ခုချိန်မှာ ကျွန်မအွန်လိုင်း ရှော့ပင်းခေါ်တဲ့ အင်တာနက်ထဲကနေ ဝယ်ရောင်းလုပ်နေတာတွေကို အတော်သဘောတွေ့နေပါပြီ။ အရင်ကတော့ တစ် နပ်စားလုပ်တာလေးတွေလည်း တွေ့ ရပါတယ်။ ဒါပေမဲ့ ဒါတွေက ကြာကြာမခံဘူးရှင့်။ ပျောက်သွားတာပါပဲ။ ကျွန်မပထမဆုံး ဖေ့စ်ဘုတ်သုံးတဲ့နောက်ပိုင်း ပထမဆုံးဝယ်မိတာက အွန်လိုင်းက ရောင်းတဲ့ ကြွက်ပြေးစက်ပါ။ြ<ွကက်က ဒီစက်ကလေးဆီ သေးငယ်တဲ့အသံလေးကို ကြား တာနဲ့တင်ပြေးတာတဲ့။ ကျွန်မ သိပ် သဘောကျတာပေါ့ရှင်။ ပေးထားတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်ပြီး ကြွက်ပြေးစက်ဆိုတာကို မှာပါတယ်။ အရွယ်အစားလည်း မသိ၊ ပုံစံလည်း မသိဘူး။ ဒါပေမဲ့ သိပ်ဝယ်ချင်နေတော့ သုံးခုတောင်မှာလိုက်မိပါတယ်။ သုံးရက်လောက်နေတော့ ကောင် လေးတစ်ယောက်အဲဒီပစ္စည်းလေး လာပို့ပါတယ်။ ကျွန်မလည်းသေသေ ချာချာကြည့်မိတယ်။ ပလတ်စတစ် ပစ္စည်းလက်လေးလုံးလောက်ရှိမယ့် အရာလေးပါ။ ပလပ်တပ်ဖို့ပါတယ်။
အဲဒီနေ့ကစပြီး ကျွန်မကြွက်တွေပြေးအောင်ြ<ွကက်ပြေးစက်ကို တပ်ပါတယ်ရှင်။ တပ်တဲ့နေ့ကစပြီး ကျွန်မလည်း နေ့တိုင်းစစ်ဆေးပါတယ်။ လက်တွေ့သမားကျွန်မက လက်တွေ့မြင်ရမှ ကျေနပ်တာလေ။ ကျွန်မကြည့်တဲ့ အချိန်မှာတော့ ကြွက် တစ်ကောင်မှ မတွေ့ဘူးရှင့်။ ဒီတော့ ကျွန်မကလည်း ကိုယ့်ပစ္စည်းကို အခမဲ့ကြွားပြီရှင်။
” ကဲ..ပိုက်ဆံကုန်ပေမယ့် ဒီြ<ွကက်ပြေးစက်ကလေးတွေဝယ်ထားလိုက်တာ သိပ်ကိုအိုကေတယ်တွေ့လား” ဒီလိုပြောတော့ သမီးငယ်က ပြုံးစိစိလုပ်တယ်။ မယုံပါဘူးပေါ့လေ။ ဒါနဲ့ မဌေးကို ခေါ်ရတယ်။
” ကဲ မဌေး မယုံသူတွေ အားလုံးရှင်းသွားအောင် ငြါ့<ွကက်ပြေးစက် လေးအစွမ်းပြောပြလိုက်စမ်းပါ”
မဌေးက ပြောပါတယ်။ ” အောင်မလေး အန်တီစက်က ခနော်နီခနော်နဲ့ပါ။ ဘြာ<ွကက်မှလည်း မပြေးပါဘူး”
” ဟဲ့ နင်ငါ့ကို ရွဲ့ပြောတယ်ပေါ့။ ကြည့်စမ်း”
” မဟုတ်ပါဘူး အန်တီရဲ့ တကယ်ပါ။ ဘြာ<ွကက်မှ မပြေးပါဘူး”
” သြော်…ဒါဆို ကြွက်တစ် ကောင်မှ မရှိတာ ဘယ်လိုသဘောလဲ၊ ကိုင်းပြောဦး” (ခပ်တင်းတင်းမေးတာပါ)
