သရုပ်ဆောင်ရဲတိုက်ရဲ့ ကျန်းမာရေးအခြေအနေကပြန်ကောင်းလာပြီလား

0
264

သ႐ုပ္ေဆာင္ရဲတိုက္ရဲ့ က်န္းမာေရးအေျခအေနကျပန္ေကာင္းလာၿပီလား

#Zawgyi

ဗီဒီယိုကားေတြ၊႐ုပ္ရွင္ကားေတြနဲ႔ အႏုပညာေလာကထဲမွာ ပရိသတ္ရဲ့အားေပးမႈကို အမ်ားအျပားရရွိထားသူကေတာ့ ရဲတိုက္ျဖစ္ပါတယ္။ယခင္ပရိသတ္ရဲ့အားေပးမႈေၾကာင့္ေအာင္ျမင္မႈေတြရရွိလာတဲ့အခ်ိန္မွာ မူးယစ္ေဆးဝါးသုံးဆြဲမႈေၾကာင့္ ေထာင္ဒဏ္ေျခာက္ႏွစ္က်ခဲ့ရၿပီး အခုခ်ိန္မွာေတာ့ ေထာင္ထဲကလြတ္ၿပီး အႏုပညာအလုပ္ေတြကိုျပန္လည္လုပ္ကိုင္လာလ်က္ရွိပါတယ္။ေထာင္ကျပန္လြတ္လာခ်ိန္မွာ မူးယစ္ေဆးဝါးသုံးစြဲခဲ့တဲ့အရွိန္ေၾကာင့္ က်န္းမာေရးကအရမ္းႀကီးေကာင္းမြန္ျခင္းမရွိခဲ့ဘဲ အခုခ်ိန္မွာေတာ့က်န္းမာေရးေကာင္းမြန္လာၿပီး က်န္းမာေရးနဲ႔ပတ္သက္ရင္မ်က္စိအေၾကာဆြဲတာတစ္ခုပဲက်န္ေတာ့တယ္လို႔သိရပါတယ္။ေထာင္ကျပန္လြတ္လာတဒ့အခ်ိန္ အႏုပညာအလုပ္ေတြ ျပန္လုပ္ျဖစ္တဲ့အခ်ိန္အခက္အခဲေတြ၊ဆိုရွယ္မီဒီယာနဲ႔မရင္းႏွီးတဲ့အခ်ိန္ ေဝဖန္ခံရမႈေတြျဖစ္လာတာနဲ႔ပတ္သပ္ၿပီး အခုလိုပဲေမးျမန္းခဲ့ပါတယ္။

ေမး။ အခုလတ္တေလာကိုရဲတိုက္ရဲ့ က်န္းမာေရးကိုပရိသတ္ေတြ စိတ္ပူေနၾကတယ္။အဲ့ဒါနဲ႔ပတ္သက္ၿပီးေျပာျပေပးပါဦး။

ေျဖ။ ကၽြန္ေတာ့္ရဲ့က်န္းမားေရးကေတာ္ေတာ္ကိုေကာင္းလာၿပီ။ဘာမွလည္းအမ်ားႀကီးကုသစရာမလိုေတာပါဘူး။ပရိသတ္တခ်ိဳ႕က အင္တာဗ်ဴးေတြမွာကၽြန္ေတာ့္ကိုၾကည့္ ရဲတိုက္တစ္ေယာက္ ေဆးျပန္သုံးေနတာလားဆိုၿပီးအထင္ေတြလြဲမွားေနၾကတယ္။အမွန္ေတာ့ကၽြန္ေတာ္အကုန္လုံးေကာင္းလာပါၿပီ။ကၽြန္ေတာ့္က်န္းမာေရးမွာ မေပ်ာက္ေသးတာဆိုလို႔ မ်က္လုံးပဲက်န္ပဲေတာ့တယ္။ေဆးေတြသုံးတာမ်ားၿပီး မ်က္စိအေၾကာဆြဲသလို ျဖစ္သြားတာေတာ္ေတာ္ၾကာပါတယ္။မ်က္လုံးဖြင့္လို႔မရပဲ မွိတ္သြားတဲ့အခ်ိန္ထိ ျဖစ္ခဲ့ရပါတယ္။အဲ့ဒီအခ်ိန္မွာေတာ္ေတာ္စိတ္ဓာတ္က်ခဲ့ရတယ္။ဘာျဖစ္လို႔လဲဆိုေတာ့ ကၽြန္ေတာ္အႏုပညာေလာကထဲဝင္ရင္မ်က္လုံးကအေရးႀကီးတယ္ေလ။ၿပီးေတာ့အရင္ကတည္းက ပရိသတ္ေတြက ကၽြန္ေတာ္သ႐ုပ္ေဆာင္ရင္ မ်က္လုံးကအရမ္းလွတယ္လို႔ေျပာၾကတာေလ။အခုဒီလိုမ်ိဳးအေျခအေနျဖစ္သြားေတာ့ ေတာ္ေတာ္ေလးေတာ့ျပန္ကုလိုက္ရတယ္။ေဆးမ်ိဳးစုံနဲ႔ကုတာ အခုေတာ့ ပုံမွန္ဆိုသေလာက္ျပန္ျဖစ္သြားပါၿပီ။မၾကာခင္ကၽြန္ေတာ္အႏုပညာအလုပ္ေတြကို ဒီထက္ပိုေကာင္းေအာင္လုပ္လာနိုင္မွာပါ။

