ပရိသတ်တွေ surprise လုပ်တာခံလိုက်ရတဲ့ နန်းဆုရတီစိုး

0
340

သရုပ်ဆောင်တစ်ဦးဖြစ်သလို အဆိုတော်တစ်ဦးလည်းဖြစ်တဲ့ နန်းဆုရတီစိုးကို 27.1.2021 ဗုဒ္ဓဟူးနေ့မှာ သူမရဲ့ပရိသတ်တွေက shooting အထိ လာရောက်ပြီး surprise လုပ်ခဲ့ကြပါတယ်။ သူမရဲ့ပရိသတ်တွေက သူမကို နှင်းဆီပန်းစည်းနဲ့အတူ ကော်ဖီကားနဲ့ surprise လုပ်ခဲ့ကြတာဖြစ်ပါတယ်။ နန်းဆုကို ဒီလိုမျိုး surprise လုပ်နိုင်ဖို့ သူမရဲ့ပရိသတ်တွေအနေနဲ့ အချိန်တစ်ပတ်လောက် ကြိုတင်ပြင်ဆင်ခဲ့ကြတာပါ။ နန်းဆုက သီချင်းတွေပဲ ဆက်တိုက်လုပ်ဖြစ်နေပြီး ရုပ်ရှင်မရိုက်ဖြစ်တာ တော်တော်ကြာနေပါပြီ။ ဒီ surprise ကလည်း နန်းဆုရုပ်ရှင်ပြန်ရိုက်တာကို ဝမ်းသာကြိုဆိုတဲ့အနေနဲ့ သူမရဲ့ပရိသတ်တွေက လုပ်ပေးခဲ့ကြတာဖြစ်ပါတယ်။ နန်းဆုအနေနဲ့လည်း ပရိသတ်တွေ ကြောင့် အတော်လေးအံ့အားသင့်ခဲ့ရပြီး ဝမ်းသာမျက်ရည်ပါ ကျခဲ့ရပါတယ်။ အဲဒီနေ့မှာပဲသူမက နေမကောင်းတဲ့ကြားက shooting လာခဲ့ရတာဖြစ်တဲ့အတွက် အခုတော့ နေမကောင်းတာတောင် ပျောက်သွားပြီလို့လဲ ပြောခဲ့ပါသေးတယ်။ နန်းဆုရဲ့ပရိသတ်တွေက သူမကို ‘ချစ်မ’လို့ ချစ်စနိုးခေါ်ကြပြီး သူမကလည်း သူ့ပရိသတ်တွေကို ‘NS Family’ လို့ နာမည်ပေးထားပါတယ်။ သူမက ‘ကြေကွဲမိုးတိမ်’ ဆိုတဲ့ဇာတ်ကားကို မင်းသွေးခန့်၊ဟန်တီ တို့နဲ့အတူ ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ အချိန်တော်တော်ကြာမှပြန်လည်ရိုက်ကူးတဲ့ သူမရဲ့ ပထမဦးဆုံး ဇာတ်ကားဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here