Miss Universe Myanmar 2020 သူဇာ၀င့်လွင် ၀တ်ဆင်မည့် ပစ်တိုင်းထောင် ၀တ်စုံအကြောင်း

0
497

Miss Universe ပြိုင်ပွဲကြီးတွင်မြန်မာ ကိုယ်စားပြုအဖြစ် ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ သူဇာဝင့်လွင် ဝတ်ဆင်မယ့် ဝတ်စုံ ခရီးဆောင် အိတ်ဟာ ဟာ မေလ ၁၀ရက်နေ့က LAလေဆိပ်မှာ အမေရိကန်လေကြောင်းလိုင်းရဲ့ မှားယွင်းမှုကြောင့် ကျန်ရှိနေခဲ့ပါတယ်။

သူဇာဝင့်လွင် ပြိုင်ပွဲတွင် မူလဝတ်ဆင်မယ့် ဝတ်စုံက ပစ်တိုင်းထောင် ဝတ်စုံပဲဖြစ်ပါတယ်။” ပစ်လိုက်တိုင်းထောင် ပစ်တိုင်းထောင် “ ဝတ်စုံရဲ့ အဓိပ္ပာယ်ကို Miss Universe Myanmar ဖေ့ဘုတ်စ်ပေ့ချ်မှာ အခုလိုပဲရေးသားဖော်ပြထားပါတယ်။

“ ပြိုင်ပွဲဝင် ဝတ်ဆင်ထားသောဝတ်စုံမှာ သူငယ်တော် အက ကရာတွင် ဝတ်ဆင်သော ဝတ်စုံဖြစ်ပါသည်၊၊ ရွှေလက်ကောက်၊ ရွှေခြေကျင်း၊ ရွှေဒင်္ဂါး ဆွဲကြိုး နှင့်ကရဝိတ် ခြေနင်းတော် တိုကို ဝတ်ဆင်ထားပြီး ဆံပင်ကို ဆံရစ်ဝိုင်း ဆံနှစ်ခွ စည်းထားခြင်းဖြစ်ပါသည်၊၊ ယခုနှစ် အတွက်အမျိုးသား ဝတ်စုံအား ယခင်နှစ်များကဲ့သို မြန်မာမူ၊ မြန်မာ့ဟန်၊ မြန်မာ့ကိုယ်ပိုင်အငွေ့အသက်များပါဝင်သည့် ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများထဲမှ ပစ်တိုင်းထောင် အား အထူးတင်ဆက်ပြသထားခြင်းဖြစ်ပါသည်။
ပစ်တိုင်းထောင်ရုပ်ကို စက္ကူဖြင့် အခြေခံကာ ပြုလုပ်ထားခြင်းဖြစ်ပြီး လုံးဝန်းသည့် ကိုယ်ထည်အခြေပိုင်းအား ပိုမိုကြီးမားစေပြီး မျက်နှာပြင် ကို ဖို မ ခွဲ ခြားပြီး ရေးဆွဲလေ့ရှိကြပါသည။

ပစ်တိုင်းထောင်အရုပ်၏ ထူးခြားချက်မှာ မည်သည့် အခြေအနေမျိုးတွင်မဆို အမြဲ ထောင်မတ်နေသည်ကိုဖော်ညွှန်းလိုခြင်းဖြစ်ပြီး အခက် အခဲနှင့် ရင်ဆိုင်ရသော်လည်း ချက်ချင်းပြန်လည် ရုန်းထနိုင်ရမည် ဆိုသော စိတ်ဓာတ်ကြံ့ခိုင်မှု ခွန်အားပေးသည့် အဓိပ္ပာယ်ကို ဖော်ဆောင်သောကြောင့် ယခုနှစ် Miss Universe Myanmar ၏ အမျိုးသားဝတ်စုံအဖြစ် ဂုဏ်ယူစွာ ဖော်ပြဖန်တီးတင်ဆက် ထားခြင်းဖြစ်ပါသည်။”လို ရေးသားဖော်ပြထားပါတယ်။

