အောက်ခြေ LED မှာ ရွှေတိဂုံစေတီတော်ပုံတွေပေါ်နေတာ သတိမထားမိခဲ့တဲ့အတွက် ပရိသတ်တွေကို အနူးအညွတ်တောင်းပန်ခဲ့တဲ့ Project K

0
182

#Zawgyi

ျမန္မာနိုင္ငံရဲ့ နာမည္ေက်ာ္ Project K အဖြဲ႕ဟာ ကိုရီးယားနိုင္ငံရဲ့ Asia Song Festival 2020 ၿပိဳင္ပြဲမွာ ပါဝင္ေဖ်ာ္ေျဖခြင့္ရတဲ့အတြက္ ဂုဏ္ယူစရာေကာင္းလွပါတယ္။ သူတို႔ေဖ်ာ္ေျဖတဲ့အခ်ိန္မွာ LED ေတြမ်ားစြာနဲ႔ ျပသခဲ့ၿပီး ေရႊတိဂုံပုံရိပ္ေတြကို ေအာက္က LED မွာျပသခဲ့တာေၾကာင့္ ပရိသတ္ေတြကိုအႏူးအညြတ္ေတာင္းပန္စကားဆိုခဲ့ပါတယ္။
ကၽြန္ေတာ္တို႔ မေန႔က Asia Song Festival 2020 ပြဲမွာ ေဖ်ာ္ေျဖတုန္းက ေရႊတိဂုံေစတီေတာ္ ပုံရိပ္ကို ေအာက္ LED မွာျပ‌ေနတယ္ဆိုတာ ကၽြန္ေတာ္တို႔ ေဖ်ာ္ေျဖၿပီးမွသိခဲ့ရတာပါခင္ဗ်။
မေန႔က မေဖ်ာ္ေျဖခင္ Run through Rehearsal ၂ေခါက္လုပ္ရပါတယ္ … အဝတ္အစား အျပည့္အစုံနဲ႔ ပြဲမွာ ေဖ်ာ္ေျဖသလို အျပည့္ကျပရတာပါ ( တျခား Korea Idol ေတြအပါအဝင္ ပြဲေဖ်ာ္ေျဖသလို ေတာက္ေလၽွာက္လုပ္သြားရေတာ့ ေနရာခ်ခ်ိန္ေတာင္ မရခဲ့ပါဘူးဗ် )LED မွာျပမယ့္ Video ေတြအကုန္လုံးကလည္း ပြဲကပဲစီစဥ္တာပါ။
ပထမတစ္ႀကိမ္ rehearsal မွာ LED မထိုးေသးပါဘူး။ ဒုတိယအႀကိမ္ rehearsal ေဖ်ာ္‌ေျဖရတဲ့အခ်ိန္မွာမွ LED ေတြပါလာတာပါ။ေအာက္မွာ LED လင္းေနမွန္းေတာ့သိေပမယ့္ rehearsal ကေနတဲ့အခ်ိန္ ဘာပုံရိပ္မွန္းေသေသခ်ာခ်ာမသိခဲ့ပါဘူး။(Rehearsal က ေန႔ခင္းမွာလုပ္ရတာကတစ္‌ေၾကာင္း၊ Stage အရမ္းႀကီးတာကတစ္ေၾကာင္း၊ အေပၚစီးကရိုက္မွသာျမင္နိုင္မွာျဖစ္တာကတစ္ေၾကာင္း ေအာက္ LED ကပုံရိပ္မွာ ေရႊတိဂုံ‌ေစတီေတာ္ ပုံရိပ္ပါတယ္ဆိုတာ ကၽြန္ေတာ္တို႔လည္းလုံးဝသတိမထားမိခဲ့ပါဘူး။(ကၽြန္ေတာ္တို႔အားလုံးကလည္း ဗုဒၶဘာသာဝင္ေတြပါပဲ။ ေအာက္ေျခမွာအခုလိုရွိမွန္းသိရင္ ကၽြန္ေတာ္တို႔လည္း ထည့္ခိုင္းမွာမဟုတ္ပါဘူးဗ် ) ေအာက္ေၿခ LED မွာ ေရႊတိဂုံ‌ေစတီေတာ္ ပုံေပၚေနတယ္ဆိုတာကို တစ္ကယ့္ေဖ်ာ္ေျဖေရးၿပီးလို႔ video ျပန္ၾကည့္မွသိခဲ့ရတာပါခင္ဗ်။Rehearsal အခ်ိန္မွာေရာ ပြဲေဖ်ာ္ေျဖေနတဲ့အခ်ိန္မွာပါ နိုင္ငံအတြက္ အေကာင္းဆုံး ႀကိဳးစား‌ၾကမယ္ဆိုတဲ့ စိတ္နဲ႔ပဲ ႀကိဳးစားၿပီးေဖ်ာ္ေျဖခဲ့ၾကတာပါ။ ပြဲၿပီးလို႔ ၾကည့္မိေတာ့မွ အခုလိုပဲ ျဖစ္ေနခဲ့တာပါဗ်ာ။
ကၽြန္ေတာ္တို႔ Project K အဖြဲ႕အေနနဲ႔ အေကာင္းဆုံး ႀကိဳးစားခဲ့ေပမဲ့ အခုလိုလြဲေခ်ာ္မႈျဖစ္သြားခဲ့တဲ့အတြက္ တကယ္ကို စိတ္မေကာင္းျဖစ္ရပါတယ္ … အားလုံးကိုလဲ ဒီကေန အႏူးအညြန္႔ေတာင္းပန္အပ္ပါတယ္။ အခုလဲ ပြဲက တာဝန္ရွိ လူႀကီးမင္းေတြကိုေျပာျပလိုက္ေတာ့ သူတို႔ဖက္ကလဲ သိသိခ်င္း ခ်က္ခ်င္းကို အႏူးအညြတ္ေတာင္းပန္ၾကပါတယ္။