” အဲဒါက ကျွန်မကြွက်ထောင် ချောက်နဲ့ ထောင်လို့ပါ။ အန်တီ့စက်ကြောင့်မဟုတ်ဘူး” (စပ်ဖြဲဖြဲမျက်နှာ)
ဒီတစ်ခါအွန်လိုင်းရှော့ပင်း အစီအစဉ်မှာ ကျွန်မရှုံးသွားတယ် ပေါ့ရှင်။ြ<ွကက်ထောင်ချောက်က သာသွားပါတယ်။ စာဖတ်သူရှင်။ နောက်တစ်ခါ အွန်လိုင်းရှော့ပင်းမှာ တစ်ခုတွေ့ပြန်ပါရောလေ။ ဒီတစ်ခါ ကျွန်မဘယ်လိုမှ မဝယ်ဘဲ မနေနိုင်ပါဘူး။ ဘယ့်နှယ့်ဒီလောက် ကောင်းတဲ့ပစ္စည်း ပေါ်ဦးပေါ်ဖျားဆိုတော့ သူများတွေ မဝယ်ခင် ကျွန်မ အရင်ဆုံး ဖုန်းဆက်ပြီးဝယ်ပါတယ်။ ပစ္စည်းက သုံးသိန်းခွဲလောက်ပေးရတယ်။ ဆီကြိတ်စက်ကလေးပါရှင်။ တစ်ချိန်လုံးစားအုန်းဆီရောထွေးတာခံ နေရတဲ့ ကျွန်မတို့အတွက် အားကိုးရာစက်ကလေးတစ်ခုပေါ့ ရှင်။ ပုံတွေထဲမှာလည်း တအားမိုက် တယ်။ စာဖတ်သူရှင့် မြေပဲလေးတွေ စက်က ခွက်ထဲကို အသာထည့်ပေး နေရုံပဲ။ မြေပဲဆီတွေခွက်ထဲ ကျကျလာတာများ ကြည့်စမ်းကြည့်စမ်း ကျွန်မတို့ ဒီထက်စစ်တဲ့မြေပဲဆီ ဘယ်မှာသွားဝယ်မလဲရှင်။
ဒါနဲ့ကျွန်မဖုန်းဆက်လိုက်တော့ မန္တလေးမှာဖြစ်နေတယ်။ ဘိတ်ဆုံး ရေးရရင် စကား ပြောဆိုပြီးတော့ အဲဒီ ဘက်က မိန်း ကလေးက ပြောပါတယ်။ ကြည့်မြင် တိုင်ညဈေးတန်းနား အိမ်တစ်အိမ် မှာသွားယူ ပါတဲ့။ ပိုက်ဆံလည်း အဲဒီ မှာပေးခဲ့ပါတဲ့။ စိတ်မြန်တဲ့ ကျွန်မတစ်ခါတည်းမှာ လိုက်တာ နောက်နေ့ ပစ္စည်းသွားယူရုံပါပဲရှင်။ အိမ်ရောက်တာနဲ့ စက်ကိုထုတ်ပြီး ဆင်ပါတယ်။ ပုံစံစာအုပ်လေးလည်းပါတယ်။ အိုကေပါတယ်။ စာဖတ်သူရှင်။ စက်တောင် ဆင်ပြီးမှတော့ ကျွန်မစက်ထဲက ထွက်လာတဲ့ မြေပဲဆီ၊ နှမ်းဆီစစ်စစ်တွေကို မြင်ချင်လာပြီလေ။
တစ်ခါတည်း အိမ်မီးဖိုချောင်ထဲ မှာ သိမ်းထားတဲ့ ပုံးတွေ ပလုံးတွေ လှန်လှောရှာတော့ မြေပဲဆန်တွေ နှစ်ပိဿာလောက်ထွက်လာပါတယ်။ အိမ်က မွေးစားသမီးတွေ အညာက ပြန်လာတော့ပါလာတာတွေ သိမ်းထားမိတာပါ။ ဒါနဲ့ ကျွန်မလည်း ဆီစကြိတ်တော့တာပါပဲ။ ကျွန်မကိုယ်တိုင် ဆီအပေါ်ခွက်လေးထဲကို မြေပဲ တွေ ဖြည်းဖြည်းချင်းထည့်ပေးပါတယ်။ စက်ကဘာမှအသံလည်း မမြည်ဘူး။ နားအေးတယ်။ ဒလိမ့်တုံးလေးက မြေပဲဆန်တွေကို တစ်ခါတည်းကြိတ်ခွဲသွားတာပါပဲ။ ကြိတ်နေတုန်းမှာပဲ အောက်က အဆင်သင့်ခံထားတဲ့ခွက်ထဲကို ဆီလေးတွေကျလာ တာများလှလှသေးတော့တယ်။ ကျွန်မကလည်း တပြုံးပြုံးပေါ့လေ။ မဌေးတို့ ဒါကျတော့ ဘာမှ မပြောတော့ဘူးရှင့်။ ခါတိုင်းဆို သူမှာပေးတာ စားရတယ်ရှင်။ အညာက နွားနဲ့ လှည့်တဲ့ ဆုံဆီပေါ့ရှင်။ ကိုယ်တိုင် စောင့်ယူတဲ့ ဆုံဆီဆိုတော့ စားအုန်း ဆီဘေးကင်း ဝေးပါတယ်ရှင်။ အခု ဒီလိုဆီကြိတ်လို့ရပြီဆိုတော့ သိပ်တော့ ကျွန်မကို ကြည်ပုံမပေါ်ဘူးရှင့် စာဖတ်သူ။
အဲဒီဆီလေးတွေ ခွက်ထဲမှာ ပြည့်လာရင် ဒန်အိုးထဲ ပြောင်းထည့် ရတယ်။ဒါပေမဲ့ နှစ်ပိဿာဆိုတော့ နည်းနည်းပဲရပါတယ်။ မြေပဲကလည်း ဘယ်ဒိုင်မှာ သွားဝယ်ရမလဲပေါ့နော် ဒီတော့ ကျွန်မထပ်မွှေတာ နှမ်းအဖြူ တွေ ပုံးတွေထဲက တော်တော်လေး ထွက်လာပါတယ်။ ဒါနဲ့ ကျွန်မ နှမ်း တွေလည်း ဆက်ကြိတ်သည်ပေါ့ရှင်။ ဘေးမှာလည်း ပလုံးတွေခွက်တွေနဲ့ ရှုပ်နေတာပဲရှင်။ စက်ကလေးက ဘယ်လောက်ကောင်းလဲဆိုရင် ဆီ တစ်စက်မှ မကျန်အောင်ကြိတ်ညှစ် ပစ်တာရှင့်။ စာဖတ်သူ ဘေးထွက် ပစ္စည်းဖြစ်တဲ့ အဲဒီကြိတ်ဖတ်တွေကို တော့ ကျွန်မသစ်ပင်လေးတွေရဲ့ခြေ ရင်းမှာ အသာပုံထားလိုက်ပါတယ်။ အပင်တွေအားရှိအောင်လို့ပါ။ အလေ အလွင့်မရှိဘူးလို့ ရေးရမှာပါပဲလေ။ ဒါနဲ့ပဲ ဆီကြိတ်စရာ ဘာမှ မရှိ တော့လို့ စက်ကို မချင့်မရဲနဲ့ရပ်လိုက် ရပါတယ်။ ဒန်အိုးထဲက ဆီလေးတွေ က နောက်နေပါတယ်။ နှစ်ရက် လောက်အသာထားလိုက်တော့ ကြည် လင်နေတဲ့ ပဲဆီနှမ်းဆီလှလှလေးတွေ ရပါတယ်။ မြေပဲနဲ့နှမ်းဆီ နံ့လေး တွေကို မွှေးလို့ပါ။ ဟင်းချက်လိုက်တော့ ခဏလေးနဲ့ ပြောင်သွားပါတယ်။ ဒီတစ်ခါအွန်လိုင်းရှော့ပင်းက ဝယ်ရတာ အဆင်ပြေပါတယ် စာဖတ်သူ။
ဒါပေမဲ့ ကျွန်မမှာ ကုန်ကြမ်း ဝယ်ဖို့ နေရာမသိပါဘူး။ မေးမြန်း သွားရင် ရနိုင်ပေမယ့် ကျွန်မက အလုပ်ခပ်များများဆိုတော့ မဝယ် ဖြစ်တော့တာ။ ဒီကနေ့အထိပါပဲ။ စိတ်ကရှိပေမယ့် ဓဂျာမနီကနေကြာဆီ ” လေးကလည်း သိပ်ကောင်းတာလည်းပါပါတယ်။ အညာကဆုံဆီတွေကလည်း ထုံးစံအတိုင်းအဆက် မပြတ်ရနေတော့တာကလည်း တစ်ကြောင်း၊ စမ်းသပ်တာအောင်မြင် သွားတာလည်း