မိုးနတ်သူဇာ အငြိမ့်မင်းသမီးကြီး ဒေါ်သီတာဝင်း အဆုတ်ရောဂါဖြင့် ကွယ်လွန်

0
353

Unicode

၁၉၅၆ ကနေ၂၀၂၁ခုအထိ မြန်မာ အကအလှများဖြင့် အနုပညာလမ်းကို ဝါသနာကြီးစွာနဲ့ လျှောက်လှမ်းသူ ကတော့ အငြိမ့်မင်းသမီးကြီး မိုးနတ်သူဇာ မသီတာဝင်းပဲဖြစ်ပါတယ်။

ယခု လက်ရှိ အချိန်မှာတော့ မေလ၉ရက်နေ့မှာပဲ အဆုတ်ကင်ဆာနဲ့ ဘဝတပါးသို ကူးပြောင်း သွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ကိုဗစ်ရောဂါကို ကောင်းမွန်စွာကျော်ဖြတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ယခု သူမထွက်သွား ရတော့မယ့် အချိန်မှာ သူမကို အားပေးတဲ့ ပရိသတ်တွေ၊ မောင်နှမတွေ ၊မိတ်တွေအတွက် နှုတ်ဆက်စကားကို သူမရဲ့ ဖေ့ဘုတ်စ် အကောင့်မှာ ရေးသားခဲ့ပါတယ်။

“ ကျမကချစ်ရသော
ကျမကိုချစ်ကြသော
မိတ်ဆွေသူငယ်ချင်းများ
အနုပညာညီအကို
မောင်နှမများ
ကျမရဲ့အနုပညာကိုအားပေး
ချစ်ခင်ကြသော အနုပညာချစ်ခင်သူများနှင့် ဘ၀တကွေ့မှာတွေ့ဆုံခင်မင်ခဲ့ရသူများရှင့်
ုဘုရားရှင်တော်မြတ်ကြီးတောင်
မလွန်ဆန်နိုင်သော သင်္ခာရတရားကို မလွန်ဆန်နိုင်တော့လို
အားလုံးကိုချစ်ခင်စွာဖြင့်
နှုတ်ဆက်ခွဲခွာသွားရပါပြီ

အားလုံးရဲ့ချစ်ခင်အားပေးမှုနဲ့အတူ ကျမချစ်မြတ်နိုးရသော
အနုပညာပန်းခင်းကြီးမှာ
ပျော်ရွှင်အောင်မြင်စွာဖြတ်သန်း
နိုင်ခဲ့လို အားလုံးကိုကျေးဇူးတင်
ရပါတယ်
မြန်မာ့အကများရှင်သန်နေသ၍
ကျမရှင်သန်နေမှာပါ
မြန်မာအကအလှများကို
၀ိုင်း၀န်းထိန်းသိမ်းပေးကြပါ
မြေတောင်မြှောက်အားပေးကြပါ

အခုဘ၀မှာတွေ့ကြုံခဲ့ရပြီး
ကျမမှ အမှားများ ပြုခဲ့သည်ရှိသော်
စေတနာအမှားသာလျှင်ဖြစ်လို
ခွင့်လွှတ်နားလည်ပေးးစေလိုပါတယ်ရှင့်

ကျမရဲ့မိုးနတ်သူဇာဆိုတာ
*
အနုပညာယုံကြည်ချက်နဲ့🎶
ရှေ့ခရီးဆက်မဲ့မိုးနတ်သူဇာ🎶
အခက်အခဲဟူသမျှ🎶🎶🎶
ဖြတ်ကျော်နင်းကာ🎶🎶🎶
အောင်မြင်မှုပန်းတိုင်🎶🎶
အရောက်လှမ်းနိုင်ပြီတခါ🎶
မိုးနတ်သူဇာသည်🎶🎶🎶
ပြည်သူ့ကဗျာ🎶🎶🎶
မိုးနတ်သူဇာသည်🎶🎶🎶
ပြည်သူ့ရင်မှာ🎶🎶🎶
ထာ၀ရမခွဲဘဲအမြဲအတူရှိနေမှာ
🎶🎶🎶🎶
*
အားလုံးရဲ့ရင်ထဲမှာ
ထာ၀ရရှိနေပါစေလို
ဆုတောင်းခဲ့ပါတယ်

အားလုံးကိုချစ်တဲ့
မြသက်မော်@ သီတာ၀င်း
မိုးနတ်သူဇာ
၁၉၅၆ ~၂၀၂၁ “လိုရေးသားခဲ့ပါတယ်။

 

 

Zaw Gyi



“ ကျမကချစ်ရသော
ကျမကိုချစ်ကြသော
အနုပညာညီအကို
မောင်နှမများ

ရပါတယ်
ကျမရှင်သန်နေမှာပါ
မြန်မာအကအလှများကို


*
အခက်အခဲဟူသမျှ🎶🎶🎶
ဖြတ်ကျော်နင်းကာ🎶🎶🎶
မိုးနတ်သူဇာသည်🎶🎶🎶
ပြည်သူ့ကဗျာ🎶🎶🎶
မိုးနတ်သူဇာသည်🎶🎶🎶
ပြည်သူ့ရင်မှာ🎶🎶🎶
🎶🎶🎶🎶
*
အားလုံးရဲ့ရင်ထဲမှာ
ထာဝရရှိနေပါစေလို
ဆုတောင်းခဲ့ပါတယ်

အားလုံးကိုချစ်တဲ့
မြသက်မော်@ သီတာဝင်း
မိုးနတ်သူဇာ


LEAVE A REPLY

Please enter your comment!
Please enter your name here