ကိုဗစ်ကာလအတွင်း အမေများအဖွဲ့အနေနဲ့ အခက်အခဲတွေ အများကြီး ရှိနေတယ် ဒေါ်နွဲ့နွဲ့စန်း

0
289

ကိုဗစ္ကာလအတြင္း အေမမ်ားအဖြဲ႕အေနနဲ႔ အခက္အခဲေတြ အမ်ားႀကီး ရွိေနတယ္ ေဒၚႏြဲ႕ႏြဲ႕စန္း

#Zawgyi

ကိုဗစ္ကာလအတြင္း သာမန္လူတန္းစားေတြ၊ အေျခခံလူတန္းစားေတြဟာ သူတို႔ရဲ့ အလုပ္အကိုင္ေတြ မလုပ္ရတာ ျဖစ္တဲ့အတြက္ အခက္အခဲေတြျဖစ္လို႔ေနပါတယ္။ အဲ့ဒီထဲမွာမွ အႏုပညာသက္ႀကီးရြယ္အိုေတြျဖစ္တဲ့ အေမမ်ားအဖြဲ႕ အတြက္လည္း အခက္အခဲေတြျဖစ္လို႔ေနပါတယ္။ ကိုဗစ္ကာလမွာ ျမန္မာနိုင္ငံမွာရွိတဲ့ ျပည္သူေတြ အားလုံးခက္ခဲေနတာ ျဖစ္တဲ့အတြက္ ဒီကာလႀကီးအျမန္ၿပီးေအာင္ ဆုေတာင္းေနတယ္လို႔ ေဒၚႏြဲ႕ႏြဲ႕စန္းက . . .
ဒီေရာဂါႀကီးေၾကာင့္ အားလုံး အခက္အခဲေတြေတာ့ ျဖစ္ေနၾကတာေပါ့ေနာ္။ ခက္ခဲတာကို ေျပာရမယ္ဆိုရင္ေတာ့ ၿပီးမွာေတာင္မဟုတ္ဘူး။ ဒါက တစ္နိုင္ငံတည္းမွာတင္ ခက္ခဲေနတာမဟုတ္ဘူး။ တစ္ကမၻာလုံးမွာ ခက္ခဲေနတာဆိုေတာ့ ဘာမွေျပာစရာမရွိဘူး။သူလည္း သူ႔အတိုင္းအတာနဲ႔သူ ဒုကၡေရာက္ေနသလို၊ ကိုယ္လည္း ကိုယ့္အတိုင္းအတာနဲ႔ကိုယ္ ဒုကၡေရာက္ေနတာဆိုေတာ့ ဘယ္သူ႔ကိုမွ ေျပာလို႔မရဘူးေလ။ အခက္အခဲႀကီးကိုေတာ့ ထိုင္ၿပီး ခက္ခဲတယ္ဆိုၿပီး ေအာ္ေနလို႔မရေတာ့ဘူး။ ဒီအခက္အခဲႀကီးကို ဘယ္လိုတြန္းလွန္ရမလဲ။ ဘယ္လို လက္တြဲေျဖရွင္းမလဲ။ဘယ္လိုေက်ာ္လႊားမ လဲဆိုတာကိုပဲ ေမးရမွာေပါ့ေနာ္။ အဲ့ဒီအတြက္ အကုန္လုံးခက္ခဲတာဆိုေတာ့ ဘာမွေျပာလို႔မရဘူး။ အကုန္လုံးကို ေကာင္းေအာင္ပဲ ေျဖရွင္းေနရတာပဲလို႔ ကိုဗစ္ကာလအဆင္မေျပမႈမ်ားကို ေဒၚႏြဲ႕ႏြဲ႕စန္းက ေျပာျပခဲ့ပါတယ္။
အသက္အရြယ္ႀကီးလာတာနဲ႔အမၽွ ေနထိုင္မႈပုံစံေတြကိုပါ ေျပာင္းလဲပစ္ရတာ မ်ားတယ္လို႔ ေဒၚႏြဲ႕ႏြဲ႕စန္းက…အေမတို႔မွာက အသက္အရြယ္ႀကီးလာ တာနဲ႔အမၽွ တစ္ရက္နဲ႔တစ္ရက္ အဓိကလုပ္ ျဖစ္တာကေတာ့ ဘာသာေရးေပါ့ေနာ္။အေမ ကအခုဆို အသက္က ၈၀ ရွိေနၿပီ။အသက္က စကားေျပာလာတဲ့အခ်ိန္က်ေတာ့ စိတ္သြားတိုင္းကိုယ္မပါေတာ့ဘူးေပါ့ေနာ္။ အေမက အစကတည္းက အႏုပညာအလုပ္ေတြလုပ္ရ တာ ကိုယ့္ဘဝႀကီးလို ျဖစ္ေနေတာ့ တစ္ခါ တေလ ဇာတ္ကားေတြဘာေတြ ျပန္ရိုက္ခ်င္တဲ့အခ်ိန္ေတြရွိတယ္။ ဒါေပမယ့္ အဲ့ဒါေတြကို စိတ္ပဲရွိေတာ့တာပါ။ တကယ္မလုပ္နိုင္ေတာ့ ပါဘူး။ အခုကိုယ္လုပ္နိုင္တာက ဘာသာေရး ပဲဆိုေတာ့ ဘာသာေရးကိုပဲစိတ္ထဲမွာ အျမဲရွိ ၿပီး ကိုယ့္ရဲ့ဘဝကို ေအးေအးေဆးေဆးပဲ ျဖတ္သန္းျဖစ္တယ္ လို႔ေျပာပါတယ္။