ကျေနပ်သွားတာ တစ်ကြောင်း၊ အကြောင်းကြောင်း ကြောင့် ဆီစက်ကလေးခဏနားနေပါ တယ်ရှင့်။ တစ်နေ့ကတောင် ဟဲ့ငါ့ ဆီစက်ကလေးဘယ်ရောက်သွားလဲ မေးရသေးတယ်။ သူတို့ယူလာပြလို့ ကြည့်လိုက်တော့ ဆီစက်ကလေးခမျာ ဖုန်တလိမ်းလိမ်းနဲ့ သနားစရာပါ။ အခု တလောနှမ်းဈေးကျတယ်ဆိုလို့ ကြိတ်ချင်ပါတယ်။ ဒါပေမဲ့ မဌေးက သူ့ရွာမှာ လှောင်ထားပြီး သူ့ဘာသာ ကြိတ်ပေးပြီး ပို့ခိုင်းမယ်တဲ့။ သူ လည်း ပိုက်ဆံအမြတ်ကြောင့် မဟုတ် ဘူး။ ကျွန်မလိုပဲ သူလည်း ပို့နိုင်ပါတယ်ပေါ့။ ဒါကြောင့်လည်း ဒင်းနဲ့ မတည့်တာပါ စာဖတ်သူရှင်။
နောက်တစ်ခါ အွန်လိုင်းရှော့ပင်းမှာ တွေ့တာက အပ်ချုပ်စက်သေးသေးလေးပါ။ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ တွေ့ကတည်းက ဒီ စက်သေးသေးလေးကို လိုချင်လိုက် တာလေ။ စက်ကလေးက လှလည်း လှတယ်ရှင့်။ ဒါနဲ့ပဲ ကျွန်မအွန်လိုင်း နဲ့ဆက်သွယ်ပြီး သိပ်မကြာပါဘူး။ အပ်ချုပ်စက်ကလေး အိမ်ကို ရောက် လာပါတယ်။ ဒါပေမဲ့ အိမ်ကိုရောက် လာတာနဲ့တင်ကျေနပ်သွားတဲ့ ကျွန်မ ခုချိန်ထိ မစမ်းသပ်ရသေးပါဘူး။ ဒီ ဇိုင်နာကျော်ကျော်လာမှပဲ သူချုပ် တာကြည့်လိုက်ပါဦးမယ်။ အခုတော့ စက်ကလေးလည်း သူ့ပုံးလေးထဲမှာ တစ်ရေးတမောအိပ်စက်နေလေရဲ့ စာဖတ်သူ။
နောက်တစ်ခါ အွန်လိုင်းရှော့ ပင်းမှာတွေ့တာက ရေပိုက်ပါ။ အိမ်က ပိုက်တွေလို ခွေခွေခေါက်ခေါက် မရှိဘဲ အဝတ်အစတွန့်လေးတွေ အုပ်ထားတဲ့ ရေပိုက်ကလေးကို ကြော်ငြာကြည့်ပြီး ကျွန်မ မဝယ်ရ မနေနိုင်ဖြစ်ပြန်ပါလေရောရှင့်။ ဒီ နေရာမှာစာကို ဖြတ်ရေးရရင် ကျွန် မအခုလို အွန်လိုင်းရှော့ပင်းနဲ့ အဆင်ပြေနေတာကို ဦးစီးမှူးက မသိဘူးရှင့်။ သိရင်လည်း နားညည်း လို့ပါ စာဖတ်သူ။ အလကားနေ လျှောက်ဝယ်နေတာလို့ ပြောဦးမှာလေ။ နောက်မှ ဖြည်းဖြည်းသိတော့ ဦးစီးမှူးပြောမရတော့ဘူး။ ဝယ်ပြီး သွားပြီလေ။ လျင်တယ်နော် စာဖတ် သူ။
