ဝန်ထမ်းတွေကိုလစာပေးနိုင်ဖို့အတွက် အပြုံးမပျက်ဘဲ ကြိုးစားနေပါတယ်ဆိုတဲ့ ခိုင်နှင်းဝေ

0
191

#ZawGyi


#Unicode

ကိုဗစ်ကာလဖြစ်တာကြောင့် လူတိုင်း စီးပွားရေး အခက်အခဲ၊ ငွေကြေးအခက်အခဲတွေနဲ့ ကြုံကြရမှာပါ။ ခိုင်နှင်းဝေကလည်းသူ့ရဲ့မိဘမဲ့ဂေဟာက ကလေးတွေကိုကြည့်ရှုစောင့်ရှောက်ဖို့အတွက် ဝန်ထမ်းတွေခန့်ထားပါတယ်။ လကုန်တိုင်းအပြုံးမပျက်လစာပေးနိုင်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ ခိုင်နှင်းဝေ က “ဝန်ထမ်းလစာထုတ်ရက် ကိုဗစ်ရဲ့ အားပေးမှု ကြောင့်လစာထုတ်ပေးရမဲ့ လကုန်ရက်တွေဆို ဟိုးအရင်တုန်းကလို ဘောက်ဆူးလေးတွေမဲဖောက်ပြီး ပျော်ကြရွှင်ကြတွေတွေမရှိတော့ တာကြာပေါ့……….ကတုန်ကရင်နေ့စွဲလေးမဖြစ်အောင် လကုန်ရက်ကိုအမြဲအပြုံးလေးနဲ့ ဖြတ်သန်းနိုင်အောင် ကျမကြိုးစားတယ်.ဝန်ထမ်းတွေလဲမလျှော့ဘူး,ဝန်ထမ်းလစာလဲလျှော့မပေးဘူ,ဝန်ထမ်းတွေရိက္ခာရော ကလေးတွေရိက္ခာရော အစစပြည့်စုံတယ်မဟုတ်ပေမဲ့ မပူပင်ရအောင် ထားပေးနိုင်ခဲ့တယ်.အခုချိန်မှာ ဒါတွေအားလုံး အပူအပင်မရှိအောင် ကျမ အသက်ရှုချောင်ရသလို ကလေးတွေကို ဖြည့်ဆည်းပေးကြတဲ့ အလှူရှင်များရဲ့ စေတနာမေတ္တာတွေကြောင့်ပါ.ဝန်ထမ်း ၁၆ ယောက်နှင့် ကလေး ၃၅ ယောက် ပါဝင်တဲ့ ကျမတို့ ခိုင်မိသားစု ဂေဟာကို ကြည့်ရှုစောင့်ရှောက်ပေးကြတဲ့ စေတနာရှင် အလှူရှင်များရဲ့ ကျေးဇူးတရားတွေကိုအသိအမှတ်ပြုပေးရင်း တူသောအကျိုးကျေးဇူးများရရှိစံစားနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သပေးပါတယ်ရှင်”လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here