အဆိုတော်စိုင်းဆိုင်မောဝ်ရဲ့ တေးသီချင်းများကို ထိုင်းနိုင်ငံမှာမှတ်ပုံတင်ထားပြီး အကျိုးအမြတ်ရယူနေသူများကို ဖော်ထုတ်ပေးကြဖို့ အတွက် စိုင်းဆိုင်မောဝ်မိသားစုက အခုလိုတောင်းဆိုခဲ့ပါတယ်။

0
403

#Zawgyi
အဆိုေတာ္စိုင္းဆိုင္ေမာဝ္ရဲ့ ေတးသီခ်င္းမ်ားကို ထိုင္းနိုင္ငံမွာမွတ္ပုံတင္ထားၿပီး အက်ိဳးအျမတ္ရယူေနသူမ်ားကို ေဖာ္ထုတ္ေပးၾကဖို႔ အတြက္ စိုင္းဆိုင္ေမာဝ္မိသားစုက အခုလိုေတာင္းဆိုခဲ့ပါတယ္။
“ငါ မေသေသးဘူး” တဲ့ေလ….ေျပာေပးပါဆိုလို႔ပါ။ ယိုးဒယားမွာ ေနထိုင္ၾကတဲ့ ရွမ္းျပည္နယ္ဖြား စိုင္းဆိုင္ေမာဝ္ရဲ့ေတးသီခ်င္း အႏုပညာခ်စ္သူ ရွမ္းအႏြယ္ဝင္တို႔ေရ….
သတင္းတစ္ခုရတာ ၾကာခဲ့ၿပီဆိုေပမယ့္ အခုထိအနိုင္က်င့္ ေခါင္းပုံျဖတ္စားေနတုန္းျဖစ္တဲ့ လူအခ်ိဳ႕အေၾကာင္းေျပာျပခ်င္ပါတယ္။ စိုင္းဆိုင္ေမာဝ္ရဲ့ ရွမ္းျမန္မာ (အခ်ိဳ႕) ေတးသီခ်င္းမ်ားအတြက္ ေတးေရးေတးဆို အလႊာအပါ အလႊာအားလုံးရဲ့ အက်ိဳးအျမတ္ခံစားခြင့္ကို အမည္မသိ ယိုးဒယားမွာေနထိုင္တဲ့သူအခ်ိဳ႕က အဲဒီမွာ သူပိုင္ပစၥည္းအျဖစ္ မွတ္ပုံတင္ၿပီးအမ်ားသူငါ နားဆင္တဲ့အခါ Online မွ ထိုင္းဘတ္ေငြမ်ားေကာက္ခံကာ လုပ္စားေနပါတယ္။ လစဥ္ ဝင္ေငြမွာ မနည္းမေနာလို႔ ၾကားသိရပါတယ္။ ရွမ္းသီခ်င္းကေတာ့ အမ်ားဆုံး လို႔ သိရပါတယ္။ျမန္မာျပည္မွ မူပိုင္ ပိုင္ရွင္အစစ္ျဖစ္သူမ်ားေတာင္ မွတ္ပုံတင္လို႔မရပဲ လိုင္းေပၚတင္တဲ့အခါ Register တင္ၿပီးသားပုံစံျဖစ္ေနၿပီး ျမန္မာျပည္မွာထုတ္တဲ့ကိုယ့္သီခ်င္းကိုေတာင္ တင္မရပဲ ျဖဳတ္ခ်ျခင္းခံေနရပါတယ္။
