Asian Academy Creative Awards မှာ National အဆင့် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့တဲ့ ခါရာ

0
144

#Zawgyi

Asian Academy Creative Awards မွာ National အဆင့္ အေကာင္းဆုံးအမ်ိဳးသားဇာတ္ေဆာင္ဆု ရရွိခဲ့တဲ့ ခါရာ

ေအာက္တိုဘာ (၁၅) ရက္ေန႔က က်င္းပခဲ့တဲ့ Asian Academy Creative Awards ရဲ့ National အဆင့္ဆုေရြးခ်ယ္ပြဲမွာ ျမန္မာနိုင္ငံကိုယ္စားျပဳအေနနဲ႔ ေလာကႀကိဳးဝိုင္း – Spirit of Fight ဇာတ္လမ္းတြဲမွာ ဖီးနစ္ဇာတ္ေကာင္အေနနဲ႔ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ခါရာက အေကာင္းဆုံးအမ်ိဳးသား ဇာတ္ေကာင္ဆုရရွိခဲ့ၿပီး Regional အဆင့္ Grand Final အတြက္ ဆန္ခါတင္ေရြးခ်ယ္ခံခဲ့ရပါတယ္။

ေလာကႀကိဳးဝိုင္း ဇာတ္လမ္းတြဲကို Arkar Production ကရိုက္ကူးခဲ့ၿပီး Canal+ Channel ကျပသခဲ့တဲ့ ဇာတ္လမ္းတြဲေကာင္း တစ္ကားလည္းျဖစ္ပါတယ္။ National အဆင့္မွာ အေကာင္းဆုံးအမ်ိဳးသားဇာတ္ေဆာင္ဆုရရွိခဲ့ၿပီး ဒီဇင္ဘာမွာက်င္းပမယ့္ Grand Final ပြဲမွာ အျခားေသာနိုင္ငံမ်ားမွ National Winners မ်ားနဲ႔ ဆက္လက္ယွဥ္ၿပိဳင္ရဦးမွာ ျဖစ္ပါတယ္။

“နိုင္ငံတကာက ႐ုပ္ရွင္မင္းသားေတြနဲ႔ ပါဝင္ယွဥ္ၿပိဳင္ေရြးခ်ယ္ခံရခြင့္ရခဲ့တဲ့အတြက္ ကၽြန္ေတာ္ကိုယ္တိုင္လည္း စိတ္ပိုင္းဆိုင္ရာခြန္အားေတြ အမ်ားႀကီးရသြားပါၿပီ။ လာမယ့္ ဒီဇင္ဘာလမွာ က်င္းပမယ့္ Grand Final ပြဲအတြက္ ရင္ခုန္ရင္း ဒီထက္ပိုႀကိဳးစားသြားပါမယ္လို႔ Kharreans တို႔နဲ႔ ပရိသတ္ေတြကို ကတိေပးပါတယ္”

“အေပ်ာ္ေပၚ အေပ်ာ္ထပ္ဆင့္သလိုပါပဲ Bonanza Production က ရိုက္ကူးထုတ္လုပ္တဲ့ လိပ္ျပာ – အမွန္တရားရဲ့ဓါးတစ္လက္ က National Winners အျဖစ္ Best Drama Series၊ Best Actress In A Leading Role ၊ Best Theme Song နဲ႔ Best Cinematography ဆု (၄) ဆု ရရွိသြားတဲ့အတြက္လည္း ထပ္တူဝမ္းသာမိပါတယ္ခင္ဗ်” လို႔ သူ႔ရဲ့ Social Media ကေနတင္ထားပါတယ္။

#Unicode

Asian Academy Creative Awards မှာ National အဆင့် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့တဲ့ ခါရာ

အောက်တိုဘာ (၁၅) ရက်နေ့က ကျင်းပခဲ့တဲ့ Asian Academy Creative Awards ရဲ့ National အဆင့်ဆုရွေးချယ်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ လောကကြိုးဝိုင်း – Spirit of Fight ဇာတ်လမ်းတွဲမှာ ဖီးနစ်ဇာတ်ကောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် ခါရာက အကောင်းဆုံးအမျိုးသား ဇာတ်ကောင်ဆုရရှိခဲ့ပြီး Regional အဆင့် Grand Final အတွက် ဆန်ခါတင်ရွေးချယ်ခံခဲ့ရပါတယ်။

လောကကြိုးဝိုင်း ဇာတ်လမ်းတွဲကို Arkar Production ကရိုက်ကူးခဲ့ပြီး Canal+ Channel ကပြသခဲ့တဲ့ ဇာတ်လမ်းတွဲကောင်း တစ်ကားလည်းဖြစ်ပါတယ်။ National အဆင့်မှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရရှိခဲ့ပြီး ဒီဇင်ဘာမှာကျင်းပမယ့် Grand Final ပွဲမှာ အခြားသောနိုင်ငံများမှ National Winners များနဲ့ ဆက်လက်ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။

“နိုင်ငံတကာက ရုပ်ရှင်မင်းသားတွေနဲ့ ပါဝင်ယှဉ်ပြိုင်ရွေးချယ်ခံရခွင့်ရခဲ့တဲ့အတွက် ကျွန်တော်ကိုယ်တိုင်လည်း စိတ်ပိုင်းဆိုင်ရာခွန်အားတွေ အများကြီးရသွားပါပြီ။ လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် Grand Final ပွဲအတွက် ရင်ခုန်ရင်း ဒီထက်ပိုကြိုးစားသွားပါမယ်လို့ Kharreans တို့နဲ့ ပရိသတ်တွေကို ကတိပေးပါတယ်”

“အပျော်ပေါ် အပျော်ထပ်ဆင့်သလိုပါပဲ Bonanza Production က ရိုက်ကူးထုတ်လုပ်တဲ့ လိပ်ပြာ – အမှန်တရားရဲ့ဓါးတစ်လက် က National Winners အဖြစ် Best Drama Series၊ Best Actress In A Leading Role ၊ Best Theme Song နဲ့ Best Cinematography ဆု (၄) ဆု ရရှိသွားတဲ့အတွက်လည်း ထပ်တူဝမ်းသာမိပါတယ်ခင်ဗျ” လို့ သူ့ရဲ့ Social Media ကနေတင်ထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here