ငယ်ငယ်တည်းက ကျောင်းမှာမယ်တွေပြိုင်ပြီး star ဖြစ်ခဲ့တာပါဆိုတဲ့ မမဆောင်း

0
492


#Zawgyi

#Unicode

မမဆောင်းက ငယ်ငယ်တည်းကကျောင်းမှာမယ်တွေပြိုင်ခဲ့ပြီး ငယ်ငယ်တည်းက star ဖြစ်ခဲ့ရတာပါ၊ ခုနှစ်တန်းနှစ်လောက်တည်းက မယ်တွေပြိုင်ခဲ့တာပါ။ ငယ်ငယ်တည်းကကျောင်းသွားရင်လူတွေငေးကြည့်တာမပြောနဲ့ ခွေးတွေတောင်ငေးကြည့်ရတယ်လို့သူငယ်ချင်းတွေကလည်းအမြဲပြောပါတယ်။ ခန္ဓာကိုယ် နဲ့ပတ်သတ်ပြီး မမဆောင်းကိုအမျိုးမျိုးပြောနေကြပါတယ်။ နာမည် သုံးလုံးနဲ့ တနင်္လာနံနဲ့စတဲ့စူပါမင်းသားကြီးကလဲ သူရှင်းပေးရမလားလို့မေးနေလို့ မနည်းတောင်းပန်ထားရတယ်လေ။ မမဆောင်းကရိုးသားတော့စကားသိပ်မတက်ဘူးလေ နာမည်သုံးလုံးနဲ့မင်းသားကိုလဲမှားပြောမိတယ် နာမည်နှစ်လုံးနဲ့ နံပါတ်တစ်မင်းသားကိုအရမ်းကြိုက်တာလို့ပြောမိတယ် ကိုယ်ကရိုးရိုးသားသားသဘောကျတာပါ ၁၅၀၀ ပုံစံမျိုးမဟုတ်ဘဲရိုးရိုးသရုပ်ဆောင်တစ်ယောက်ကိုသဘောကျတဲ့ပုံစံမျိုးသဘောကျတာပါလို့ ပြောမိတယ် ကလေးလိုပဲလေ စကားတွေလဲမပြောတက်ဘူးလေအထင်လွဲတာတွေရှိရင်လဲခွင့်လွှတ်ပါလို့ မမဆောင်းကရိုက်ကူးရေးတစ်ခုမှာပြောခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here