ေမး။ အႏုပညာအလုပ္ေတြျပန္လုပ္လာတဲ့အခ်ိန္မွာ ဆိုရွယ္မီဒီယာမွာ ပရိသတ္ေဝဖန္မႈေတြရွိခဲ့တာနဲ႔ပတ္သက္ၿပီးလည္းေျပာျပေပးပါဦး။

ေျဖ။ ေထာင္ကထြက္လာတဲ့အခ်ိန္ အႏုပညာအလုပ္ကိုစလုပ္ကတည္းက ကၽြန္ေတာ့္ကိုေဝဖန္တဲ့သူေတြရွိခဲ့ပါတယ္။ဒါေပမဲ့အႏုပညာအလုပ္လုပ္ၿပီဆိုတာနဲ႔ေဝဖန္ခံရတာေတြရွိတာေပါ့ေတာ္။ဒါေပမဲ့အခုဟာက ဆိုရွယ္မီဒီယာကေန ေဝဖန္တာေတြပိုမ်ားတယ္။မ်ားရတဲ့အေၾကာင္းအရင္းကလည္း ကၽြန္ေတာ္ေထာင္ကထြက္လာတဲ့အခ်ိန္ ကၽြန္ေတာ့္ရဲ့ပရိသတ္ေတြက ကၽြန္ေတာ့္အတြက္ကိတ္မုန္႔နဲ႔supriseလာလုပ္ၾကတယ္။အဲ့ဒီအခ်ိန္မွာကၽြန္ေတာ္ကအရက္နည္းနည္းေသာက္ထားတယ္။ဒါေပမဲ့ကၽြန္ေတာ္ေထာင္ထဲမွာေနတဲ့အခ်ိန္က၆ႏွစ္ဆိုေတာ့ ကိတ္မုန္႔ခြဲတာေတြ၊ဘာေတြသိပ္မသိဘူး။ၿပီးေတာ့ကိတ္မုန္းႀကီးကလည္း အႀကီးႀကီးဆိုေတာ့ဘယ္လိုခြဲရမွန္းမသိပဲ ပရိသတ္ေတြကိုေပ်ာ္ေစခ်င္တယ္ဆိုတဲ့စိတ္နဲ႔ ကိတ္မုန္႔ကို ကၽြန္ေတာ္လွီးလိုက္တာက ဖ်က္စီးသလိုျဖစ္သြားတယ္။အဲ့ဒီဟာကို ဘယ္သူကvideoရိုက္ၿပီးတင္လိုက္လဲမသိဘူး။ဆိုရွယ္မီဒီယာေပၚေရာက္သြားတယ္။အဒီ့အခ်ိန္မွာ ကၽြန္ေတာ့္ကိုဝိုင္းဆဲၾကပါေလေရာ။အဲ့ဒီေတာ့မွာ ဆိုရွယ္မီဒီယာကအခုခ်ိန္မွာ အရမ္းႀကီးအေရးပါေနတယ္ဆိုတာကို သိလိုက္ရတယ္။အခုခ်ိန္ထိလဲကၽြန္ေတာ္ေဖ့ဘြတ္ကိုေကာင္းေကာင္းမသုံးတတ္ဘူး။အင္စတာဂရမ္ဆိုပိုဆိုးတယ္။ကၽြန္ေတာ့္ရဲ့အေကာင့္မွာ ကၽြန္ေတာ့္ကိုေဝဖန္တဲ့commentေတြကိုမဖတ္ဘဲထားလိုက္ေတာ့ အဆင္ေျပသြားပါတယ္။