ပိုင္ရွင္အစစ္ျဖစ္သူ စိုင္းဆိုင္ေမာဝ္ထံ အက်ိဳးအျမတ္ တစ္စုံတစ္ရာေပးပို႔ခဲ့ျခင္း မရွိပါပဲ ခြင့္ျပဳခ်က္ယူထားၿပီးသည့္ ပုံစံမ်ိဳးနဲ႔ လုပ္စားေနပါတယ္။ ေတးသံရွင္စိုင္းဆိုင္ေမာဝ္မွာဘန္ေကာက္ေဆးသြားကုစဥ္ကတည္းက အဲဒီအဖြဲ႕ကို စုံစမ္းေဖာ္ထုတ္ရန္ ႀကိဳးစားခဲ့ေပမယ့္ က်မ္းမာေရးတစ္ဘက္နဲ႔မို႔ အဆင္မေျပခဲ့ပါဘူး။ယိုးဒယားမွာ ေနထိုင္ၾကေသာ ေတးခ်စ္သူမ်ားအေနနဲ႔ အထက္ပါကဲ့သို႔ေခါင္းပုံျဖတ္ကာ လက္ရွိအခ်ိန္ထိလုပ္စားေနေသာထိုအဖြဲ႕ကို ဝိုင္းဝန္းေဖာ္ထုတ္ေပးၾကေစခ်င္ပါတယ္။ယိုးဒယားမွာေနထိုင္ကာ စိုင္းဆိုင္ေမာဝ္သီခ်င္းမ်ား နားေထာင္သူမ်ားအေနနဲ႔က ထိုသူကို သိဖို႔ အနီးစပ္ဆုံးျဖစ္ပါတယ္။
သီခ်င္းပိုင္ရွင္အစစ္ျဖစ္သူ စိုင္းဆိုင္ေမာဝ္ရဲ့ အက်ိဳးခံစားခြင့္အတြက္ ယိုးဒယားမွာရွိတဲ့ ရွမ္းအႏြယ္မ်ား သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားမွ ဝိုင္းဝန္းကူညီေပးၾကေစလိုပါတယ္။
ျမန္မာပရိတ္သတ္၊ရွမ္းပရိတ္သတ္၊ထိုင္းပရိတ္သတ္၊တ႐ုတ္ျပည္ပရိတ္သတ္ လက္ရွိအခ်ိန္ထိ အားေပးလၽွက္ရွိၾကေသာစိုင္းဆိုင္ေမာဝ္မွာ သက္ရွိထင္ရွားရွိေနပါလ်က္ ထိုကဲ့သို႔ေသာ သူခိုးမ်ား အသားထဲကေလာက္ထြက္သူအခ်ိဳ႕ရဲ့ အနိုင္က်င့္ေခါင္းပုံျဖတ္ျခင္းကို ခံေနရဆဲျဖစ္ပါတယ္။
ဒီစာေလးကို သက္ဆိုင္ရာေနရာအသီးသီးမွ နားလည္နိုင္ေသာ ရွမ္းစာ၊ ထိုင္းစာ၊တ႐ုတ္စာဘာသာစကားျဖင့္ ဘာသာျပန္ၿပီးအျမန္ဆုံးေဖာ္ထုတ္နိုင္ေအာင္ Like &Share လုပ္ေပးၾကေစခ်င္ပါတယ္။ထိုင္းမွာေနတဲ့ စိုင္းဆိုင္ေမာဝ္ရဲ့ေတးခ်စ္သူတို႔အပါအဝင္ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားထိုင္ၾကည့္မေနၾကပါနဲ႔လို႔ ေမတၱာ ရပ္ခံခ်င္ပါတယ္။
Share လုပ္ေပးျခင္းအားျဖင့္ စိုင္းဆိုင္ေမာဝ္အား တဖက္တစ္လမ္းမွ ကူညီရာ ေရာက္ပါတယ္။ေက်းဇူးတင္စြာျဖင့္…စိုင္းဆိုင္ေမာဝ္ မိသားစု။

