စိတ်ကိုသိမ်းဆည်းနိုင်အောင်ညွှန်ပြပေးခဲ့တဲ့ဆရာကို ကျေးဇူးဆပ်ပြီး တရားဆက်လက်အားထုတ်သွားမယ်ဆိုတဲ့ ချမ်းမီမီကို

0
481

#Zawgyi

#Unicode

သရုပ်ဆောင် ချမ်းမီမီကို က တရားစခန်းတွေဝင်ဖြစ်ခဲ့ပြီးနောက်ပိုင်းမှာ သူ့စိတ်ကို​ငြိမ်သက်အောက်ထိန်းချုပ်ထားနိုင်ခဲ့ကာ အရာရာပြောင်းလဲသွားခဲ့ပုံကို ပရိသတ်တွေသိရှိစေဖို့အတွက် အခုလိုပြောပြခဲ့ပါတယ်။
ကျွန်မအတွက်ဝိဇ္ဇာစရဏလမ်းကြောင်းပေါ်သို့ခေတ္တာတခေါက်အမှတ်တရ ကျွန်မသည် တရားစခန်းဝင်ပြီးပြန်လာစဉ် အိမ်တွင်အနေအထိုင် သိမ့်မွေညင်သာစွာဖြင့် အရာရာပြောင်းလဲခဲ့ပါသည်။အိမ်၌အမျိုးသားက မင်းဘုန်းကြီးကျောင်းမှာ ဘာ‌တွေကျင့်ခဲ့လဲ ဆရာတော်တို့ဘာတွေသင်ပေးခဲ့တာလဲပေါ့ ကျွန်မ အများကြီးပြောင်းလဲခဲ့တယ်ရှင့် ကျွန်မ မပြောပြတတ်ခဲ့ပါ ကျွန်မ သူကို ရှင်းပြခဲ့ပါသည်။ သိချင်ရင် သွားကျင့်ကြည့်ပါလို့☺️သူလည်း စိတ်ဝင်တစား သွားရောက်လေ့ကျင့်ခဲ့ပါသည်။သူလည်းကျွန်မကိုအထူးကျေးဇူးတင်ရှိပါသည် ။အမြဲလည်း ကျွန်မကြောင့် သိခွင့်ရတဲ့ကျေးဇူး ကို တသက်မမေ့နိုင်ပါ။ကျွန်မလည်း ဆရာတော်ကျေးဇူး ဆပ်၍မကုန်နိုင်ပေ။”မင်းသမီးငြိမ်တာ မျောက်လောက်တော့ရှိတယ်တဲ့”စကားပုံလေးနှင့်အညီ ဒီမင်းသမီးလေးက အပြင်သာငြိမ်တာ စိတ်က ‌ဘယ်လောက်တောင်ယောက်ယက်ခတ်နေခဲ့လဲ ဒီစိတ်ကို သိမ်းဆည်းနိုင်အောင် ညွှန်ပြခဲ့တဲ့ဆရာ၊ အတိုင်းမသိဝမ်းသာခဲ့တဲ့မျက်ရည်တွေ ဒီဘဝမှာ ဉာဏ်မှီသလောက်အားထုတ်ပါအုံးမည်။ ဆက်လက်ကြိုးစား၍ဆရာကျေးဇူးဆပ်ပါအုံးမည်။


LEAVE A REPLY

Please enter your comment!
Please enter your name here