ေမး။ ကိုဗစ္ေရာဂါႀကီးေပ်ာက္ကင္းသြားရင္ ႐ုပ္ရွင္ဇာတ္ကားေတြရိုက္ဖို႔ျပင္ဆင္မႈေတြလုပ္ျဖစ္ေနလား။

ေျဖ။ကိုဗစ္ေရာဂါႀကီးၿပီးရင္ ကၽြန္ေတာ္ရိုက္ခ်င္တဲ့ဇာတ္ကားေတြရွိတယ္။လုပ္ခ်င္တာေတြရွိတယ္။ဖန္တီးခ်င္တာေတြရွိတယ္။အဲ့ဒါေတြကိုလုပ္ဖို႔အတြက္ျပင္ဆင္ထားေတြရွိတယ္။ေထာင္ကထြက္လာတုန္းကေတာ့ ႐ုပ္ရွင္ကားေတြရိုက္ဖို႔အစီအစဥ္ေတာ့သိပ္မရွိခဲ့ဘူး။ခရီးေတြထြက္ၿပီး အနားယူတာေတြပဲလုပ္ခ်င္ခဲ့တာ။ကိုယ္နဲ႔မ်က္ႏွာနာရမယ့္သူေတြအတြက္ပဲနည္းနည္းရိုက္ေပးျဖစ္တာပဲရွိတယ္။ဒ႑ာရီမိုးဇာတ္ကားကေတာ့ ကၽြန္ေတာ္အရမ္းႀကိဳက္တဲ့ဇာတ္ညႊန္းျဖစ္လို႔ ႐ုပ္ရွင္ရိုက္ဖို႔လက္ခံခဲ့တယ္။အေကာင္းဆုံးျဖစ္ေအာင္လဲရိုက္ခဲ့တယ္။အဲ့ဒီအခ်ိန္ကစၿပီး ကၽြန္ေတာ့္ကို ႐ုပ္ရွင္ဇာတ္ကားေတြရိုက္ဖို႔ ကမ္းလွမ္းခဲ့ၾကတာေတြရွိတယ္။ဒါေပမယ့္ကၽြန္ေတာ္စိတ္မပါေတာ့ မရိုက္ျဖစ္ခဲ့ဘူး။အခုခ်ိန္မွာေတာ့ ကၽြန္ေတာ္ဒီအႏုပညာအလုပ္ကိုျပန္ၿပီးလုပ္ခ်င္လာတယ္။ကၽြန္ေတာ့္မွာျပင္ဆင္မႈေတြအမ်ားႀကီးလုပ္စရာမရွိဘူး။ေထာင္ထဲမွာေနခဲ့ရတဲ့ေျခာက္ႏွစ္လုံးလုံး အိုက္တင္ေတြပဲေလ့က်င့္လာရေတာ့ေထြေထြထူးထူးျပင္ဆင္စရာမရွိပါဘူး။

