ကိုယ်နဲ့ဘဝတူ အလှဖန်တီးရှင်များအတွက် ဆန်အိတ်များလှူဒါန်းခဲ့တဲ့ အလှဖန်တီးရှင် ညီညီမောင်စမ်းချောင်း

0
132

#ZawGyi



#Unicode

မိတ်ကပ်ညီညီမောင်စမ်းချောင်း က ကိုဗစ်ကာလမှာ အခက်အခဲဖြစ်နေတဲ့ မိတ်ကပ်ဖန်တီးရှင်တချို့အတွက် နိုင်သလောက်လှူဒါန်းခဲ့ပါတယ်။ ကျမတို့လူနည်းစု ဖြစ်တဲ့ ချစ်ရတဲ့ ဖန်တီးရှင် တွေ အတွက် သု တို့မသားစု ရဲ့ နိုင်သလောက်အလှုလေးပါ ဆန်၁၂ပြည် အိတ်၂၀လှူဖြစ်ပါတယ်။ ကိုယ်ကိုတိုင်က မိန်းမလျာဆိုတော့ ဒီထပ်အအများကြီးလည်းလှူချင်ပါသေးတယ် ဝင်ငွေနည်းပါးနေချိန်မို့ အများကြီးလှူချင်ပေမဲ့ မလှူနိုင်လို့ စိတ်ထဲမကောင်းပါဘူး ။ထပ်လှူနိုင်အောင်လည်းကြိုးစားပါမယ် ။

ကျမတို မိန်းမလျာတွေဟာ လူ ရယ်လို့ ဖြစ်လာကထဲက ဘယ်သူမှ ဒုက္ခမပေး ကြပါဘူး မိသားစုထဲမှာလည်း အနိမ့်ခံရဆုံး လူမှူအသိုင်းဝိုင်းမှလဲ လှောင်ပြောင်ခံရပါတယ် ဒါပေမဲ့ အဲ မိန်းမလျာတွေက ပဲ သမာဇီဝ အလုပ်တွေနဲ့ မိသား စု ညီအကိုမောင်နှမ မိတ်ဆွေတွေကို စောင့်ရှောက်ကျတာပါ ဘယ်လို နှိမ်နှိမ်ဖိနှိပ်လဲ မိသားစု အတွက်ဆို အချိန်တန်ရင် ကျမတို့က သူရဲကောင်း တွေပါပဲ❤️ မာမီ စိန်ပြောဘူးတဲ့ စကားရှိပါတယ် ထမင်းငတ်သေတဲ့ မိန်းမလျာ မရှိပါဘူး အားတင်းထားကျပါ ကြံကြံခံပေးကျပါ မကြာခင် လှပတဲ့လောကကြီးကို ကျမတိုရဲ့ အတက်ပညာတွေနဲ့ အလှဆင်ကျမယ်နော် အလှူဖြစ်အောင် စီစဉ်ပေးတဲ့ မာမီကျော်(မလေးရှား) ,ဆေးရောင်ချယ် တွဲလက်တဖက် အဖွဲ့ သားများလည်းကျေးဇူးတင်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here