ဂီတအနုပညာကြယ်တစ်ပွင့်ကြွေလွင့်ပရိသတ်အားပေးတဲ့အနုပညာရှင်တစ်ဦး အခုလိုကွယ်လွန်သွားတဲ့အတွက် ပေါ်ပြူလာဂျာနယ်ကလည်း မိသားစု၊ ပရိသတ်တွေနဲ့ ထပ်တူဝမ်းနည်းကြေကွဲရပါတယ်။

0
53

#Zawgyi

#Unicode
ဂီတအနုပညာကြယ်တစ်ပွင့်ကြွေလွင့်အဆိုတော်မီးမီးခဲဟာ ကင်ဆာရောဂါဖြင့် အောက်တိုဘာ ၁၆ရက်နေ့ က သြစတြေးလျနိုင်ငံ ည ၉နာရီ ၃၁မိနစ်က ကွယ်လွန်သွားခဲ့ပါတယ်။ မီးမီးခဲဟာ ကင်ဆာဝေဒနါ အဆင့် ၄ထိ ဝေဒနါခံစားခဲ့ရသူပါ။ဇွန်လ၁၂ရက်နေ့မှာ အသက် ၃၇နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ ကင်ဆာဝေဒနာကို ကုသရင်း သက်သာချိန်မှာတော့ မြန်မာနိုင်ငံကို ပြန်လာခဲ့ပြီး ၂၀၂၀ခုနစ် ဇန်နဝါရီ ၁၁ရက်နေ့မှာ တကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်ခဲ့ပါသေးတယ်။ ဒီတကိုယ်တော်ဖျော်ဖြေပွဲ ကရရှိတဲ့ ငွေကြေးတွေကို မြောက်ဥက္ကလာပဆေးရုံက ကင်ဆာဌာနမှာရှိတဲ့ ကင်ဆာဝေဒ နာသည်တွေအတွက် လှူဒါန်းခဲ့ပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့ပါတယ်။
မီးမီးခဲကွယ်လွန်သွားတဲ့အတွက် ဂီတအနုပညာရှင်တွေနဲ့ ပရိသတ်တွေက ဝမ်းနည်းကြောင်း အွန်လိုင်းစာမျက်နှာထက်မှာရေးသားခဲ့ကြပါတယ်။ ပရိသတ်အားပေးတဲ့အနုပညာရှင်တစ်ဦး အခုလိုကွယ်လွန်သွားတဲ့အတွက် ပေါ်ပြူလာဂျာနယ်ကလည်း မိသားစု၊ ပရိသတ်တွေနဲ့ ထပ်တူဝမ်းနည်းကြေကွဲရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here