Boxing သရုပ်ပြပွဲကနေ နုတ်ထွက်လိုက်တဲ့ မိုးအောင်ရင်

0
218

သရုပ်ဆောင် မိုးအောင်ရင်က အနုပညာရှင်တွေဘဲ ယှဉ်ပြိုင်ထိုးသတ်ကြမယ့် Boxing သရုပ်ပြပွဲမှာ ပါဝင်ယှဉ်ပြိုင်ခြင်းမရှိတော့ဘဲ နုတ်ထွက်လိုက်ပြီဘဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲကတော့ Burmese Street Boxing ကနေ ကြီးမှူးကျင်းပတာဖြစ်ပြီး covid-19 ကာကွယ်ဆေးဝယ်ယူရန် ရံပုံငွေပွဲတစ်ခုအနေနဲ့ ပြုလုပ်တာဖြစ်ပါတယ်။ မိုးအောင်ရင်အနေနဲ့ ဒီပြိုင်ပွဲမှာ အဆိုတော် J Fire နဲ့အတူ ယှဉ်ပြိုင်ထိုးသတ်ရန် စီစဉ်ထားပါတယ်။ ​Boxing သရုပ်ပြပွဲမှာ ဆက်လက်မပါဝင်ဖြစ်တော့တာက ဒီပြိုင်ပွဲဟာ covid-19 စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ စီစဉ်ထားခြင်းမရှိတာကြောင့်လို့ပြောပါတယ်။ မိုးအောင်ရင်အနေနဲ့ လက်ရှိမှာ online မှတစ်ဆင့် အသုပ်စုံရောင်းချ နေပြီး ဝယ်ယူအားပေးသူတွေထံ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးနေတာဖြစ်ပါတယ်။ ယခုအခါမှာတော့ အသုပ်စုံအပြင် အုန်းထမင်းကိုပါတွဲဖက်ရောင်းချ လျက်ရှိပါတယ်။ ၂၀၂၁ ခုနှစ်အတွင်းမှာလည်း ရုပ်ရှင်တွေဆက်လက်ရိုက်ကူးသွားမှာဖြစ်ပြီး ရိုက်ကူးရန်လက်ခံထားတဲ့ဇာတ်ကားတွေလည်းရှိတယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here