ဒါနဲ့ ကျွန်မဖုန်းဆက်မှာပါတယ် ရှင့်။ ကိုက်တစ်ရာ့ငါးဆယ်မှ နှစ် သောင်းခွဲဆိုတော့ ဝယ်ပျော်ပါတယ် ရှင်။ သိပ်မကြာခင် ရေဖျန်းပိုက်က လေးရောက်လာပါတယ်။ ချစ်စရာ လေး။ ကျွန်မညနေဘက်မှာ ရေဖျန်း တဲ့အလုပ်စလုပ်ပါတယ်။ ခလုပ်က လည်း ရှစ်မျိုးလောက်ပါတော့ ရေပန့်အားနဲ့ဆိုရင် ရေဖျန်းလို့သိပ် ကောင်းပါတယ်။ ကားဆရာလေးတွေ ကတော့ ကားရေဆေးလို့ကောင်းလို့ သဘောကျနေကြလေရဲ့။ ကျွန်မက တော့ ရေဖျန်းရင်း ရေမှုန်ရေမွှား လေးတွေကြားမှာ ဒဏ္ဍာရီရုပ်ရှင်ထဲ က မင်းသမီး မေသန်းနု ပန်းပင်လေး တွေကို ရေပန်းလေးနဲ့ ဖျန်းနေတာ မြင်ယောင်မိပါတယ်။ ဒီတော့ ကျွန် မကလည်း ရေဖျန်းရင်း သီချင်းလေး ကို တိုးတိုးလေး ညည်းမိပါတယ်ရှင်။ ရေပန်းမှုန်မှုန်လေးတွေကို အလိုက် သင့်ဝေ့ယမ်းရင်းပေါ့ စာဖတ်သူရှင်။
” မိုးရွာမယ်ဆိုရင်လေ… သည်းလိုက်စမ်းပါလေ”
ပြီးခဲ့တဲ့ သုံးလလောက်ကတော့ ကျွန်မသမီးကြီးက အွန်လိုင်းကနေ ဘောင်းဘီတွေဝယ်ပါတယ်။ ထုံးစံအတိုင်းကျွန်မက အွန်လိုင်းပွဲ စားပေါ့ရှင်။ သမီးကြီးက ရုပ်ရှင်ရိုက် ဖို့ဘောင်းဘီရှည်လေးတွေ၊ အရှေ့ မှာ ကြိုးလေးတွေ တွဲလောင်းချည်ဖို့ မှာပေးပါဆိုတော့ မှာပေးတာပေါ့ လေ။ သမီးကြီးပစ္စည်းလေးတွေ ရောက်လာတော့ ကျွန်မမအောင့်နိုင် တော့ပါဘူးရှင်။
” ငါလည်း တစ်နေ့နိုင်ငံခြားလေး ဘာလေးသွားရင် ဝတ်ရတာပေါ့။ ပေါ့ပေါ့ပါးပါးရှိတာပေါ့” လို့ တွေးရင်း ကျွန်မအတွက်မှာပါတော့တယ်။ ကံအားလျော်စွာ ကျွန်မဆိုဒ်ကလည်း ရှိနေတော့ ဘောင်းဘီရောင်စုံငါး ထည်မှာလိုက်ပါတယ်။ အိမ်သားတွေ ခုထိ မသိသေးဘူး။ ဘောင်းဘီတစ်ထည်အစမ်းဝတ် ဓာတ်ပုံရိုက်ကြည့်ရင်း လက်ယားလာတာနဲ့ အင်တာနက်ပေါ်တင်လိုက်မှ ကလေးတွေသိ ကုန်ကြတာလေ။ ဒါပေမဲ့ ဦးစီးမှူးကတော့ ခုထိလုံးဝမသိဘူးရှင့်။ သူက ဖေ့စ်ဘုတ်မသုံးတတ်ဘူးလေ။ ဒီိတော့ ကျွန်မဖေ့စ်ဘုတ်မှာ “ပေါ်ပြူလာ” ဖြစ်နေတာ ဦးစီးမှူးမျက်ခြည် ပြတ်နေတယ်ပေါ့နော်။ အွန်လိုင်းရှော့ ပင်းကိုတက်ပြီး သောင်းကျန်းနေတာသိလို့ကတော့ အမွေဖြတ်မလား မသိပါဘူးရှင်။ သြော် ပြီးတော့ ဆက်ရေးရရင် ကျွန်မခုချိန်ထိ ဘယ်နိုင်ငံခြားမှ မသွားရသေးပါဘူး။ ဒီတော့ ကျွန်မ ဝတ်ချင်တဲ့ ဘောင်းဘီတွေလည်းဝတ်ဖို့ အခွင့်အရေးခုချိန်ထိ ဝေးနေတုန်းပါပဲ စာဖတ်သူရှင်။ ဘောင်းဘီလေးတွေက အတော့ကို လှပါတယ် ဆိုတော့လည်း။