#Unicode
အဆိုတော်စိုင်းဆိုင်မောဝ်ရဲ့ တေးသီချင်းများကို ထိုင်းနိုင်ငံမှာမှတ်ပုံတင်ထားပြီး အကျိုးအမြတ်ရယူနေသူများကို ဖော်ထုတ်ပေးကြဖို့ အတွက် စိုင်းဆိုင်မောဝ်မိသားစုက အခုလိုတောင်းဆိုခဲ့ပါတယ်။
“ငါ မသေသေးဘူး” တဲ့လေ….ပြောပေးပါဆိုလို့ပါ။ ယိုးဒယားမှာ နေထိုင်ကြတဲ့ ရှမ်းပြည်နယ်ဖွား စိုင်းဆိုင်မောဝ်ရဲ့တေးသီချင်း အနုပညာချစ်သူ ရှမ်းအနွယ်ဝင်တို့ရေ….
သတင်းတစ်ခုရတာ ကြာခဲ့ပြီဆိုပေမယ့် အခုထိအနိုင်ကျင့် ခေါင်းပုံဖြတ်စားနေတုန်းဖြစ်တဲ့ လူအချို့အကြောင်းပြောပြချင်ပါတယ်။ စိုင်းဆိုင်မောဝ်ရဲ့ ရှမ်းမြန်မာ (အချို့) တေးသီချင်းများအတွက် တေးရေးတေးဆို အလွှာအပါ အလွှာအားလုံးရဲ့ အကျိုးအမြတ်ခံစားခွင့်ကို အမည်မသိ ယိုးဒယားမှာနေထိုင်တဲ့သူအချို့က အဲဒီမှာ သူပိုင်ပစ္စည်းအဖြစ် မှတ်ပုံတင်ပြီးအများသူငါ နားဆင်တဲ့အခါ Online မှ ထိုင်းဘတ်ငွေများကောက်ခံကာ လုပ်စားနေပါတယ်။ လစဥ် ဝင်ငွေမှာ မနည်းမနောလို့ ကြားသိရပါတယ်။ ရှမ်းသီချင်းကတော့ အများဆုံး လို့ သိရပါတယ်။မြန်မာပြည်မှ မူပိုင် ပိုင်ရှင်အစစ်ဖြစ်သူများတောင် မှတ်ပုံတင်လို့မရပဲ လိုင်းပေါ်တင်တဲ့အခါ Register တင်ပြီးသားပုံစံဖြစ်နေပြီး မြန်မာပြည်မှာထုတ်တဲ့ကိုယ့်သီချင်းကိုတောင် တင်မရပဲ ဖြုတ်ချခြင်းခံနေရပါတယ်။
ပိုင်ရှင်အစစ်ဖြစ်သူ စိုင်းဆိုင်မောဝ်ထံ အကျိုးအမြတ် တစ်စုံတစ်ရာပေးပို့ခဲ့ခြင်း မရှိပါပဲ ခွင့်ပြုချက်ယူထားပြီးသည့် ပုံစံမျိုးနဲ့ လုပ်စားနေပါတယ်။ တေးသံရှင်စိုင်းဆိုင်မောဝ်မှာဘန်ကောက်ဆေးသွားကုစဥ်ကတည်းက အဲဒီအဖွဲ့ကို စုံစမ်းဖော်ထုတ်ရန် ကြိုးစားခဲ့ပေမယ့် ကျမ်းမာရေးတစ်ဘက်နဲ့မို့ အဆင်မပြေခဲ့ပါဘူး။ယိုးဒယားမှာ နေထိုင်ကြသော တေးချစ်သူများအနေနဲ့ အထက်ပါကဲ့သို့ခေါင်းပုံဖြတ်ကာ လက်ရှိအချိန်ထိလုပ်စားနေသောထိုအဖွဲ့ကို ဝိုင်းဝန်းဖော်ထုတ်ပေးကြစေချင်ပါတယ်။ယိုးဒယားမှာနေထိုင်ကာ စိုင်းဆိုင်မောဝ်သီချင်းများ နားထောင်သူများအနေနဲ့က ထိုသူကို သိဖို့ အနီးစပ်ဆုံးဖြစ်ပါတယ်။
သီချင်းပိုင်ရှင်အစစ်ဖြစ်သူ စိုင်းဆိုင်မောဝ်ရဲ့ အကျိုးခံစားခွင့်အတွက် ယိုးဒယားမှာရှိတဲ့ ရှမ်းအနွယ်များ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဝိုင်းဝန်းကူညီပေးကြစေလိုပါတယ်။
မြန်မာပရိတ်သတ်၊ရှမ်းပရိတ်သတ်၊ထိုင်းပရိတ်သတ်၊တရုတ်ပြည်ပရိတ်သတ် လက်ရှိအချိန်ထိ အားပေးလျှက်ရှိကြသောစိုင်းဆိုင်မောဝ်မှာ သက်ရှိထင်ရှားရှိနေပါလျက် ထိုကဲ့သို့သော သူခိုးများ အသားထဲကလောက်ထွက်သူအချို့ရဲ့ အနိုင်ကျင့်ခေါင်းပုံဖြတ်ခြင်းကို ခံနေရဆဲဖြစ်ပါတယ်။
ဒီစာလေးကို သက်ဆိုင်ရာနေရာအသီးသီးမှ နားလည်နိုင်သော ရှမ်းစာ၊ ထိုင်းစာ၊တရုတ်စာဘာသာစကားဖြင့် ဘာသာပြန်ပြီးအမြန်ဆုံးဖော်ထုတ်နိုင်အောင် Like &Share လုပ်ပေးကြစေချင်ပါတယ်။ထိုင်းမှာနေတဲ့ စိုင်းဆိုင်မောဝ်ရဲ့တေးချစ်သူတို့အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများထိုင်ကြည့်မနေကြပါနဲ့လို့ မေတ္တာ ရပ်ခံချင်ပါတယ်။
Share လုပ်ပေးခြင်းအားဖြင့် စိုင်းဆိုင်မောဝ်အား တဖက်တစ်လမ်းမှ ကူညီရာ ရောက်ပါတယ်။ကျေးဇူးတင်စွာဖြင့်…စိုင်းဆိုင်မောဝ် မိသားစု။


LEAVE A REPLY

Please enter your comment!
Please enter your name here