကီးနဲ႔ေျပာခြင့္ရလာေတာ့ လူနာေတြအဆင္ေျပေစဖို႔ အဖက္ဖက္က စဥ္းစားေပးထားတာကို အားနာစြာနဲ႔ပဲ ၾကား လာရတယ္။ ေဆးလည္းကု ေနေရးထိုင္ေရးဝမ္းေရး စိတ္ခ်မ္းသာေပ်ာ္ရႊင္ေရး အရာရာကိုပါ စဥ္းစားၿပီး ေျပာျပေနတာ…ထပ္ျဖည့္တင္းမယ့္အင္အားေတြေရာ..အရာရာေပါ့..
တို႔ျမန္မာျပည္ေလးက ေငြေၾကးႂကြယ္ဝတဲ့တိုင္းျပည္မဟုတ္ေပမယ့္ နိုင္ငံေတာ္က အေကာင္းဆုံးေတြလုပ္ေပး အလႉရွင္ေတြက အင္ျပည့္အားျပည့္ျဖည့္တင္းနဲ႔ တကယ့္ကို အံၾသၾကည္ႏူးစရာပါေစတနာေတြ ကူညီရိုင္းပင္းမႉေတြ ေမတၱာေတြ အင္မတန္မွခ်မ္းသာတာပါတကား။
Maskတပ္ပါ၊ စနစ္တက်တပ္ပါ၊ စကားေျပာလည္းတပ္ပါ၊ အသက္ရႈက်ပ္လည္းတပ္ပါ၊၊ ေမးမခ်ိတ္ပါနဲ႔ ၊တပ္ၿပီးေသခ်ာစြန္႔ပစ္ပါ တစ္ခါသုံးေတြဆို အသစ္လဲပါ..ငါ့တပ္ထားတဲ့maskမွာပိုးေတြရွိတယ္လို႔သာေတြးပါ…
လက္ကိုဆပ္ျပာနဲ႔စကၠန္႔၂၀ၾကာေဆးပါ၊ စိတ္ထဲသံသယရွိတာနဲ႔ေဆးပါအိမ္အဝင္အထြက္ လူေရာ ပစၥည္းေရာပိုးရွိသကဲ့သို႔ ဆက္ဆံပါ၊ လူဆို အျပင္ကျပန္လာ ေခါင္းေလ်ာ္ ေရခ်ိဳး တကိုယ္ရည္ပစၥည္း ေတြပိုးသတ္၊ အစားအေသာက္အသုံးအေဆာင္ ေဆးျဖန္းလို႔ရတာ ျဖန္း ေနလွမ္း ဆပ္ျပာနဲ႔ေဆးခ်လို႔ရတာေဆး၊ အစားအေသာက္ ေတြကိုမရဘူးမွာစားမွာပဲဆိုရင္ ျပန္ေႏႊး ျပန္ေပါင္းျပန္ေၾကာ္ ျပန္ျပဳတ္…ကိုယ္မျမင္ရတာဘာမွမယုံနဲ႔”လို႔လည္း ဂ႐ုတစိုက္ေနထိုင္က်ဖို႔ ေျပာျပခဲ့ပါတယ္။

#Unicode

ခေတ်သစ်ဖောင်ဒေးရှင်းတည်ထောင်သူချစ်သုဝေက Covid 19 ကူးစက်ခံရတဲ့ လူနာတွေကိုကုသပေးနေတဲ့ ရိုးမဆေးရုံ ကလိုအပ်တာတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့ပါတယ်။ အဝတ်အခြောက်ခံစက် ၉လုံး၊ scrub suit အစုံ ၁၂၀ နဲ့ အစားအသောက်တွေ လှူဒါန်းခဲ့တာပါ။ မြန်မာနိုင်ငံက ချမ်းသာကြွယ်ဝတဲ့ တိုင်းပြည်မဟုတ်ပေမယ့် နိုင်ငံတော်ရဲ့ ပံပိုးမှုနဲ့ အလှူရှင် တွေရဲ့ လှူဒါန်းမှုတွေကြောင့် အံ့သြသင့်ရတယ်ဆိုတဲ့ ချစ်သုဝေက…
“ရိုးမ ယာယီဆေးရုံမှာတော်တော်ကို ဖြည့်ဆည်းပေးထားတာပါ airconတွေလည်းရှိနေပြီဆေးရုံအုပ် ဆရာကြီးနဲ့ပြောခွင့်ရလာတော့ လူနာတွေအဆင်ပြေစေဖို့ အဖက်ဖက်က စဉ်းစားပေးထားတာကို အားနာစွာနဲ့ပဲ ကြား လာရတယ်။ ဆေးလည်းကု နေရေးထိုင်ရေးဝမ်းရေး စိတ်ချမ်းသာပျော်ရွှင်ရေး အရာရာကိုပါ စဉ်းစားပြီး ပြောပြနေတာ…
ထပ်ဖြည့်တင်းမယ့်အင်အားတွေရော..အရာရာပေါ့..
တို့မြန်မာပြည်လေးက ငွေကြေးကြွယ်ဝတဲ့တိုင်းပြည်မဟုတ်ပေမယ့် နိုင်ငံတော်က အကောင်းဆုံးတွေလုပ်ပေး အလှူရှင်တွေက အင်ပြည့်အားပြည့်ဖြည့်တင်းနဲ့ တကယ့်ကို အံသြကြည်နူးစရာပါစေတနာတွေ ကူညီရိုင်းပင်းမှူတွေ မေတ္တာတွေ အင်မတန်မှချမ်းသာတာပါတကား။
Maskတပ်ပါ၊ စနစ်တကျတပ်ပါ၊ စကားပြောလည်းတပ်ပါ၊ အသက်ရှုကျပ်လည်းတပ်ပါ၊၊ မေးမချိတ်ပါနဲ့ ၊တပ်ပြီးသေချာစွန့်ပစ်ပါ တစ်ခါသုံးတွေဆို အသစ်လဲပါ..ငါ့တပ်ထားတဲ့maskမှာပိုးတွေရှိတယ်လို့သာတွေးပါ…
လက်ကိုဆပ်ပြာနဲ့စက္ကန့်၂၀ကြာဆေးပါ၊ စိတ်ထဲသံသယရှိတာနဲ့ဆေးပါအိမ်အဝင်အထွက် လူရော ပစ္စည်းရောပိုးရှိသကဲ့သို့ ဆက်ဆံပါ၊ လူဆို အပြင်ကပြန်လာ ခေါင်းလျော် ရေချိုး တကိုယ်ရည်ပစ္စည်း တွေပိုးသတ်၊ အစားအသောက်အသုံးအဆောင် ဆေးဖြန်းလို့ရတာ ဖြန်း နေလှမ်း ဆပ်ပြာနဲ့ဆေးချလို့ရတာဆေး၊ အစားအသောက် တွေကိုမရဘူးမှာစားမှာပဲဆိုရင် ပြန်နွှေး ပြန်ပေါင်းပြန်ကြော် ပြန်ပြုတ်…ကိုယ်မမြင်ရတာဘာမှမယုံနဲ့”လို့လည်း ဂရုတစိုက်နေထိုင်ကျဖို့ ပြောပြခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here