ခေတ်ကာလအခြေအနေကြောင့် လက်ထပ်ပွဲမလုပ်ဖြစ်တော့တဲ့ နိုင်းဝမ်း

0
161

Unicode

“ နင်သာရှိရင် ”သီချင်းလေးနဲ့ ပရိသတ်တချိုရဲ့ အားပေးမှုကို ရရှိလာတဲ့သူကတော့ အဆိုတော်နိုင်းဝမ်းပဲဖြစ်ပါတယ်။

လတ်တလော မှာတော့ မေလ ၉ရက်နေ့မှာ ကျင်းပမယ့် သူ့ရဲ့ မင်္ဂလာပွဲလေး ခေတ်ကာလ အခြေအနေတွေကြောင့် မလုပ်ဖြစ်တော့တဲ့ အကြောင်းကို သူ့ရဲ့ ဖေ့ဘုတ်စ်မှာ အခုလိုပဲ ရေးသားထားပါတယ်။

“ အမျိုးသားနေ့မှာ မင်္ဂလာ လက်မှတ်ထိုးခဲ့ပြီးဖြစ်လို ဒီကနေ့ 9th May မှာ မင်္ဂလာဧည့်ခံပွဲ ကျင်းပကြမယ်ဆိုပြီးစီစဉ်ထားခဲ့တာ…
အခုတော့ ခေတ်ကာလ အခြေအနေတွေကြောင့် ဘာပွဲမှလုပ်ချင်စိတ် မရှိတော့လိုအိပ်မက်တွေလဲပျက်ဆီးကုန်တယ်😔
ငါမိန်းမယူတော့မှပဲ ကပ်တွေမျိုးစုံ ဆိုက်နေလိုက်😓😓😓 “ဆိုပြီး သူ့ရဲ့မင်္ဂလာပွဲလေး မလုပ်ဖြစ်တော့တဲ့ အကြောင်းကို ရေးသား ထားတာပဲဖြစ်ပါတယ်။

အဆိုတော်နိုင်းဝမ်းက အမျိုးသားနေ့မှာ မင်္ဂလာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး မေလ၉ရက်နေ့မှ လက်ထပ်ဖို စီစဉ်ထားတာပဲဖြစ်ပါတယ်။

Zaw Gyi







LEAVE A REPLY

Please enter your comment!
Please enter your name here