ေမး။ အခုခ်ိန္ထိရဲတိုက္ေကာင္းေကာင္းဆိုးဆိုးအားေပးေနတဲ့ ပရိသတ္ေတြေကာ ဘာမ်ားေျပာခ်င္တာရွိမလဲ။
ေျဖ။ ကၽြန္ေတာ့္ကိုအခုခ်ိန္ထိ အားေပးတဲ့ပရိသတ္ေတြကို ေက်းဇူးတင္ပါတယ္။ကၽြန္ေတာ့္ရဲ့ပရိသတ္ေတြက အံ့ဩဖို႔ေကာင္းပါတယ္။ကၽြန္ေတာ္ေဆးမႈနဲ႔ေထာင္ထဲေရာက္သြားတဲ့အခ်ိန္မွာ စဥ္းစားမိတာက ကၽြန္ေတာ့္ကို အားေပးတဲ့ပရိသတ္ေတြမ်ားရွိပါဦးမလားဆိုၿပီး စဥ္းစားမိတယ္။ဒါေပမယ့္ကၽြန္ေတာ္ေထာင္ကျပန္ထြက္လာတဲ့အခ်ိန္မွာ ကၽြန္ေတာ္မထင္မွတ္ထားတဲ့ ပရိသတ္အမ်ားအျပားက ကၽြန္ေတာ့္ကိုအားေပးၾကတယ္။ဝန္းရံၾကတယ္။အဲ့ဒီမွာ ကၽြန္ေတာ္စဥ္းစားမိသြားတယ္။ကၽြန္ေတာ့္ရဲ့ပရိသတ္က ေတာ္ေတာ္ေလး ကၽြန္ေတာ့္အေပၚေကာင္းပါလား ဆိုတာကို စဥ္းစားမိခဲ့တယ္။အဲ့ဒီအတြက္အကုန္လုံးကိုေက်းဇူးတင္ပါတယ္။လို႔ေျပာပါတယ္။

သဲစုလွိုင္

#Unicode

ဗီဒီယိုကားတွေ၊ရုပ်ရှင်ကားတွေနဲ့ အနုပညာလောကထဲမှာ ပရိသတ်ရဲ့အားပေးမှုကို အများအပြားရရှိထားသူကတော့ ရဲတိုက်ဖြစ်ပါတယ်။ယခင်ပရိသတ်ရဲ့အားပေးမှုကြောင့်အောင်မြင်မှုတွေရရှိလာတဲ့အချိန်မှာ မူးယစ်ဆေးဝါးသုံးဆွဲမှုကြောင့် ထောင်ဒဏ်ခြောက်နှစ်ကျခဲ့ရပြီး အခုချိန်မှာတော့ ထောင်ထဲကလွတ်ပြီး အနုပညာအလုပ်တွေကိုပြန်လည်လုပ်ကိုင်လာလျက်ရှိပါတယ်။ထောင်ကပြန်လွတ်လာချိန်မှာ မူးယစ်ဆေးဝါးသုံးစွဲခဲ့တဲ့အရှိန်ကြောင့် ကျန်းမာရေးကအရမ်းကြီးကောင်းမွန်ခြင်းမရှိခဲ့ဘဲ အခုချိန်မှာတော့ကျန်းမာရေးကောင်းမွန်လာပြီး ကျန်းမာရေးနဲ့ပတ်သက်ရင်မျက်စိအကြောဆွဲတာတစ်ခုပဲကျန်တော့တယ်လို့သိရပါတယ်။ထောင်ကပြန်လွတ်လာတဒ့အချိန် အနုပညာအလုပ်တွေ ပြန်လုပ်ဖြစ်တဲ့အချိန်အခက်အခဲတွေ၊ဆိုရှယ်မီဒီယာနဲ့မရင်းနှီးတဲ့အချိန် ဝေဖန်ခံရမှုတွေဖြစ်လာတာနဲ့ပတ်သပ်ပြီး အခုလိုပဲမေးမြန်းခဲ့ပါတယ်။

မေး။ အခုလတ်တလောကိုရဲတိုက်ရဲ့ ကျန်းမာရေးကိုပရိသတ်တွေ စိတ်ပူနေကြတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးပြောပြပေးပါဦး။

ဖြေ။ ကျွန်တော့်ရဲ့ကျန်းမားရေးကတော်တော်ကိုကောင်းလာပြီ။ဘာမှလည်းအများကြီးကုသစရာမလိုတောပါဘူး။ပရိသတ်တချို့က အင်တာဗျူးတွေမှာကျွန်တော့်ကိုကြည့် ရဲတိုက်တစ်ယောက် ဆေးပြန်သုံးနေတာလားဆိုပြီးအထင်တွေလွဲမှားနေကြတယ်။အမှန်တော့ကျွန်တော်အကုန်လုံးကောင်းလာပါပြီ။ကျွန်တော့်ကျန်းမာရေးမှာ မပျောက်သေးတာဆိုလို့ မျက်လုံးပဲကျန်ပဲတော့တယ်။ဆေးတွေသုံးတာများပြီး မျက်စိအကြောဆွဲသလို ဖြစ်သွားတာတော်တော်ကြာပါတယ်။မျက်လုံးဖွင့်လို့မရပဲ မှိတ်သွားတဲ့အချိန်ထိ ဖြစ်ခဲ့ရပါတယ်။အဲ့ဒီအချိန်မှာတော်တော်စိတ်ဓာတ်ကျခဲ့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်အနုပညာလောကထဲဝင်ရင်မျက်လုံးကအရေးကြီးတယ်လေ။ပြီးတော့အရင်ကတည်းက ပရိသတ်တွေက ကျွန်တော်သရုပ်ဆောင်ရင် မျက်လုံးကအရမ်းလှတယ်လို့ပြောကြတာလေ။အခုဒီလိုမျိုးအခြေအနေဖြစ်သွားတော့ တော်တော်လေးတော့ပြန်ကုလိုက်ရတယ်။ဆေးမျိုးစုံနဲ့ကုတာ အခုတော့ ပုံမှန်ဆိုသလောက်ပြန်ဖြစ်သွားပါပြီ။မကြာခင်ကျွန်တော်အနုပညာအလုပ်တွေကို ဒီထက်ပိုကောင်းအောင်လုပ်လာနိုင်မှာပါ။

မေး။ အနုပညာအလုပ်တွေပြန်လုပ်လာတဲ့အချိန်မှာ ဆိုရှယ်မီဒီယာမှာ ပရိသတ်ဝေဖန်မှုတွေရှိခဲ့တာနဲ့ပတ်သက်ပြီးလည်းပြောပြပေးပါဦး။

ဖြေ။ ထောင်ကထွက်လာတဲ့အချိန် အနုပညာအလုပ်ကိုစလုပ်ကတည်းက ကျွန်တော့်ကိုဝေဖန်တဲ့သူတွေရှိခဲ့ပါတယ်။ဒါပေမဲ့အနုပညာအလုပ်လုပ်ပြီဆိုတာနဲ့ဝေဖန်ခံရတာတွေရှိတာပေါ့တော်။ဒါပေမဲ့အခုဟာက ဆိုရှယ်မီဒီယာကနေ ဝေဖန်တာတွေပိုများတယ်။များရတဲ့အကြောင်းအရင်းကလည်း ကျွန်တော်ထောင်ကထွက်လာတဲ့အချိန် ကျွန်တော့်ရဲ့ပရိသတ်တွေက ကျွန်တော့်အတွက်ကိတ်မုန့်နဲ့supriseလာလုပ်ကြတယ်။အဲ့ဒီအချိန်မှာကျွန်တော်ကအရက်နည်းနည်းသောက်ထားတယ်။ဒါပေမဲ့ကျွန်တော်ထောင်ထဲမှာနေတဲ့အချိန်က၆နှစ်ဆိုတော့ ကိတ်မုန့်ခွဲတာတွေ၊ဘာတွေသိပ်မသိဘူး။ပြီးတော့ကိတ်မုန်းကြီးကလည်း အကြီးကြီးဆိုတော့ဘယ်လိုခွဲရမှန်းမသိပဲ ပရိသတ်တွေကိုပျော်စေချင်တယ်ဆိုတဲ့စိတ်နဲ့ ကိတ်မုန့်ကို ကျွန်တော်လှီးလိုက်တာက ဖျက်စီးသလိုဖြစ်သွားတယ်။အဲ့ဒီဟာကို ဘယ်သူကvideoရိုက်ပြီးတင်လိုက်လဲမသိဘူး။ဆိုရှယ်မီဒီယာပေါ်ရောက်သွားတယ်။အဒီ့အချိန်မှာ ကျွန်တော့်ကိုဝိုင်းဆဲကြပါလေရော။အဲ့ဒီတော့မှာ ဆိုရှယ်မီဒီယာကအခုချိန်မှာ အရမ်းကြီးအရေးပါနေတယ်ဆိုတာကို သိလိုက်ရတယ်။အခုချိန်ထိလဲကျွန်တော်ဖေ့ဘွတ်ကိုကောင်းကောင်းမသုံးတတ်ဘူး။အင်စတာဂရမ်ဆိုပိုဆိုးတယ်။ကျွန်တော့်ရဲ့အကောင့်မှာ ကျွန်တော့်ကိုဝေဖန်တဲ့commentတွေကိုမဖတ်ဘဲထားလိုက်တော့ အဆင်ပြေသွားပါတယ်။