Zaw Gyi

Miss Universe ၿပိဳင္ပြဲႀကီးတြင္ျမန္မာကိုယ္စားျပဳအျဖစ္ဝင္ေရာက္ယွဥ္ၿပိဳင္ေနတဲ့ သူဇာဝင့္လြင္ဝတ္ဆင္မယ့္ ဝတ္စုံ ခရီးေဆာင္အိတ္ဟာ ဟာ ေမလ၁၀ရက္ေန႔က LAေလဆိပ္မွာ အေမရိကန္ေလေၾကာင္းလိုင္းရဲ႕ မွားယြင္းမႈေၾကာင့္ က်န္ရွိေနခဲ့ပါတယ္။

သူဇာဝင့္လြင္ ၿပိဳင္ပြဲတြင္ မူလဝတ္ဆင္မယ့္ ဝတ္စုံက ပစ္တိုင္းေထာင္ ဝတ္စုံပဲျဖစ္ပါတယ္။” ပစ္လိုက္တိုင္းေထာင္ ပစ္တိုင္းေထာင္ “ ဝတ္စုံရဲ႕ အဓိပၸာယ္ကို Miss Universe Myanmar ေဖ့ဘုတ္စ္ေပ့ခ်္မွာ အခုလိုပဲေရးသားေဖာ္ျပထားပါတယ္။

“ ၿပိဳင္ပြဲဝင္ ဝတ္ဆင္ထားေသာဝတ္စုံမွာ သူငယ္ေတာ္ အက ကရာတြင္ ဝတ္ဆင္ေသာ ဝတ္စုံျဖစ္ပါသည္၊၊ ေ႐ႊလက္ေကာက္၊ ေ႐ႊေျ ခက်င္း၊ ေ႐ႊဒဂၤါး ဆြဲႀကိဳး ႏွင့္ကရဝိတ္ ေျခနင္းေတာ္ တိုကို ဝတ္ဆင္ထားၿပီး ဆံပင္ကို ဆံရစ္ဝိုင္း ဆံႏွစ္ခြ စည္း ထားျခင္းျဖစ္ပါသည္၊၊ ယခုႏွစ္အတြက္အမ်ိဳးသား ဝတ္စုံအား ယခင္ႏွစ္မ်ားကဲ့သို ျမန္မာမူ၊ ျမန္မာ့ဟန္၊ ျမန္မာ့ကိုယ္ပိုင္အေငြ႕ အသက္မ်ား ပါဝင္သည့္ ႐ိုးရာယဥ္ေက်းမႈဓေလ့ထုံးစံမ်ားထဲမွ ပစ္တိုင္းေထာင္ အား အထူးတင္ဆက္ျပသထားျခင္းျဖစ္ပါသည္။

ပစ္တိုင္းေထာင္႐ုပ္ကို စကၠဴျဖင့္ အေျခခံကာျပဳလုပ္ထားျခင္းျဖစ္ၿပီး လုံးဝန္းသည့္ကိုယ္ထည္အေျခပိုင္းအား ပိုမိုႀကီးမားေစၿပီး မ်က္ႏွာျပင္ကို ဖို မ ခြဲ ျခားၿပီး ေရးဆြဲေလ့ရွိၾကပါသည။

ပစ္တိုင္းေထာင္အ႐ုပ္၏ ထူးျခားခ်က္မွာ မည္သည့္အေျခအေနမ်ိဳးတြင္မဆို အၿမဲ ေထာင္မတ္ေနသည္ကိုေဖာ္ၫႊန္းလိုျခင္းျဖစ္ၿပီး အခက္အခဲႏွင့္ ရင္ဆိုင္ရေသာ္လည္း ခ်က္ခ်င္းျပန္လည္ ႐ုန္းထႏိုင္ရမည္ဆိုေသာ စိတ္ဓာတ္ႀကံ့ခိုင္မႈခြန္အားေပးသည့္အဓိပၸာယ္ကို ေဖာ္ေဆာင္ေသာေၾကာင့္ ယခုႏွစ္ Miss Universe Myanmar ၏ အမ်ိဳးသားဝတ္စုံအျဖစ္ ဂုဏ္ယူစြာ ေဖာ္ျပဖန္တီးတင္ဆက္ ထားျခင္းျဖစ္ပါသည္။”လို ေရးသားေဖာ္ျပထားပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here