ကျွန်တော် မှာ လိုအပ်သေးတယ် မပြည့်စုံသေးလို့ ထားခဲ့တယ်လို့ပဲ ယူဆပါတယ်

0
151

#ZawGyi

ပရိသတ္ေတြအားေပးမႈရရွိခဲ့တဲ့ The Voice Myanmar ၿပိဳင္ပြဲဝင္တစ္ဦးျဖစ္တဲ့ ေတာင္တြင္းႀကီးက ေက်ာင္းဆရာေလး ရဲခန္႔ဟာ Battle Round မွာပဲ ျပဳတ္သြားခဲ့ပါၿပီ။ ပရိသတ္ေတြကေတာ့ သူတို႔အားေပးတဲ့ ၿပိဳင္ပြဲဝင္ကို မေရြးခ်ယ္ခဲ့တဲ့အတြက္ ေတာ္ေတာ္ေလး အားမလိုအားမရျဖစ္ခဲ့ၾကပါတယ္။ သူ႔အေနနဲ႔ battle round မွာ ေရြးခ်ယ္မခံရတဲ့အေပၚ ရဲခန္႔က “ဘာေျပာရမွန္း မသိေတာ့ပါဘူးဗ်ာအားေပးခဲ့တဲ့ပရိတ္သတ္တစ္ေယာက္ခ်င္းစီကို ဒီေနရာကေန ေက်းဇူးတင္စကားေျပာရင္း ႏႈတ္ဆက္ပါတယ္ဗ်ာ။
ကၽြန္ေတာ္တို႔ဒီbattle မွာ ၿပိဳင္ဆိုင္တယ္ဆိုတာထက္ အေကာင္းဆုံးေဖ်ာ္ေျဖမယ္ဆိုၿပီးပဲ ကၽြန္ေတာ္တို႔ႀကိဳးစားခဲ့ပါတယ္။ ကၽြန္ေတာ္တို႔အသင္းက ေနာက္ဆုံးၿပိဳင္ရတဲ့အသင္းလဲျဖစ္ၿပီး ကၽြန္ေတာ္တို႔အတြဲက ေနာက္ဆုံးမွဆိုခဲ့ရတာပါကၽြန္ေတာ္တို႔အလွည့္မွာ ေမၽွာ္လင့္ခ်က္ေလးျဖစ္တဲ့ျပန္save ခြင့္က မရွိခဲ့ပါဘူး ဒါေပမယ့္ ကၽြန္ေတာ္တို႔ဘယ္သူပဲပါပါ ဘယ္သူပဲေနခဲ့ေနခဲ့ရ အေကာင္းဆုံးႀကိဳးစားေဖ်ာ္ေျဖၾကမယ္ဆိုၿပီးစိတ္နဲ႔ သီဆိုခဲ့ပါတယ္ ကိုအာႀကီးရဲ့သုံးသပ္ၿပီးေရြးခ်ယ္လိုက္တာကိုလဲ မေနာ္ဇာလီအတြက္ ဝမ္းသာပီတိျဖစ္ရပါတယ္။ ကၽြန္ေတာ့္မွာလိုအပ္ေသးတယ္ မျပည့္စုံေသးလို႔ထားခဲ့တယ္လို႔ပဲ ယူဆပါတယ္ Blind နဲ႔ battle က ကိုဗစ္ေရာေရာဂါပိုးေၾကာင့္ ၾကားထဲမွာ၄လေက်ာ္ နားေနခဲ့ရပါတယ္။
ကၽြန္ေတာ္တို႔အသင္းသားေတြ ျပန္ေတြ႕ၾကေတာ့ ေမာင္ႏွမအရင္းေတြလိုပါပဲ ခ်စ္ခ်စ္ခင္ခင္စစေနာက္ေနာက္ေတြနဲ႔ပါပဲ ဘယ္သူသာေစဘယ္သူနာေစလဲမရွိၾကေတာ့ အေကာင္းဆုံးေဖ်ာ္ေျဖၾကမယ္ဆိုၿပီးပဲအတူတူႀကိဳးစားခဲ့ၾကပါတယ္။ ကၽြန္ေတာ္ဒီေလာက္ပဲေျပာေတာ့မယ္ဗ်ာကၽြန္ေတာ့္ကိုေမၽွာ္လင့္တႀကီးအားေပးၾကတဲ့ ကၽြန္ေနာ့္မိတ္ေဆြေတြ fbကfriေတြ တစ္ေယာက္စီတိုင္းကို ဒီေနရာကေနေက်းဇူးတင္းစကားေျပာပါရေစ တကယ္လဲစိတ္မေကာင္းျဖစ္ရတယ္။ အရမ္းလဲအားနာမိတယ္ ကၽြန္ေတာ္ညံ့ေသးလို႔ဒီေလာက္နဲ႔ပဲ ရပ္ခဲ့ရတယ္လို႔ယူဆပါတယ္ ေမၽွာ္လင့္တႀကီးအားေပးေနခဲ့ၾကသူေတြကိုလဲေတာင္းပန္ပါတယ္။
ကၽြန္ေတာ့္အတြက္ေထာင္ထားတဲ့ Groupေတြကိုလဲ ဖ်က္ရင္ဖ်က္လိုက္ၾကပါ ကၽြန္ေတာ္က ဘာမွမဟုတ္ေတာ့ပဲ ျပဳတ္သြားၿပီဆိုေတာ့ ညီအစ္ကိုေမာင္ႏွမတို႔ ဒီGroupေထာင္ထားၿပီးအားေပးၾကတာကို ကၽြန္ေတာ္အရမ္းလဲအားနာရတယ္ အဲဒါေၾကာင့္ gpေတြဖ်က္လိုက္ၾကပါလို႔ ေျပာပါရေစကၽြန္ေတာ္ကျပဳတ္သြားၿပီပဲေလ ေနာက္တဆင့္ထပ္ပါသြားတဲ့သူေတြကိုလဲအားေပးလိုက္ၾကပါ အကုန္ေကာင္းၾကပါတယ္ အားလုံးကိုေက်းဇူးအထူးတင္ပါတယ္ခင္ဗ်ာ”လို႔ သူ႔ရဲ့ေဖ့ဘုတ္မွာ ေရးသားခဲ့ပါတယ္။