#Unicode

မြန်မာနိုင်ငံရဲ့ နာမည်ကျော် Project K အဖွဲ့ဟာ ကိုရီးယားနိုင်ငံရဲ့ Asia Song Festival 2020 ပြိုင်ပွဲမှာ ပါဝင်ဖျော်ဖြေခွင့်ရတဲ့အတွက် ဂုဏ်ယူစရာကောင်းလှပါတယ်။ သူတို့ဖျော်ဖြေတဲ့အချိန်မှာ LED တွေများစွာနဲ့ ပြသခဲ့ပြီး ရွှေတိဂုံပုံရိပ်တွေကို အောက်က LED မှာပြသခဲ့တာကြောင့် ပရိသတ်တွေကိုအနူးအညွတ်တောင်းပန်စကားဆိုခဲ့ပါတယ်။
ကျွန်တော်တို့ မနေ့က Asia Song Festival 2020 ပွဲမှာ ဖျော်ဖြေတုန်းက ရွှေတိဂုံစေတီတော် ပုံရိပ်ကို အောက် LED မှာပြ‌နေတယ်ဆိုတာ ကျွန်တော်တို့ ဖျော်ဖြေပြီးမှသိခဲ့ရတာပါခင်ဗျ။
မနေ့က မဖျော်ဖြေခင် Run through Rehearsal ၂ခေါက်လုပ်ရပါတယ် … အဝတ်အစား အပြည့်အစုံနဲ့ ပွဲမှာ ဖျော်ဖြေသလို အပြည့်ကပြရတာပါ ( တခြား Korea Idol တွေအပါအဝင် ပွဲဖျော်ဖြေသလို တောက်လျှောက်လုပ်သွားရတော့ နေရာချချိန်တောင် မရခဲ့ပါဘူးဗျ )LED မှာပြမယ့် Video တွေအကုန်လုံးကလည်း ပွဲကပဲစီစဉ်တာပါ။
ပထမတစ်ကြိမ် rehearsal မှာ LED မထိုးသေးပါဘူး။ ဒုတိယအကြိမ် rehearsal ဖျော်‌ဖြေရတဲ့အချိန်မှာမှ LED တွေပါလာတာပါ။အောက်မှာ LED လင်းနေမှန်းတော့သိပေမယ့် rehearsal ကနေတဲ့အချိန် ဘာပုံရိပ်မှန်းသေသေချာချာမသိခဲ့ပါဘူး။(Rehearsal က နေ့ခင်းမှာလုပ်ရတာကတစ်‌ကြောင်း၊ Stage အရမ်းကြီးတာကတစ်ကြောင်း၊ အပေါ်စီးကရိုက်မှသာမြင်နိုင်မှာဖြစ်တာကတစ်ကြောင်း အောက် LED ကပုံရိပ်မှာ ရွှေတိဂုံ‌စေတီတော် ပုံရိပ်ပါတယ်ဆိုတာ ကျွန်တော်တို့လည်းလုံးဝသတိမထားမိခဲ့ပါဘူး။
(ကျွန်တော်တို့အားလုံးကလည်း ဗုဒ္ဓဘာသာဝင်တွေပါပဲ။ အောက်ခြေမှာအခုလိုရှိမှန်းသိရင် ကျွန်တော်တို့လည်း ထည့်ခိုင်းမှာမဟုတ်ပါဘူးဗျ ) အောက်ခြေ LED မှာ ရွှေတိဂုံ‌စေတီတော် ပုံပေါ်နေတယ်ဆိုတာကို တစ်ကယ့်ဖျော်ဖြေရေးပြီးလို့ video ပြန်ကြည့်မှသိခဲ့ရတာပါခင်ဗျ။
Rehearsal အချိန်မှာရော ပွဲဖျော်ဖြေနေတဲ့အချိန်မှာပါ နိုင်ငံအတွက် အကောင်းဆုံး ကြိုးစား‌ကြမယ်ဆိုတဲ့ စိတ်နဲ့ပဲ ကြိုးစားပြီးဖျော်ဖြေခဲ့ကြတာပါ။ ပွဲပြီးလို့ ကြည့်မိတော့မှ အခုလိုပဲ ဖြစ်နေခဲ့တာပါဗျာ။ ကျွန်တော်တို့ Project K အဖွဲ့အနေနဲ့ အကောင်းဆုံး ကြိုးစားခဲ့ပေမဲ့ အခုလိုလွဲချော်မှုဖြစ်သွားခဲ့တဲ့အတွက် တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ် … အားလုံးကိုလဲ ဒီကနေ အနူးအညွန့်တောင်းပန်အပ်ပါတယ်။ အခုလဲ ပွဲက တာဝန်ရှိ လူကြီးမင်းတွေကိုပြောပြလိုက်တော့ သူတို့ဖက်ကလဲ သိသိချင်း ချက်ချင်းကို အနူးအညွတ်တောင်းပန်ကြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here