သဲစုလွိုင္

#Unicode

ကိုဗစ်ကာလအတွင်း သာမန်လူတန်းစားတွေ၊ အခြေခံလူတန်းစားတွေဟာ သူတို့ရဲ့ အလုပ်အကိုင်တွေ မလုပ်ရတာ ဖြစ်တဲ့အတွက် အခက်အခဲတွေဖြစ်လို့နေပါတယ်။ အဲ့ဒီထဲမှာမှ အနုပညာသက်ကြီးရွယ်အိုတွေဖြစ်တဲ့ အမေများအဖွဲ့ အတွက်လည်း အခက်အခဲတွေဖြစ်လို့နေပါတယ်။ ကိုဗစ်ကာလမှာ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေ အားလုံးခက်ခဲနေတာ ဖြစ်တဲ့အတွက် ဒီကာလကြီးအမြန်ပြီးအောင် ဆုတောင်းနေတယ်လို့ ဒေါ်နွဲ့နွဲ့စန်းက . . .
ဒီရောဂါကြီးကြောင့် အားလုံး အခက်အခဲတွေတော့ ဖြစ်နေကြတာပေါ့နော်။ ခက်ခဲတာကို ပြောရမယ်ဆိုရင်တော့ ပြီးမှာတောင်မဟုတ်ဘူး။ ဒါက တစ်နိုင်ငံတည်းမှာတင် ခက်ခဲနေတာမဟုတ်ဘူး။ တစ်ကမ္ဘာလုံးမှာ ခက်ခဲနေတာဆိုတော့ ဘာမှပြောစရာမရှိဘူး။သူလည်း သူ့အတိုင်းအတာနဲ့သူ ဒုက္ခရောက်နေသလို၊ ကိုယ်လည်း ကိုယ့်အတိုင်းအတာနဲ့ကိုယ် ဒုက္ခရောက်နေတာဆိုတော့ ဘယ်သူ့ကိုမှ ပြောလို့မရဘူးလေ။ အခက်အခဲကြီးကိုတော့ ထိုင်ပြီး ခက်ခဲတယ်ဆိုပြီး အော်နေလို့မရတော့ဘူး။ ဒီအခက်အခဲကြီးကို ဘယ်လိုတွန်းလှန်ရမလဲ။ ဘယ်လို လက်တွဲဖြေရှင်းမလဲ။ဘယ်လိုကျော်လွှားမ လဲဆိုတာကိုပဲ မေးရမှာပေါ့နော်။ အဲ့ဒီအတွက် အကုန်လုံးခက်ခဲတာဆိုတော့ ဘာမှပြောလို့မရဘူး။ အကုန်လုံးကို ကောင်းအောင်ပဲ ဖြေရှင်းနေရတာပဲလို့ ကိုဗစ်ကာလအဆင်မပြေမှုများကို ဒေါ်နွဲ့နွဲ့စန်းက ပြောပြခဲ့ပါတယ်။
အသက်အရွယ်ကြီးလာတာနဲ့အမျှ နေထိုင်မှုပုံစံတွေကိုပါ ပြောင်းလဲပစ်ရတာ များတယ်လို့ ဒေါ်နွဲ့နွဲ့စန်းက…အမေတို့မှာက အသက်အရွယ်ကြီးလာ တာနဲ့အမျှ တစ်ရက်နဲ့တစ်ရက် အဓိကလုပ် ဖြစ်တာကတော့ ဘာသာရေးပေါ့နော်။အမေ ကအခုဆို အသက်က ၈၀ ရှိနေပြီ။အသက်က စကားပြောလာတဲ့အချိန်ကျတော့ စိတ်သွားတိုင်းကိုယ်မပါတော့ဘူးပေါ့နော်။ အမေက အစကတည်းက အနုပညာအလုပ်တွေလုပ်ရ တာ ကိုယ့်ဘဝကြီးလို ဖြစ်နေတော့ တစ်ခါ တလေ ဇာတ်ကားတွေဘာတွေ ပြန်ရိုက်ချင်တဲ့အချိန်တွေရှိတယ်။ ဒါပေမယ့် အဲ့ဒါတွေကို စိတ်ပဲရှိတော့တာပါ။ တကယ်မလုပ်နိုင်တော့ ပါဘူး။ အခုကိုယ်လုပ်နိုင်တာက ဘာသာရေး ပဲဆိုတော့ ဘာသာရေးကိုပဲစိတ်ထဲမှာ အမြဲရှိ ပြီး ကိုယ့်ရဲ့ဘဝကို အေးအေးဆေးဆေးပဲ ဖြတ်သန်းဖြစ်တယ် လို့ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here