#Unicode

ပရိသတ်တွေအားပေးမှုရရှိခဲ့တဲ့ The Voice Myanmar ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ တောင်တွင်းကြီးက ကျောင်းဆရာလေး ရဲခန့်ဟာ Battle Round မှာပဲ ပြုတ်သွားခဲ့ပါပြီ။ ပရိသတ်တွေကတော့ သူတို့အားပေးတဲ့ ပြိုင်ပွဲဝင်ကို မရွေးချယ်ခဲ့တဲ့အတွက် တော်တော်လေး အားမလိုအားမရဖြစ်ခဲ့ကြပါတယ်။ သူ့အနေနဲ့ battle round မှာ ရွေးချယ်မခံရတဲ့အပေါ် ရဲခန့်က “ဘာပြောရမှန်း မသိတော့ပါဘူးဗျာအားပေးခဲ့တဲ့ပရိတ်သတ်တစ်ယောက်ချင်းစီကို ဒီနေရာကနေ ကျေးဇူးတင်စကားပြောရင်း နှုတ်ဆက်ပါတယ်ဗျာ။
ကျွန်တော်တို့ဒီbattle မှာ ပြိုင်ဆိုင်တယ်ဆိုတာထက် အကောင်းဆုံးဖျော်ဖြေမယ်ဆိုပြီးပဲ ကျွန်တော်တို့ကြိုးစားခဲ့ပါတယ်။
ကျွန်တော်တို့အသင်းက နောက်ဆုံးပြိုင်ရတဲ့အသင်းလဲဖြစ်ပြီး ကျွန်တော်တို့အတွဲက နောက်ဆုံးမှဆိုခဲ့ရတာပါကျွန်တော်တို့အလှည့်မှာ မျှော်လင့်ချက်လေးဖြစ်တဲ့ပြန်save ခွင့်က မရှိခဲ့ပါဘူး ဒါပေမယ့် ကျွန်တော်တို့ဘယ်သူပဲပါပါ ဘယ်သူပဲနေခဲ့နေခဲ့ရ အကောင်းဆုံးကြိုးစားဖျော်ဖြေကြမယ်ဆိုပြီးစိတ်နဲ့ သီဆိုခဲ့ပါတယ် ကိုအာကြီးရဲ့သုံးသပ်ပြီးရွေးချယ်လိုက်တာကိုလဲ မနော်ဇာလီအတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျွန်တော့်မှာလိုအပ်သေးတယ် မပြည့်စုံသေးလို့ထားခဲ့တယ်လို့ပဲ ယူဆပါတယ် Blind နဲ့ battle က ကိုဗစ်ရောရောဂါပိုးကြောင့် ကြားထဲမှာ၄လကျော် နားနေခဲ့ရပါတယ်။
ကျွန်တော်တို့အသင်းသားတွေ ပြန်တွေ့ကြတော့ မောင်နှမအရင်းတွေလိုပါပဲ ချစ်ချစ်ခင်ခင်စစနောက်နောက်တွေနဲ့ပါပဲ ဘယ်သူသာစေဘယ်သူနာစေလဲမရှိကြတော့ အကောင်းဆုံးဖျော်ဖြေကြမယ်ဆိုပြီးပဲအတူတူကြိုးစားခဲ့ကြပါတယ်။ ကျွန်တော်ဒီလောက်ပဲပြောတော့မယ်ဗျာကျွန်တော့်ကိုမျှော်လင့်တကြီးအားပေးကြတဲ့ ကျွန်နော့်မိတ်ဆွေတွေ fbကfriတွေ တစ်ယောက်စီတိုင်းကို ဒီနေရာကနေကျေးဇူးတင်းစကားပြောပါရစေ တကယ်လဲစိတ်မကောင်းဖြစ်ရတယ်။ အရမ်းလဲအားနာမိတယ် ကျွန်တော်ညံ့သေးလို့ဒီလောက်နဲ့ပဲ ရပ်ခဲ့ရတယ်လို့ယူဆပါတယ် မျှော်လင့်တကြီးအားပေးနေခဲ့ကြသူတွေကိုလဲတောင်းပန်ပါတယ်။
ကျွန်တော့်အတွက်ထောင်ထားတဲ့ Groupတွေကိုလဲ ဖျက်ရင်ဖျက်လိုက်ကြပါ ကျွန်တော်က ဘာမှမဟုတ်တော့ပဲ ပြုတ်သွားပြီဆိုတော့ ညီအစ်ကိုမောင်နှမတို့ ဒီGroupထောင်ထားပြီးအားပေးကြတာကို ကျွန်တော်အရမ်းလဲအားနာရတယ် အဲဒါကြောင့် gpတွေဖျက်လိုက်ကြပါလို့ ပြောပါရစေကျွန်တော်ကပြုတ်သွားပြီပဲလေ နောက်တဆင့်ထပ်ပါသွားတဲ့သူတွေကိုလဲအားပေးလိုက်ကြပါ အကုန်ကောင်းကြပါတယ် အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ”လို့ သူ့ရဲ့ဖေ့ဘုတ်မှာ ရေးသားခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here