မေး။ ကိုဗစ်ရောဂါကြီးပျောက်ကင်းသွားရင် ရုပ်ရှင်ဇာတ်ကားတွေရိုက်ဖို့ပြင်ဆင်မှုတွေလုပ်ဖြစ်နေလား။

ဖြေ။ကိုဗစ်ရောဂါကြီးပြီးရင် ကျွန်တော်ရိုက်ချင်တဲ့ဇာတ်ကားတွေရှိတယ်။လုပ်ချင်တာတွေရှိတယ်။ဖန်တီးချင်တာတွေရှိတယ်။အဲ့ဒါတွေကိုလုပ်ဖို့အတွက်ပြင်ဆင်ထားတွေရှိတယ်။ထောင်ကထွက်လာတုန်းကတော့ ရုပ်ရှင်ကားတွေရိုက်ဖို့အစီအစဉ်တော့သိပ်မရှိခဲ့ဘူး။ခရီးတွေထွက်ပြီး အနားယူတာတွေပဲလုပ်ချင်ခဲ့တာ။ကိုယ်နဲ့မျက်နှာနာရမယ့်သူတွေအတွက်ပဲနည်းနည်းရိုက်ပေးဖြစ်တာပဲရှိတယ်။ဒဏ္ဍာရီမိုးဇာတ်ကားကတော့ ကျွန်တော်အရမ်းကြိုက်တဲ့ဇာတ်ညွှန်းဖြစ်လို့ ရုပ်ရှင်ရိုက်ဖို့လက်ခံခဲ့တယ်။အကောင်းဆုံးဖြစ်အောင်လဲရိုက်ခဲ့တယ်။အဲ့ဒီအချိန်ကစပြီး ကျွန်တော့်ကို ရုပ်ရှင်ဇာတ်ကားတွေရိုက်ဖို့ ကမ်းလှမ်းခဲ့ကြတာတွေရှိတယ်။ဒါပေမယ့်ကျွန်တော်စိတ်မပါတော့ မရိုက်ဖြစ်ခဲ့ဘူး။အခုချိန်မှာတော့ ကျွန်တော်ဒီအနုပညာအလုပ်ကိုပြန်ပြီးလုပ်ချင်လာတယ်။ကျွန်တော့်မှာပြင်ဆင်မှုတွေအများကြီးလုပ်စရာမရှိဘူး။ထောင်ထဲမှာနေခဲ့ရတဲ့ခြောက်နှစ်လုံးလုံး အိုက်တင်တွေပဲလေ့ကျင့်လာရတော့ထွေထွေထူးထူးပြင်ဆင်စရာမရှိပါဘူး။

မေး။ အခုချိန်ထိရဲတိုက်ကောင်းကောင်းဆိုးဆိုးအားပေးနေတဲ့ ပရိသတ်တွေကော ဘာများပြောချင်တာရှိမလဲ။
ဖြေ။ ကျွန်တော့်ကိုအခုချိန်ထိ အားပေးတဲ့ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ကျွန်တော့်ရဲ့ပရိသတ်တွေက အံ့ဩဖို့ကောင်းပါတယ်။ကျွန်တော်ဆေးမှုနဲ့ထောင်ထဲရောက်သွားတဲ့အချိန်မှာ စဉ်းစားမိတာက ကျွန်တော့်ကို အားပေးတဲ့ပရိသတ်တွေများရှိပါဦးမလားဆိုပြီး စဉ်းစားမိတယ်။ဒါပေမယ့်ကျွန်တော်ထောင်ကပြန်ထွက်လာတဲ့အချိန်မှာ ကျွန်တော်မထင်မှတ်ထားတဲ့ ပရိသတ်အများအပြားက ကျွန်တော့်ကိုအားပေးကြတယ်။ဝန်းရံကြတယ်။အဲ့ဒီမှာ ကျွန်တော်စဉ်းစားမိသွားတယ်။ကျွန်တော့်ရဲ့ပရိသတ်က တော်တော်လေး ကျွန်တော့်အပေါ်ကောင်းပါလား ဆိုတာကို စဉ်းစားမိခဲ့တယ်။အဲ့ဒီအတွက်အကုန်လုံးကိုကျေးဇူးတင်ပါတယ်။လို့ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here