ပြီးခဲ့တဲ့တစ်လနီးပါးကတော့ အွန်လိုင်းရှော့ပင်းက တစ်ဆင့်မှာလိုက်တဲ့ ဟင်းချက်တဲ့ ဖန်ပေါင်းအိုး ကြီးရောက်လာပါတယ်။ ဒီအိုးကြီးကို အွန်လိုင်းမှာ ကြက်တစ်ကောင်လုံး နီ ရဲနေအောင် ကင်ထားတာ မြင်က တည်းက ဝယ်ချင်တော့တာပါပဲ။ ကိုယ်စားချင်တဲ့အသားကို ပြုတ်မ လား၊ ကင်မလား တအားအဆင်ပြေ တယ်ဆိုတော့လည်းလေ။ အိမ်ရှင်မ ဆိုတော့လည်းလေ။ အိမ်သားတွေကို အရသာရှိရှိလေးတွေလုပ်ကျွေးချင် တော့လည်းလေ။ တကယ်ကလက် တည့်စမ်းချင်တဲ့ ဝါသနာတွေကြောင့် အဓိက ဆိုတော့လည်းလေ။ တစ်ခါ တလေဝယ်မိရခြင်းဖြစ်ပါတယ် စာဖတ်သူ။အခုလောလောဆယ်မှာတော့ အဲဒီ ဖန်အိုးကြီးကို တစိမ့်စိမ့်ကြည့်လိုက်၊ လှည့်ပတ်ကြည့်လိုက်၊ ထည့်ချက်မယ့် ပစ္စည်းတွေကို စိတ်ကူးယဉ်လိုက်နဲ့ ဖန်အိုးကြီးသူ့ပါ ကင်ပုံးထဲခဏပြန် ရောက်သွားပြန်ပါပြီရှင်။ ပစ္စည်းစုံမှ အားလပ်တဲ့ အချိန်ဖွင့်ပွဲလုပ်မှာတော့ အသေအချာပါစာဖတ်သူရှင်။အခုမနေ့တစ်နေ့ကမှ ရောက်လာတဲ့ အွန်လိုင်းပစ္စည်းလေးကိုတော့ တိတ်တိတ်ကလေးရေးချင်ပါသေးတယ်။ အသားမျိုးစုံကြိတ်လို့လည်း ရတယ်။ ကြက်သွန်ဖြူနီချင်းအစုံ ကြိတ်လို့ရတဲ့ ဖန်လုံးလေးနဲ့ လျှပ် စစ် စက်ကလေးပါ။ ငရုတ်သီးမှုန့်လည်း ညက်နေတာပါပဲ။ သစ်သီးလည်း ကြိတ်လို့ရတယ်တဲ့။ တစ်ခုတည်းရော သုံးလိုက်တော့ အနံ့စွဲမှာစိုးရတယ်။
ဒီခေတ်လောက်လူတွေ သက် သာတာရှိပါ့မလားပဲ စာဖတ်သူရေ။ အားလုံးအဆင်သင့်ပါ။ ကျွန်မဟင်း ချက်မယ်ဆိုရင်လည်း ငရုတ်သီး၊ ချင်း၊ ကြက်သွန်ဖြူနီ အားလုံးအဆင် သင့်ပဲ။ တကယ်တမ်းချက်ရင် နာရီဝက်ပါပဲရှင်။ ခုလိုလျှပ်စစ်ကြိတ် စက်လေးတွေပေါ်လာလည်း သိပ်သ ဘောကျမိပါတယ်။ အွန်လိုင်းပေါ် ရောက်တော့ ပိုကြိုက်ပါတယ်။ အသား ကိုကပ်ကြေးလိုညှပ်လို့ရတဲ့ ဓားကပ်ကြေးတစ် လက်လည်းတစ် သောင်းခွဲနဲ့ ဝယ်ထားပါသေးတယ်။ အခုလောလောဆယ် အွန်လိုင်းရှော့ပင်းမှာ ဝယ်မယ့်ပစ္စည်းတွေရှိပါတယ် စာဖတ်သူ။ အဲဒါတွေက ခြင်ဖမ်းစက် လေးတွေရယ်၊ မြင်သမျှလေးတွေ လောက်ပါ စာဖတ်သူ။
စိုးကြည်ဖြူ