ဖောင်ကြီး မှာတလတာဝန်ထမ်းဆောင်မယ့် ဆရာဝန်သရုပ်ဆောင် မောင်

0
146

#Zawgyi
ဆရာဝန္တစ္ဦးျဖစ္တဲ့ သ႐ုပ္ေဆာင္ ေမာင္ဟာ ကိုဗစ္ေရာဂါကုသေပးတဲ့ ေဖာင္ႀကီးေဆး႐ုံမွာ တလ တာဝန္ထမ္းေဆာင္မွာျဖစ္ပါတယ္။ ကိုဗစ္ေရာဂါ ကူးစက္ခံရၿပီး ေပ်ာက္ကင္းလာသူျဖစ္တဲ့ ေမာင္ဟာ လူနာေတြကို ေဆးကုသေပးဖို႔အတြက္ သူ႔ရဲ့အိမ္ကိုခြင့္ေတာင္းၿပီး သြားေရာက္ကုသေပးမွာျဖစ္ပါတယ္။

ဒီအေၾကာင္းကိုေတာ့ ေမာင္က”အမိန႔္စာမွာ ေဒါက္တာစိန္ၿဖိဳးလွိုင္ ပါလာပါၿပီ…ေဖာင္ႀကီး covid ကုသေရးမွာ တလတိတိ တာဝန္ထမ္းေဆာင္ပါမယ္… ကၽြန္ေတာ္တတ္ထားတဲ့ပညာနဲ႔ ခုလိုအခ်ိန္မွာ ပါဝင္ခြင့္ရတာကိုပဲဝမ္းသာပါတယ္…ကၽြန္ေတာ္သာ ဆရာဝန္တေယာက္မဟုတ္ခဲ့ဘူး ငယ္ရြယ္က်န္းမာတဲ့သူတေယာက္မဟုတ္ခဲ့ဘူးဆိုရင္ လုပ္ခ်င္ပါတယ္ဆိုတာေတာင္ လုပ္လို႔မရပါဘူး…ကၽြန္ေတာ္ လုပ္နိုင္တယ္ လုပ္သင့္တယ္ လုပ္ရမယ့္ အလုပ္လို႔ခံယူထားပါတယ္…ကၽြန္ေတာ္ခုလိုသြားမွာကို စိတ္ပူေပမယ့္ ကၽြန္ေတာ္ဆႏၵကိုလိုက္ေလ်ာၿပီး ခြင့္ျပဳေပးတဲ့ ပါးပါးနဲ႔ေမႀကီး၊ ၿပီးေတာ့ ကၽြန္ေတာ့္ အစ္မ ၅ ေယာက္နဲ႔ ရီရီ့ ကိုလည္းေက်းဇူးတင္ပါတယ္”လို႔ ​ေျပာပါတယ္။

#Unicode
ဆရာဝန်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် မောင်ဟာ ကိုဗစ်ရောဂါကုသပေးတဲ့ ဖောင်ကြီးဆေးရုံမှာ တလ တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။ ကိုဗစ်ရောဂါ ကူးစက်ခံရပြီး ပျောက်ကင်းလာသူဖြစ်တဲ့ မောင်ဟာ လူနာတွေကို ဆေးကုသပေးဖို့အတွက် သူ့ရဲ့အိမ်ကိုခွင့်တောင်းပြီး သွားရောက်ကုသပေးမှာဖြစ်ပါတယ်။

ဒီအကြောင်းကိုတော့ မောင်က”အမိန့်စာမှာ ဒေါက်တာစိန်ဖြိုးလှိုင် ပါလာပါပြီ…ဖောင်ကြီး covid ကုသရေးမှာ တလတိတိ တာဝန်ထမ်းဆောင်ပါမယ်… ကျွန်တော်တတ်ထားတဲ့ပညာနဲ့ ခုလိုအချိန်မှာ ပါဝင်ခွင့်ရတာကိုပဲဝမ်းသာပါတယ်…ကျွန်တော်သာ ဆရာဝန်တယောက်မဟုတ်ခဲ့ဘူး ငယ်ရွယ်ကျန်းမာတဲ့သူတယောက်မဟုတ်ခဲ့ဘူးဆိုရင် လုပ်ချင်ပါတယ်ဆိုတာတောင် လုပ်လို့မရပါဘူး…ကျွန်တော် လုပ်နိုင်တယ် လုပ်သင့်တယ် လုပ်ရမယ့် အလုပ်လို့ခံယူထားပါတယ်…ကျွန်တော်ခုလိုသွားမှာကို စိတ်ပူပေမယ့် ကျွန်တော်ဆန္ဒကိုလိုက်လျောပြီး ခွင့်ပြုပေးတဲ့ ပါးပါးနဲ့မေကြီး၊ ပြီးတော့ ကျွန်တော့် အစ်မ ၅ ယောက်နဲ့ ရီရီ့ ကိုလည်းကျေးဇူးတင်ပါတယ်”လို့ ​ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here